စောဖားဒေး (မွေးသက္ကရာဇ် ၁၉၄၅ခုနှစ်) – KNU တိုက်စစ်မှုးတစ်ယောက်၏ ရုပ်ပုံ

by Georg Winterberger
Translation by Nang Lao Kham

English version of the article

မိတ်ဆက်

စောဖား‌ဒေးသည် ဤလှုပ်ရှားမှုတွင် အာရုံစိုက်ခံရခြင်းသည် သူ၏ကျော်ကြားမှု သို့မဟုတ် အ‌ရေးပါသောလူပုဂ္ဂိုလ် ဖြစ်ခြင်းကြောင့် မဟုတ်ဘဲ  ၁၉၇၀ခုနှစ် မှ ၁၉၉၀ခုနှစ် အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ၏ တိုက်စစ်မှူးတစ်ဉီးဖြစ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ KNU (ကရင်အမျိုးသားအစည်းအရုံး) သည်မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးတိုင်းရင်းသားလူမျိုးစုဖြစ်သောကရင်လူမျိုးများ၏ နိုင်ငံရေးအဖွဲ့အစည်း (များ) ထဲမှတစ်ခုဖြစ်သည်။ လူဦးရေအချိုးအစားမှာ ၂.၅ မှ ၇ သန်းအထိ များပြားပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအောက်ပိုင်းရှိ ဒေသများတွင်နေထိုင်ပြီး အုပ်စုခွဲ (၂၀) ကျော်ခန့်ရှိပါသည်။  မိခင်ဘာသာစကားကို စကော နှင့် ပိုး ကရင်ဘာသာစကားများအဖြစ်ခွဲခြားထား ပြီး ယခင်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်နေထိုင်ခဲ့သည်။ ‌နောက်ပိုင်းတွင် ထိုင်းနယ်စပ်နှင့်နီးစပ်သော မြန်မာနိုင်ငံအရှေ့ဘက်ပိုင်းတွင်နေထိုင်ကြသည်။ အများစုမှာဗုဒ္ဓဘာသာဝင်များဖြစ်သည်။ သို့သော်လည်း  ၎င်း‌တို့၏နိုင်ငံရေး ဦးတည်ချက်သည် ခရစ်ယာန်အထက်တန်းလွှာဦးဆောင်သော KNU၏ (အတိုင်းအတာတစ်ခုအထိ ယနေ့တိုင်) လွှမ်းမိုးမှုရှိသောကြောင့် ကရင်လူမျိုးများသည် ခရစ်ယာန်များဖြစ်သည်ဟု အများအားဖြင့်ရှုမြင်လေ့ရှိသည်။  (Gravers 2014: 175)

စောဖားဒေးသည် ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်၊ ထူးချွန်သောတိုက်စစ်မှုုး တစ်‌ယောက် မဟုတ်ခဲ့သော်လည်း ကရင်အဖွဲ့များထဲမှ အဖွဲ့တစ်ဖွဲ့၏ ကရင်ခေါင်းဆောင်တစ်‌ယောက်ဖြစ်သည်။ သို့‌သော် ၎င်း‌၏ရိုးရှင်းလှစွာ‌သော အသက်မွေးဝမ်းကျောင်းမှုသည် ကျွနှ်ပ်၏စိတ်၀င်စားမှုကို ဆွဲဆောင်ထားပါသည်။  လူသိမများတဲ့ လူတစ်ယောက်ရဲ့ ဓါတ်ပုံတစ်ပုံလောက် ကျွန်တော်ထုတ်ပြချင်ပါတယ်။ ထိုအရာက စောဖား‌ဒေးကဲ့သို့ သမားရိုးကျမဟုတ်သည့်အသက်မွေးဝမ်းကျောင်းမှုတစ်ခုကို ပုံဖော်လိုသူများအတွက် ထိုးထွင်းသိမြင်မှုနဲ့နားလည်မှုကိုပေးနိုင်လိမ့်မယ်ဟု မျှော်လင့်ပါသည်။ သူ့လိုလူများမရှိလျှင် မည်သူမှ „အ‌ရေးပါသည်“ဟု ဆိုသော သူများ၏အကြောင်း အတ္ထုပ္ပတ္တိရေးရန် စိတ်ဝင်စားမည်မဟုတ်ပါ။

မြန်မာနိုင်ငံရှိ မွန်ပြည်နယ်၏မြို့တော်ဖြစ်သော မော်လမြိုင်မြို့တွင် ကျွန်ုပ်ကာလအတော်ကြာအောင် ကွင်းဆင်းသုတေသနပြုလုပ်နေချိန်တွင် ကျွန်ုပ်၏အဓိကသတင်းပေးသူတစ်ဦးထံမှ သူ၏ အကြောင်းကို ပထမဆုံးအကြိမ်ကြားခဲ့ခြင်းဖြစ်သည်။ (Winterberger 2017: 10-12) စောဖား‌ဒေးသည် ထိုသူ၏ဦးလေးဖြစ်သည်။  အစပိုင်းတွင် သူသည် ကျွနှ်ပ်နှင့်မသက်ဆိုင်ခဲ့ပါ အဘယ်‌‌‌‌‌‌‌ကြောင့်ဆိုသော်ကျွနှ်ပ်၏သုတေသနပြုခြင်းတွင် ကရင်ဒေသတွင်းတွင်သာမက KNU တိုက်စစ်မှူးများ၏အတ္ထုပ္ပတ္တိများလည်းမပါ၀င်ခဲ့ပါ။  သို့‌သော် ဤအတ္ထုပ္ပတ္တိစီမံကိန်းကို ပြုလုပ်သောအခါ ကျွနှ်ပ်၏အဆက်အသွယ်များကို ပြန်လည်ဆက်သွယ်ခဲ့ရသည်။  ကျွနှ်ပ်၏အဆက်အသွယ်များက အကူအညီပေးသည့်အပြင် သူ၏ဉီး‌လေးအကြောင်းကို ပြောပြရန် အလွန်စိတ်အားထက်သန်ခဲ့သည်။  သူ့ ဦးလေးဖြစ်သူမှ ၎င်း‌၏အကြောင်းအရာများကို မျှဝေလိုစိတ်ရှိမရှိကို သိရှိရန် သူ့ ဦးလေးကိုမော်လမြိုင်သို့ခေါ်‌ဆောင်လာခဲ့သည်။ လွယ်တော့မလွယ်ကူခဲ့ပေ အဘယ့်ကြောင့်ဆိုသော်စောဖား‌ဒေးသည် ထိုမြို့သို့ မရောက်ရှိ‌‌တော့သည်မှာ ၄၃နှစ်ခန့်ရှိပြီဖြစ်သည်။  စောဖား‌ဒေး၏ တူဖြစ်သူမှ သူ၏ကွယ်လွန်သွားဖြစ်သောမိခင်၏ နှစ်ပါတ်လည်ကိုအကြောင်းပြချက်‌ပေးကာ ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ စောဖား‌ဒေး မော်လမြိုင်မြို့သို့ရောက်ရှိ‌သောအခါ မည်သည့်အခမ်းအနားမှ မတွေ့ရသည့်အတွက် မြို့မှချက်ခြင်းပြန်လည်ထွက်ခွာလိုခဲ့သည်။  ၂ရက်ကြာပြီး‌နောက် သူ၏ချစ်လှစွာ‌သော ရွာလေးဆီသို့ ပြန်လာခဲ့သည်။  ထိုဖိတ်ကြားချက်သည်ကျွန်ုပ်၏ အဓိကသတင်းပေးသူအတွက် စမ်းသပ်မှုတစ်ခုသာဖြစ်ခဲ့သည်။ ကျွန်ုပ်နှင့် အင်တာဗျူးပြုလုပ်ရန် သူ၏ဦးလေး မော်လမြိုင်သို့လာမည်လား။ မလာမှာ ကျိန်း‌သေပါတယ်။

ထိုအချိန်က ကျွန်ုပ်စောဖား‌ဒေးကိုဆုံတွေ့နိုင်ခဲ့ခြင်းမရှိ‌သော်လည်း ထိုအရာသည် ကျွန်ုပ်အတွက်ရော စီမံကိန်းအတွက်ပါ ကောင်းသောအရာဖြစ်ခဲ့ပါသည်။  ကျွန်ုပ်သူ၏ရွာတွင် သူ၏နေ့စဥ်ဘ၀နှင့် နေ့စဥ်လုပ်ဆောင်ချက်များကိုပါ အင်တာဗျူးခွင့်ရခဲ့သည်။  မည်သို့ပင်ဆိုစေ ထီးဖာထော ရွာသို့ သွားရောက်ရသည့်ခရီးမှာ အားစိုက်ရပြီး ခက်ခဲပါသည်။  ကျွနှ်ပ်၏အဆက်အသွယ်မှ ကျွနှ်ပ်ကို KNU က ထိန်းချုပ်ထားဆဲဖြစ်သော ဒေသသို့ မော်တော်ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားသည်။ စစ်ဆေးရေးဂိတ်များကို ရှောင်ရှားရန် ကျွန်ုပ်တို့အနေဖြင့် အနန်းကွင်းကျေးရွာနှင့်၎င်း၏(တရား၀င်မဟုတ်သော) နယ်နိမိတ်အပြင် တပ်မတော်ထိန်းချုပ်နယ်မြေနှင့် KNUထိန်းချုပ်နယ်မြေတို့အကြား ကျော်လွှားခဲ့ရသည်။  လမ်းကြောင်းသည် မိုးရာသီမှစ၍ ယခုတိုင်ရွှံ့ထူနေဆဲဖြစ်သော်လည်း KNU ထိန်းချုပ်နယ်မြေထဲသို့ဝင်ရောက်ပြီးနောက် ထီးဖားထောကျေးရွာသို့ ကျွန်ုပ်တို့သွားရမည့်“လမ်း” နှင့်ယှဉ်လျှင်ကောင်းသောအခြေအနေတွင်ရှိသည်။ စောဖာဖာဒေး၏ဘဝတွင် အ‌ရေးပါသောနေရာများဖြစ်သည့် ၀င်းခန နှင့် သံဘယာ ကျေးရွာများသို့ ကျွန်ုပ်အားလမ်းပြပို့ဆောင်ပေးသည့်အတွက် ကျွန်ုပ်၏လမ်းညွှန်နှင့် သတင်းပေးသူအား ကျေးဇူးတင်မိသည်။ ထို့အပြင် KNU လက်အောက်ခံခေါင်းဆောင်ဟောင်းနှင့် စောဖား‌ဒေး၏ သူငယ်ချင်းဖြစ်သူဒေါ်လဲ၏ မိသားစုနှင့်လည်း တွေ့ဆုံခွင့်ရခဲ့သည်။

စောဖား‌ဒေးမှ ၎င်း‌၏ကိုယ်ပိုင်သမိုင်းကြောင်းကို အသုံးပြုခွင့်ပေးသောကြောင့် ကျွန်ုပ်အနေဖြင့် နှုတ်ဖြင့်သာ သမိုင်းအင်တာဗျူးလုပ်ရန် ဆုံးဖြတ်ခဲ့သည်။  နှုတ်ဖြင့်ပြောသောသမိုင်းကြောင်းသည် မေးမြန်းခံရသူသည် မိမိကိုယ်ကိုနှင့် ၎င်း‌တို့၏သမိုင်းကို ရှင်းရှင်းလင်းလင်း‌ဖော်ထုပ်ပြောဆိုနိုင်သောကြောင့် သမိုင်းလေ့လာမှုဆိုင်ရာ ဒီမိုကရေစီ (Perks and Thomson 1998: 360) နှင့်အတိတ်အကြောင်းတို့ကို ပိုမိုပြောပြနိုင်စွမ်းရှိပါသည်။  သို့သော်လည်း ကျွန်ုပ်တို့သည်မှတ်ဥာဏ်များသည် တည်ငြိမ်သည့်အရင်းအမြစ်တစ်ခုမဟုတ်ကြောင်းသတိပြုရန်လိုသည်။ နှုတ်သမိုင်းလေ့လာသူသည် ဘက်လိုက်မှုမရှိသည့် သမိုင်းတင်ဆက်မှု ဖြစ်ရန်သတိထားရပါမည်။ ပစ္စုပ္ပန်အယူအဆများရှိ စွဲမြဲနေသော ခံစားချက်များ နှင့် အင်တာဗျူးဖြေဆိုသူ၏အခြေအနေတို့ကိုလည်း သတိထားရပါမည်။ စောဖား‌ဒေး နှင့်ကျွန်ုပ်တွေ့ဆုံစဉ် သူ၏‌နောက်ကြောင်းအနည်းငယ်ကို သူ၏တူဖြစ်သူထံမှ သိရှိပြီးဖြစ်သည်။ ကျွန်ုပ်တို့ နေ့စဥ်စကားစမြည်ပြောဆိုခြင်းဖြင့် စတင်ပြီး သူ၏ဘ၀အကြောင်းမေးသောမေးခွန်းများကြောင့် စိတ်ဖိစီးမှုမဖြစ်စေရန် အချိန်ယူရပါသည်။ ကျွန်တော့်လမ်းညွှန်၏ ပြောပြချက်အရ စောဖာဒေးနေထိုင်သည့် လူ့အဖွဲ့အစည်းတွင် ဤကဲ့သို့ မေးမြန်းမှုမျိုးသည် ဖြစ်‌တောင့်ဖြစ်ခဲကြောင်း သိရသည်။  တူဖြစ်သူကိုယ်တိုင်လည်း ကျွနှ်ပ်၏အင်တာဗျူးမတိုင်ခင် ဦးလေးဖြစ်သူ၏ဘ၀သမိုင်းကို စေ့စေ့စပ်စပ်မသိခဲ့ပါ။  တူဖြစ်သူသည် ကျွနှ်ပ်၏ဘာသာပြန်အဖြစ် ကူညီပေးခဲ့ပါသည်။  အင်တာဗျူးကို ကရင်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ပြန်ဆိုခဲ့သည်။  ပါးစပ်သမိုင်းပညာရှင် (Morrissey 1998; Slim and Thompson 1998) ၏အကြံပြုချက်အရ စောဖား‌ဒေးအားအင်တာဗျူးရာတွင် အချိန်အလုံအလောက်ပေးနိုင်ရန် ကျွန်ုပ်ကြိုးစားခဲ့ပါသည်။  ကရင်လူမျိုးတို့၏ သမိုင်းတွင် ၎င်း‌၏အမြင်ကို ပိုမိုသိရှိ‌ဖော်ထုတ်နိုင်ရန်အတွက် ၎င်း‌၏ကိုယ်ပိုင်အတွေးအခေါ်များကို လိုချင်ခဲ့သည်။  နောက်ပိုင်းတွင် ထိုအကြောင်းအရာများကို နှစ်အလိုက်စီ၍ ‌ရေးသားခဲ့ပါသည်။  စောဖား‌ဒေး၏ ပုဂ္ဂိုလ်ရေးသမိုင်းကိုမတင်ပြမီ ၎င်း‌၏နောက်ခံဖြစ်သော  မြန်မာနိုင်ငံရှိကရင်လူမျိုးများ၏အကြောင်း နှင့် ၎င်းတို့၏သမိုင်းကို တင်ပြပါမည်။

ကရင်လူမျိုး

ကရင်နှင့်မြန်မာစစ်တပ်အကြား ဖြစ်သော ပြည်တွင်းစစ်ကို အကြာရှည်ဆုံးစစ်ပွဲသို့မဟုတ် ကမ္ဘာ့အကြာရှည်ဆုံးပြည်တွင်းစစ်အဖြစ် မကြာခဏဖော်ပြခံရလေ့ရှိသည် (Gravers 2014: 173) ဤပဋိပက္ခ၏အကြောင်းရင်းခံသည် ကိုလိုနီခေတ်မှစတင်ခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်မြန်မာစစ်တပ်အကြားပြည်တွင်းစစ်သည် ဗြိတိသျှလက်အောက်မှလွတ်လပ်ရေးရရှိပြီးနောက် တစ်နှစ်အကြာ ၁၉၄၉ ခုနှစ်ဇန်နဝါရီလတွင်စတင်ဖြစ်ပွားခဲ့သည်။ ခေတ်သစ်စကားလုံးတွင် ကရင်ပြည်နယ် ဟူ၍ တစ်ခါမျှမရှိခဲ့သော်လည်း ကိုလိုနီခေတ်ကာလအတွင်း ကရင်လူမျိုးတို့၏ဝိသေသလက္ခဏာဆိုင်ရာ သဘောထားသည် ပြင်းထန်စွာပေါ်ထွက်လာခဲ့သည်။ ထို့အတွက် စောဖိုးဒေး၏ဘဝကိုခိုင်မာစွာပုံသွင်းထားသည့်ဟုဆိုနိုင်သော ဆန့်ကျင်ဘက်အကြောင်းပြချက် ၂ခုကို ဖော်ထုတ်နိုင်သည်။ ထိုအရာတို့မှာ မြန်မာနှင့်ကရင်အကြားရှိ နိုင်ငံရေးတင်းမာမှုများနှင့်  ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ကရင်တို့အကြားရှိဘာသာရေးကွဲပြားမှုတို့ဖြစ်ကြသည်။ အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြုများသည် ၎င်း‌တို့၏အောင်မြင်သောသာသနာပြုလုပ်ငန်းများကို ၁၈၁၃ခုနှစ်မြန်မာနိုင်ငံသို့ ပပထမဆုံးနှင့် ယနေ့တိုင်အောင်အလွန်ကျော်ကြားသော သာသနာပြု Adoniram Judsonလာရောက်ပြီးနောက်တွင် ပထမအင်္ဂလိပ် – မြန်မာစစ်ပွဲ (၁၈၂၄-၁၈၂၆)အပြီးနှစ်အနည်းငယ်အကြာတွင်စတင်ခဲ့သည်။  မြန်မာဗုဒ္ဓဘာသာ၀င်များအဖြစ်မှပြောင်းလဲရန် သူ၏ကြိုးပမ်းမှုများသည် ဘာသာပြောင်းဝင်လာသူအရေအတွက်အရ ထိရောက်မှုမရှိပါ။ နတ်ကိုးကွယ်သောကရင်များကြား ခရစ်ယာန်သာသနာပြုလုပ်ငန်းကို ကျမ်းစာများအားဘာသာပြန်၍ စာဖြင့်ရေးသားပေးခြင်းဖြင့် လုပ်‌‌ဆောင်ခဲ့သည်။ တိုင်းရင်းသားအုပ်စုဖြစ်ရခြင်း၏အဓိပ္ပာယ်ကို သာသနာပြုသူများက သိရှိ‌စေခဲ့သည်။  ၁၈၈၁ခုနှစ်တွင် ခရစ်ယာန်ကရင်အမျိုးသားအစည်းအရုံး (KNA) ကိုခရစ်ယာန်သာသနာပြုများ၏အကူအညီဖြင့်ဖွဲ့စည်းခဲ့သည်။ ၁၈၈၅ခုနှစ်တွင် တတိယအင်္ဂလိပ် – မြန်မာစစ်ပွဲအပြီး ဗမာတော်လှန်ရေးတွင်မြန်မာဘုရင်စနစ်အဆုံးသတ်သွားခြင်းနှင့် ဗမာပြည်တစ်ခုလုံးကိုဗြိတိသျှအင်ပါယာသို့ပေါင်းစည်းစေခြင်းအားဖြင့် ခရစ်ယာန်ကရင်များသည် ဗြိတိသျှတပ်များအားထောက်ပံ့ရန် ဗမာဗုဒ္ဓဘာသာသူပုန်များကိုတိုက်ခိုက်ခြင်းဖြင့် အားတက်သရောကူညီပေးနေသည်ဟုသတင်းများရရှိခဲ့သည်။ ၁၉၂၉ခုနှစ်တွင် ကရင်ခေါင်းဆောင်တစ်ဦး ရေးသားခဲ့သည့် စာအုပ်တစ်အုပ်တွင် ဗမာနှင့်ကရင်တို့၏ ယဉ်ကျေးမှုကွဲပြားခြားနားမှုများကြောင့် အတူတကွအုပ်ချုပ်၍မရနိုင်ဟု ဖော်ပြထားသည် (San C. Po 2001) စာအုပ်တွင်ထည့်သွင်းထားသည့် အတွေးအခေါ်များသည် ဗြိတိသျှအပေါ်သစ္စာစောင့်သိမှုအတွက် ဆုတစ်ခုအဖြစ် ကရင်တို့အတွက် သီးခြားပြည်နယ်တစ်ခုတောင်းဆိုမှု၏အစအဖြစ် ထင်မှတ်နိုင်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ကရင်စစ်သည်များသည် ဗြိတိသျှစစ်တပ်တွင် အမှုထမ်းခဲ့ပြီး အောင်ဆန်း၏ ဦးဆောင်မှုအောက်ရှိ ဂျပန်တို့နှင့်မဟာမိတ်များဖြစ်သော ဗမာလွတ်လပ်သောတပ်မတော် (BIA) ကိုတိုက်ခိုက်ခဲ့သည်။ ၁၉၄၂ခုနှစ်တွင် မြစ်ဝကျွန်းပေါ်ဒေသရှိ BIA နှင့်ကရင်လူမျိုးများအကြားအကြမ်းဖက်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်သည် ခရစ်ယာန်နှင့်ဗုဒ္ဓဘာသာဝင်များဖြစ်သော ကရင်လူမျိုးတို့၏ လူမှုရေးမှတ်ဉာဏ်၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။  (Gravers 2007; 2014: 180-182)

၁၉၄၇ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို KNA မှဖွဲ့စည်းခဲ့သည်။ ခေါင်းဆောင်ပိုင်းတွင် ချမ်းသာသောကရင်ခရစ်ယာန်ဘာသာ၀င်များပါဝင်သည်။ KNU သည် ကရင်လူမျိုးအများစုနေထိုင်သည့် ဒေသအားလုံးပါဝင်သော ပြည်နယ်တစ်ခုကိုတောင်းဆိုခဲ့သည်။ KNLA ၏ခေါင်းဆောင်ပိုင်းတွင် ခရစ်ယာန်အများစုဖြစ်သော်လည်း အောက်ခြေတွင် အများစုမှာဗုဒ္ဓဘာသာကရင်များ ဖြစ်သည်။ ထိုအရာသည် တင်းမာမှုများကိုဖြစ်စေသည်။  ဗုဒ္ဓဘာသာကရင်လူမျိုးများက ၎င်းတို့ကိုခရစ်ယာန်ခေါင်းဆောင်များက အမြတ်ထုတ်သည်ဟု ခံစားခဲ့ရတယ်။ ရလဒ်အနေဖြင့် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) ကို ၁၉၉၄ ခုနှစ်တွင် ကရင်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးသုဇန၏လက်အောက်တွင် ဖွဲ့စည်းခဲ့သည်။ အကျိုးဆက်ကတော့ KNU ၏ဌာနချုပ်နှင့်ထိုင်းနယ်စပ်တွင်တည်ရှိသောအခြားအတိုက်အခံအုပ်စုများသည်  မြန်မာနိုင်ငံအား ၁၉၈၈ နောက်ပိုင်းတွင်အုပ်ချုပ်ခဲ့သောစစ်အစိုးရလက်‌အောက်သို့ ၁၉၉၅ ခုနှစ်အစောပိုင်းတွင် ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ကရင်လူမျိုးများသည် တစ်ခုတည်းအဖြစ်စည်းလုံးညီညွတ်သည်ဟု ပြောဖို့ရာခက်ခဲပါသည်။  ကျွန်ုပ်တို့အနေဖြင့် ကရင်လူမျိုးအုပ်စုအမျိုးမျိုးကို အကျိုးစီးပွားနှင့် အဖွဲ့အစည်းစသည့်အရာများဖြင့် ခွဲခြားရန်လိုအပ်ပါသည်။ ဥပမာ ဒုက္ခသည်များ၊ အခြားနိုင်ငံတွင်အခြေချသွားသောကရင်လူမျိုးများ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသည့်ကရင်လူမျိုးများနှင့်“ အခြား” ကရင်လူမျိုးအမြောက်အမြား Thawnghmung(၂၀၁၃)  မှခေါ်တွင်သည့်အတိုင်း။ ၎င်းတို့သည် မကြာခဏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲ၀င်နေကြသည့်ကရင်များနှင့် မြန်မာစစ်တပ်နှင့်ဖြစ်ပွားသောတိုက်ပွဲများကြောင့် ဆင်းရဲဒုက္ခခံခဲ့ရသူများဖြစ်သည်။ ဤနေရာတွင် ပြန်ပြောသည့်ပုံပြင် အများစုတွင် စောဖား‌ဒေးအကြောင်းမပါ၀င်ပါ။ သူသည် နိုင်ငံ၏အရှေ့ဘက် ထိုင်းနယ်စပ်အနီးတွင် နေထိုင်သောကရင်လူမျိုးများထဲမှတစ်‌‌ယောက်ဖြစ်ပြီး ကရင်လူမျိုးများနှင့်ဗမာလူမျိုးများအကြားရှိ ပဋိပက္ခများနှင့် ဗုဒ္ဓဘာသာ-ခရစ်ယာန်ဘာသာ စသည့် ခွဲခြားမှုများအတွင်း ဆွဲခေါ်ခြင်းခံခဲ့ရသူဖြစ်သည်။

စောဖား‌ဒေး

စောဖား‌ဒေး သည် မွန်ပြည်နယ်၏မြို့တော်ဖြစ်သော မော်လမြိုင်မြို့တွင် ကြီးပြင်းလာခဲ့သည်။  သူ၏မိဘများမှာ စကောကရင်လူမျိုးများဖြစ်သော ဉီးရွှေထွန်းနှင့် ဒေါ်ရွှေတို့ဖြစ်သည်။  သူ၏မိသားစုသည် ရံဖန်ရံခါ မော်လမြိုင်ကမ်းလွန်ဖြစ်သော ဘီလူးကျွန်းတွင်လည်း နေထိုင်ကြသည်။  ဘီလူးကျွန်းသည် ၎င်း‌၏မိခင်ဒေါ်ရွှေ၏ မွေးရပ်မြေဖြစ်ပါသည်။  ၎င်း‌၏ဖခင် ဉီးရွှေထွန်း၏ ဇာတိမှာ မော်လမြိုင်မြို့၏တောင်ဖက် ကရင်မြို့တစ်မြို့ဖြစ်သော ကြာအင်းဆိပ်ကြီးဖြစ်ပါသည်။ ဉီးရွှေထွန်းနှင့် ဒေါ်ရွှေတို့သည် ၎င်း‌တို့၏အိမ်နားရှိ မတူညီသည့် ‌ကျောင်းတွင်စာသင်ခဲ့ကြသည်။  ထိုကျောင်းများသည် ဦးရွှေထွန်းနှင့်ဒေါ်ရွှေတို့ကို မြန်မာနိုင်ငံ၏အကြီးဆုံးခရစ်ယာန်အသိုင်းအဝိုင်းဖြစ်သည့် နှစ်ခြင်းခရစ်ယာန်ဘာသာသို့ ပြောင်းလဲစေခဲ့ပါသည်။  ထိုကျောင်းအဖွဲ့အစည်းများသည် နောက်ပိုင်းတွင် လက်ထပ်ထိမ်းမြားခြင်းကိုပါစီစဥ်ပေးခဲ့သည်။  ထိုအရာများအားလုံးသည် ၁၉၄၀ခုနှစ်ပြည့်လွန်နှစ်များတွင် ဂျပန်များက မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်၌ဖြစ်ပျက်ခဲ့သည်။ စောဖား‌ဒေးတွင် ၁၉၅၀ ခုနှစ်အစောပိုင်းတွင် မွေးဖွားခဲ့သည့် မွေးချင်းအငယ် ၂ယောက်ရှိပါသည်။  သူ၏ ကျောင်းနေစဥ်ကာလများကို မပျော်မွေ့သည့် အချိန်များအဖြစ် အမှတ်ရနေခဲ့ပါသည်။  သူသည် ၅တန်းအထိကျောင်း‌‌နေခဲ့ရပြီး ၆တန်းစာမေးပွဲအောင်ရန် နှစ်အနည်းငယ်ကြိုးစားခဲ့ရသည်။  သူ၏ မိသားစုဖြစ်စေ ‌ကျောင်းဖြစ်စေ သူ့ကိုစိတ်လှုပ်ရှားမှုမ‌ပေးနိုင်ခဲ့ပါ။  သူအသက် ၁၄ နှစ်အရွယ်တွင်အိမ်မှထွက်သွားပြီး တောထဲ၌ကျင်လည်နေသောကရင်လူငယ်များနှင့်ပူးပေါင်းခဲ့သည်။ ဤအချိန်တွင်သူသည် KNU အဖွဲ့ဝင်များ၊ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။ ဒေါ်လီသည်လည်း၎င်းတို့ထဲမှတစ်ဦးဖြစ်သည်။

မြေပုံ

စောဖား‌ဒေး၏မှတ်ဉာဏ်ထဲတွင် သူကျောက်မျက်ကုန်သည်နှင့်စတင်သိကျွမ်းသည့်အချိန်၌အသက် ၂၆ နှစ်ခန့်သာရှိသေးသည်။  ထိုကုန်သည်သည် ကရင်လူမျိုးတစ်‌‌ယောက်ဖြစ်ပြီး နိုင်ငံ၏မြောက်ဖက်ပိုင်းရှိကျောက်မျက်ရတနာများပေါများသည့် ကချင်ပြည်နယ်နှင့် မော်လမြိုင်မြို့သို့ ကုန်သွယ်ခရီးသွားလာလေ့ရှိသူတစ်‌‌‌ယောက်ဖြစ်သည်။ ထိုကုန်သည်နှင့်တွေ့ဆုံပြီးမကြာမီ စောဖာဒေးသည် ထိုင်းနိုင်ငံသို့ တရားမ၀င်ကျောက်မျက်ရတနာရောင်းဝယ်မှုကိုလုပ်ကိုင်ခဲ့သည်။ သူသည်မော်လမြိုင်ရှိကုန်သည်ထံမှ ကျောက်မျက်ရတနာများကို ယူ၍ ကြာအင်းဆိပ်ကြီးသို့လှေဖြင့်သွားခဲ့သည်။ ကရင်ပြည်၏ထူထပ်သော တောအုပ်ကို ဖြတ်ရန် အချိန် ၂ရက်ကြာအောင်လမ်းလျောက်ရန် ရဲ့ရင့်သန်မာသော ခြေလှမ်းများလိုအပ်ပါသည်။  ထိုအချိန်များတွင် စောဖရဲဒေးသည် ၎င်း‌၏ဘိုးဘေးများ၏ကြမ်းတမ်းသောခရီးစဉ်များနှင့်ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့သည့်အချိန်များဖြစ်သည်။ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ ‌ရောက်ရှိရန် နောက်ထပ်သုံးနာရီကြာ‌‌အောင် လှေစီး၍ သွားရသည်။ ကရင်လူမျိုးများသည် မြန်မာပြည်နှင့်ထိုင်းနိုင်ငံနှစ်ခုလုံးတွင် နေထိုင်သောကြောင့် စောဖား‌ဒေးလိုကုန်သည်များသည် နယ်စပ်ကိုတရားမ၀င်အလွယ်တကူဖြတ်သန်းသွားလာနိုင်သည်။ အများအားဖြင့်သူ၏ ခရီးစဉ်သည်မဲဆောက်တွင်အဆုံးသတ်‌သော်လည်း တစ်ခေါက်တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာစာရွက်စာတမ်းများမရှိဘဲ ဘန်ကောက်မြို့သို့ပင်သွားရောက်ခဲ့သည်။ ပုံမှန်အားဖြင့် မဲဆောက်သို့ ရောက်သောအခါ သူသည်သယ်ဆောင်လာသည့် ပစ္စည်းများနှင့် ကျောက်မျက်ရတနာများကို ထိုင်းဘက်ခြမ်းရှိအခြားသယ်ဆောင်သူထံသို့လွှဲပြောင်းပေးရသည်။ အပြန်အလှန်အားဖြင့် စောဖား‌ဒေးသည် ထိုသယ်ဆောင်သူထံမှ ပိုက်ဆံလက်ခံရရှိပြီး မော်လမြိုင်မြို့ရှိ ကုန်သည်များထံပြန်ပို့ခဲ့ရသည်။ ထိုသို့ ပုံမှန်အလုပ်ပုံမှန်လည်ပါတ်ခဲ့ရပြီး အလုပ်လည်း‌ကောင်းခဲ့သည်။  သူသည် ထိုင်းနိုင်ငံသို့ ၃လမှ ၅လခြားတစ်ခါ ‌ကျောက်မျက်ရတနာများ သယ်ယူပို့ဆောင်ပေးရသည်။  ကျောက်မျက်ရတနာများသည်အလွန်အဖိုးတန်သောကြောင့် ထိုအလုပ်သည်အတော်လေးအကျိုးအမြတ်များသောအလုပ်ဖြစ်ခဲ့သည်။

သူ၏လုပ်ငန်းဒုတိယမြောက်နှစ်တွင် ထိုင်းဖက်မှသယ်ယူသူမှ စောဖား‌ဒေး လိမ်လည်ခဲ့သည်။ စောဖား‌ဒေးသည်မော်လမြိုင်မြို့မှ အလွန်အဖိုးထိုက်တန်‌သော ပတ္တမြားတစ်လုံးကိုသယ်ယူလာခဲ့သည်။  ထိုင်းဖက်မှသယ်ယူသူထံ ပတ္တမြားကိုလက်လွှဲပြီးချိန်တွင် ထိုသူမှာ ပိုက်ဆံမပေးဘဲ ‌ပျောက်ကွယ်သွားခဲ့သည်။  မော်လမြိုင်မြို့ရှိကရင်ကုန်သည်များထံပြန်ပေးရမည့် ပိုက်ဆံမရှိတော့‌ သောကြောင့် သူသည်ကြောက်လန့်ကာ အိမ်သို့ မပြန်ရဲတော့ပေ။  သူသည် ကရင်ပြည်နယ်၏ကုန်းတွင်းပိုင်း ကျေးရွာများတွင်နေထိုင်ခဲ့သည်။ ထိုအချိန်က နောက် ၄၃ နှစ်ကြာပြီးမှ မော်လမြိုင်သို့ပြန်လာရမည်ဖြစ်ကြောင်း သူ့အမေနှင့်ထပ်မံတွေ့ဆုံခြင်းမရှိ‌တော့ကြောင်းနှင့် သူ၏ဆုံးဖြတ်ချက်သည်မော်လမြိုင်ရှိမိသားစုတစ်စုလုံးအတွက်ဆိုးဝါးသောအကျိုးဆက်များရှိကြောင်းကို သူမသိရှိခဲ့ပဲ ‌နှစ်‌ပေါင်းများစွာကြာမှသာသိရှိခဲ့ရသည်။  သူ့အစ်ကိုသည်သာ အခါအား‌‌လျော်စွာ သူနေထိုင်သည့်နေရာသို့ လမ်းကြုံ၀င်ရောက်လည်ပါတ်လေ့ရှိ‌သော်လည်း သူ့မိသားစုခံစားခဲ့ရသည့် အကျိုးဆက်များကိုမပြောပြဖြစ်ခဲ့ပါ။

စောဖား‌ဒေးသည် ၀င်းခနကျေးရွာတွင်နေထိုင်ခဲ့ပြီး ငယ်စဥ်ကသိကျွမ်းခဲ့သော ဒေါ်လီ၏အဖွဲ့သို့၀င်ရောက်ခဲ့သည်။ ဒေါ်လီသည် KNU ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူသည် KNU ဒေသလေးခုအနက်တစ်ခုဖြစ်သည့် ၀င်းရွာမြို့နယ်ကိုထိန်းချုပ်သည်။ ၆. ထိုဒေသသည် တပ်မတော်ထိန်းချုပ်ဒေသမဟုတ်ဘဲ KNU ၏ထိန်းချုပ်ဒေသ (ယနေ့တိုင်) ဖြစ်သည်။ ၎င်းတို့၏ဒေသကို အဖွဲ့ငယ်လေးများ ၂၀မှ ၃၀အထိ ကင်းလှည့်ခဲ့ကြပြီး စောဖား‌ဒေးသည်ထိုအထဲမှ တစ်ဦးဖြစ်သည်။  ကျောင်းဆရာများရှားပါးလာသည့်နှင့်အမျှ သူသည်ကျေးရွာစာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းဆရာအဖြစ် ထမ်း‌‌ဆောင်ခဲ့သည်။ သူဒေါ်လီ၏အဖွဲ့၀င်တစ်ဦးအနေဖြင့် နေခဲ့ရသည့်အချိန်များသည် ကောင်းမွန်သည့်အမှတ်တရများဖြစ်ခဲ့သည်။ တောအုပ်ထဲတွင် လှည့်လည်သွားလာရသည့် လွပ်လပ်ခြင်းကို သူအလွန်နှစ်သက်ပါသည်။  အမှန်အတိုင်း ၀န်ခံရလျှင် ထိုနေရာတွင်စွန့်စားခန်းများစွာက ကြိုဆိုနေ‌သော်လည်း သူ့အနေဖြင့် အမဲလိုက်ခြင်းတစ်ခုတည်းကိုသာ ကြိုက်နှစ်သက်ခဲ့သည်။  ထိုဒေသကိုကင်းလှည့်နေစဉ် အစားအစာများလိုအပ်လျှင် ခေါင်းဆောင်သည်စောဖားဒေးကိုအမြဲတာ၀န်ပေးအပ်သည် အဘယ်‌‌‌‌‌‌‌ကြောင့်ဆိုသော်သူသည်အကောင်းဆုံးလက်ဖြောင့်သမားဖြစ်ပြီး ပစ်မှတ်များကိုအမြဲထိမှန်ခဲ့သူဖြစ်သည်။

စောဖား‌ဒေး‌နေထိုင်သည့်ကျေးရွာ ပါတ်၀န်းကျင် (G. Winterberger)

စီ၀ဆိုသော ဒေသခံကရင်မိန်းကလေးတစ်ဦးနှင့် ကင်းလှည့်တာ၀န်ထမ်း‌ဆောင်နေချိန်တွင် ဆုံတွေ့ခဲ့ကြသည်။ ထိုမိန်းကလေးသည် ၎င်းတို့ထိန်းချုပ်ထားသည့် ကျေးရွာတစ်ရွာဖြစ်သော သံဘရာကျေးရွာတွင် နေထိုင်သူဖြစ်သည်။  ထိုမိန်းကလေးနှင့် ၃နှစ်ကျော်ကြာ ချစ်ကြိုက်ပြီးနောက်တွင် ဒေါ်လီထံမှ လက်ထပ်ထိမ်းမြားခွင့်တောင်းခံခဲ့ကြသည်။  စောဖား‌ဒေးသည် အသက်၃၀ခန့်တွင် စီ၀နှင့် ၀င်းခနကျေးရွာတွင် မင်္ဂလာဆောင်ခဲ့ပြီး သံဘရာရွာတွင်အတူတကွနေထိုင်ကြသည်။ ၎င်းတို့တွင် ‌ယောကျာ်းလေး ၂ဦးနှင့် မိန်းကလေး ၁ဦး စုစုပေါင်းသားသမီး ၃ဦး ထွန်းကားခဲ့ကြသည်။  စောဖား‌ဒေးသည် ဒေါ်လီ့အဖွဲ့တွင်ပါ၀င်၍ KNUဒေသတစ်လျှောက် ကင်းလှည့်တာ၀န်းဆက်လက်ထမ်း‌ဆောင်နေဆဲဖြစ်သည်။  KNUသည် ကရင်‌တော်လှန်ရေး၏ နိုင်ငံရေးပါတီဖြစ်သဖြင့် KNU“တိုက်စစ်မှုးများ” သည်လေ့ကျင့်ထားသောစစ်သားမဟုတ်ကြပေ – ပုံမှန်စစ်သားများသည် KNLA တွင်ပါ၀င်၍စည်းလုံးကြသည်။ မည်သို့ပင်ဆိုစေကာမူ KNU တိုက်စစ်မှုးများသည် တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ များသောအားဖြင့် စောဖားဒေးအပါအ၀င် ဒေါ်လီနှင့်သူအဖွဲ့သည် မြန်မာစစ်တပ်နှင့်မဆုံမိရန် ကြိုးစားခဲ့ကြသည်။  မြန်မာစစ်သားများသည် များသောအားဖြင့်ကရင်ရွာသားများနှင့်ပေါ်တာများကိုလူ့ဒိုင်းများအဖြစ်အသုံးပြုကာ ‌ရောက်ရှိလာလျှင် KNU တိုက်စစ်မှုးများသည်တောထဲ၌ပုန်းအောင်းနေကြရသည်။ မည်သို့ပင်ဆိုစေကာမူ စောဖား‌ဒေး KNU တိုက်စစ်မှုးအဖြစ်ရှိနေချိန်တွင် တပ်မတော်မှ ၎င်းတို့ကို ၂ကြိမ်တိုင် ချုံခိုတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲတစ်ခုတွင် KNU တိုက်စစ်မှုး၅ဦး သေဆုံးခဲ့‌‌သော်လည်း ထိုတိုက်ပွဲများအတွင်း မြန်မာဘက်တွင်ထိခိုက်သေဆုံးမှုမရှိခဲ့ပါ။

သူ၏ဇနီး စီ၀သည် ဗုဒ္ဓဘာသာမိသားစုမှ လာသူဖြစ်ခြင်းမှလွဲ၍ စောဖာဒေးသည်ပျော်ရွှင်သောအိမ်ထောင်ရေးကိုရရှိခဲ့သည်။  အစပိုင်းတွင် သူ၏ယောက္ခမဖြစ်သူများက သူ့ကိုဗုဒ္ဓဘာသာသို့ကူးပြောင်းစေလိုခဲ့ကြသည်။ သူသည်နှစ်ခြင်းခရစ်ယာန်ဘာသာ၀င်အဖြစ်ကြီးပြင်းလာသူဖြစ်‌သောကြောင့် အမြဲတစေငြင်းပယ်ခဲ့သည်။ ဤလက်ထပ်ထိမ်းမြားမှုရှိ ဘာသာရေးကွဲပြားမှုသည်နှစ်ပေါင်းများစွာကြာ‌သောပြဿနာတစ်ခုဖြစ်လာခဲ့သည်။ ၁၀နှစ်ကြာပြီး‌‌နောက် စောဖား‌ဒေး နှင့် စီ၀တို့သည် ကွာရှင်းပြတ်စဲရန်ဆုံးဖြတ်ခဲ့ကြသည်။ စောဖား‌ဒေးကတော့ သူအနေဖြင့် ဗုဒ္ဓဘာသာဖြစ်စေ နှစ်ခြင်းခရစ်ယာန်ဘာသာဖြစ်စေ မည်သည့်ဘာသာကိုမှ ယ‌‌နေ့အချိန်တွင် နှစ်သက်ခြင်းမရှိ‌ကြောင်းပြောဆိုခဲ့သည်။  သူကွာရှင်းပြတ်စဲပြီး‌ နောက်ပိုင်းတွင် သူ၏ကလေးများနှင့်လည်းမတွေ့ဆုံခဲ့ပါ။  သို့‌သော် သူသည်ဒေါ်လီ အပေါ်တွင်တော့ သစ္စာရှိခဲ့ပြီး ဒေသတစ်၀ိုက် ခြေဦးတည့်ရာသွားလာနေထိုင်ခဲ့သည်။  သူသည်လွတ်လပ်မှုနှင့်သဘာဝတရားကိုချစ်မြတ်နိုးပြီး “လွပ်လပ်ဖို့နဲ့ ကျွန်ုပ်လုပ်ချင်တာကိုလုပ်ခွင့်ရဖို့” ဆိုသည့်ဝါကျသည် ယနေ့တိုင် သူ၏ဘ၀အကြောင်းဖော်ပြရန် လက်စွဲကျင့်သုံးခဲ့သော ဝါကျတစ်ခုဖြစ်သည်။

ထိုအချိန်များ ရုတ်တရက်ဆိုသလို ရပ်တန့်ဖို့ဖြစ်လာခဲ့သည်။  သူ၏ KNUတိုက်စစ်မှုးအဖြစ် တာ၀န်ယူမှုသည် သူ၏ခေါင်းဆောင်အလွန်ရင်းနှီးသောကြောင့်သာဖြစ်သည်။  ထို့ကြောင့် ဒေါ်လီလုပ်ကြံခံရချိန်တွင် စောဖား‌ဒေးသည် အနှစ်၂၀ကျော်တာ၀န်ယူခဲ့သည့် KNUတိုက်စစ်မှုးအဖြစ်မှ ရပ်တန့်ရန်နှင့် အဖွဲ့မှထွက်ခွာရန်ဆုံးဖြတ်ခဲ့သည်။ သူသည် အသက် ၅၀ အရွယ်တွင် သူအမြဲနှစ်သက်ခဲ့ရသော ထီးဖားထောကျေးရွာတွင်အငြိမ်းစားယူပြီးနေထိုင်ခဲ့သည်။ လှပသောသဘာ၀ပါတ်၀န်းကျင်နှင့် လွပ်လပ်မှု ကိုထိုနေရာတွင် ခံစားရသောကြောင့်ဖြစ်သည်။  သူသည်ကင်းလှည့်တာ၀န်ထမ်းဆောင်စဉ်က ထိုနေရာတွင်  သူငယ်ချင်းများစွာရှိခဲ့ပြီးဖြစ်သည်။ ထိုနေရာတွင်သူ၏ ကိုယ်ပိုင်အိမ်မရှိသော်လည်း သူ၏သူငယ်ချင်းများက အိမ်တွင်လာနေရန် အမြဲကြိုဆိုသည်။ စောဖာဒေးသည် တိရိစ္ဆာန်များကိုအမဲလိုက်ခြင်း အထူးသဖြင့် ငှက်များအားလေသနတ်ဖြင့်ပစ်ဖမ်း၍ ရွာထဲတွင်ရောင်းချခြင်းဖြင့် အသက်မွေးခဲ့သည်။

မြန်မာစစ်တပ်သည် ထီးဖားထောကျေးရွာသို့ မကြာခဏလာရောက်ခဲ့ပြီး ကရင်စစ်သားများ၊ စစ်တပ်အသုံးအဆောင်များ သို့မဟုတ် အတင်းအဓမ္မအလုပ်ခိုင်းစေရန်အတွက် ပေါတာအဖြစ် အား‌ကောင်းမောင်းသန်ကရင်အမျိုးသားများအား လာရောက်ရှာ‌ဖွေလေ့ရှိကြသည်။  ထိုအချိန်များတွင် အခြားရွာသူရွာသားများနည်းတူ စောဖား‌ဒေးသည်လည်းတောထဲ၌အမြဲပုန်းနေခဲ့ရသည်။ နောက်ပိုင်းတွင် သူလည်း အခြား‌‌သူများနည်းတူထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံရန် ဆုံးဖြတ်ခဲ့သည်။  ထိုင်းနိုင်ငံရှိ Hwe Malei ဒုက္ခသည်စခန်းတွင် ၂နှစ်ခန့်နေထိုင်ခဲ့သည်။  ထိုနေရာတွင်လုံခြုံစိတ်ချရပြီး သူ၏သူငယ်ချင်းများနှင့်ကရင်အသိအကျွမ်းများစွာလည်းထို‌နေရာတွင်နေထိုင်ကြသည်။ သို့သော်လည်း ထိုနေရာတွင် ထိုင်းအာဏာပိုင်များမှ စည်းကမ်းများဖြင့် ထိန်းချုပ်ထား‌သောကြောင့် သူအနေဖြင့် လုပ်စရာမရှိ‌ သောကြောင့် မပျော်ရွှင်နိုင်ခဲ့ပါ။  သူချစ်မြတ်နိုးရသည့်ကျေးရွာ၏လွတ်လပ်မှုနှင့်ရှုခင်းများကိုသူ လွမ်းဆွတ်ခဲ့ရသည်။ အန္တရာယ်ရှိသည့်ကြားမှ အိမ်သို့ သုံးရက်ကြာလမ်းလျှောက်ပြန်လာခဲ့သည်။ ထီးဖာထောရွာသို့ ပြန်ရောက်ပြီး ‌ပျော်ရွင်သည့်ဘ၀ဖြင့် နေထိုင်ခဲ့သည်။ သို့သော် လုံး၀အန္တရာယ်ကင်းသည့် ဘ၀မျိုးတော့မဟုတ်ပါ။ ရွာသားများသည် တစ်ခါတစ်ရံမြန်မာစစ်တပ်များထံမှ ပုန်းအောင်းနေရဆဲဖြစ်သော်လည်း ၎င်းမှာလွတ်လပ်သည့် ဘ၀တစ်ခုဖြစ်သည်။ ယနေ့အချိန်တွင် မြန်မာစစ်သားများလည်း လာ‌‌ရောက်ခြင်းမရှိကြ‌တော့ပါ။

စောဖား‌ဒေး၏အငယ်ဆုံးသားမှာ‌ ‌ကျေးရွာအနီးတွင်ပင်နေထိုင်သောကြောင့် မကြာခဏတွေ့ခွင့်ရသည်။  သူ၏ ညီဖြစ်သူမှလည်း အခွင့်အခါသင့်သလို လာ‌ရောက်လည်ပါတ်ပါသည်။  လွန်ခဲ့သော နှစ်အနည်းငယ်က စောဖား‌ဒေးသည် သူ၏မိခင်ဖြစ်သူမော်လမြိုင်မြို့တွင် ဆုံးပါသွားပြီဖြစ် ကြောင်းကြားသိခဲ့ရသည်။  လွန်ခဲ့သောဆယ်စုနှစ်အလွန်က သူထိုင်းဖက်မှသယ်ယူသူထံမှ အလိမ်ခံရစဉ် မော်လမြိုင်သို့မပြန်ဖြစ်ခဲ့‌သောကြောင့် မည်သည့်အရာများဖြစ်ပျက်ခဲ့သည့်ဆိုသောကိစ္စများကိုလည်းသူသိရှိခွင့်ရခဲ့သည်။ စောဖား‌ဒေး ထံမှ ငွေကြေးရစရာရှိ‌ သောကရင်ကုန်သည်သည် သူပြန်ရောက်မလာသောအခါ သူ၏မိသားစုထံသို့ ဆက်သွယ်လာခဲ့သည်။ စောဖား‌ဒေး၏မိခင်မှ မြေအချို့ကို ရောင်းချပြီး ထိုငွေများကို ပေးချေခဲ့ရသည်။  အကယ်၍ထိုအကြောင်းကို စောဖား‌ဒေးသိရှိခဲ့လျှင် မော်လမြိုင်မြို့သို့ ပြန်သွားပြီး သူ၏အကြွေးများအတွက် ပေးချေမည်ဖြစ်သည်။  သို့‌သော် နှစ်‌ပေါင်းများစွာကြာပြီး အသက် ၆၀နီးပါးရှိသည့် ပိုက်ဆံတပြားမှမရှိသည့် ဘ၀ဖြင့် မော်လမြိုင်မြို့သို့ ပြန်သွားစရာအကြောင်းပြချက် သူ့မှာမရှိတော့‌ပေ။  သူ၏တူဖြစ်သူမှ အလွန်တိုက်တွန်း‌တောင်းဆိုမှုကြောင့်သာ သူတစ်ခေါက်ပြန်သွားဖြစ်သည်။  စောဖား‌ဒေးသည် သူ၏ မျက်စိတွင်ပြဿနာမဖြစ်ခင်အချိန်အထိ မုဆိုးဘ၀ဖြင့်အသက်မွေးခဲ့သည်။  ယခုအချိန်တွင် သူ့အသက် ၇၀ရှိပြီဖြစ်သည်။  သူအလွန်ချစ်‌သောသေနတ်ကို ရောင်းရန်ဆုံးဖြတ်ခဲ့သည်။  ယခုအချိန်တွင် သူသည် ရွာတွင် ထိုင်းထီများ ရောင်းချခြင်းဖြင့်အသက်မွေးပါသည်။  သူ၏အနာဂါတ်အတွက်လည်း သူစိုးရိမ်မိပါသည်။  ယခုအချိန်တွင် သူ့ကိုယ်သူ စောင့်ရှောက်နိုင်သော်လည်း မည်မျှကြာသည်အထိ ထိုသို့လုပ်နိုင်မည်ကို မသေချာပါ။  သူဘာဆက်ဖြစ်မလဲ ဘယ်သူက သူ့ကိုစောင့်ရှောက်မည်ကို သူမသိပါ။

နောက်ပိုင်းအတွေးများ

စောဖားဒေးကို ၎င်း‌၏ဇာတိမြေအတွက် တိုက်ပွဲဝင်ခဲ့သည့် စံပြပုဂ္ဂိုလ်တစ်ဉီးအဖြစ် ဖော်ပြ၍မရနိုင်ပါ။  သူသည် KNUသို့ အမှတ်မထင်၀င်‌ရောက်ဖြစ်ခဲ့ခြင်းသာ ဖြစ်သည်။  သို့သော် ပို၍အရေးကြီးသည်မှာ သူသည်သူ့ဘဝရှိအခက်အခဲများနှင့်အန္တရာယ်များအားလုံးကိုကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည်။ စောဖား‌ဒေးသည် သူ၏ဘ၀တွင်ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချနိုင်ခဲ့သည်။  သူငယ်ရွယ်စဥ်အခါတွင် သူငယ်ချင်းများနှင့်တောအုပ်ထဲသို့ ခြေဆန့်ရသည်ကို နှစ်သက်ခဲ့သည်။  ထိုအချိန်တွင် KNUစတင်ဖွဲ့စည်းကာစအချိန်ဖြစ်သည်။ ဆယ်နှစ်မှ ဆယ့်ငါးနှစ်ခန့်ပင်ကြာမြင့်‌သေးသည်။  KNUသည် ကြီးထွားလာပြီး အင်အားကြီးမားပြီးသြဇာညောင်းသောအဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့သည်။ လူငယ်များ၏ စိတ်၀င်စားမှုများကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။  သို့‌သော် စောဖား‌ဒေးအတွက်မူ ထိုအရာသည် အကြောင်းပြချက်တစ်ခုမဟုတ်ခဲ့ပါ။  သူ KNUသို့၀င်ရောက်ခဲ့ခြင်းသည် သူငယ်ရွယ်စဥ်ကတည်းက ခင်မင်ရင်းနှီးသည့် သူ၏သူငယ်ချင်းဖြစ်သူ ဒေါ်လီကြောင့်ဖြစ်သည်။  ဒေါ်လီသည် KNUဒေသအမှတ် ၆၏ ‌ဒေသခေါင်းဆောင်တစ်ယောက်ဖြစ်သောကြောင့်ဖြစ်သည်။   စောဖား‌ဒေး သည် ၎င်း‌၏နက်ရှိုင်း‌သော သူငယ်ချင်းသံယောဇဥ်နှင့်  ၎င်း‌၏သူငယ်ချင်းဖြစ်သူကို ကူညီရန်အတွက် ဒေါ်လီ၏အဖွဲ့သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။  တစ်ဖက်တွင်လည်း စောဖား‌ဒေးသည် ထိုင်းဖက်မှသယ်ယူသူထံမှ အလိမ်ခံရခြင်းကြောင့် ပိုက်ဆံမရှိဘဲ မွေးရပ်မြေသို့ ပြန်သွားရန် ကြောက်လန့်ခဲ့သောကြောင့်ဖြစ်သည်။  စောဖား‌ဒေးသည် ‌ရှေ့ဆက်ဘာလုပ်ရမည်မှန်းမသိသော အခြေအနေတွင် ရှိနေခဲ့ပါသည်။   ၎င်း‌၏ဆုံးဖြတ်ချက်သည် အကြောင်းပြချက်များစွာအပေါ်အခြေခံထားပါသည်။  ဒေါ်လီအသက်ခံရပြီး မကြာခင် စောဖား‌ဒေး KNUမှ ထွက်ခွာခဲ့ခြင်းသည် သူအနေဖြင့် ကရင်တိုက်စစ်မှုးတစ်‌ယောက်ဖြစ်လာရသည့်အဓိကအကြောင်းသည် သူငယ်ချင်းသံယောဇဥ်ကြောင့် ဖြစ်သည်ဟူသော ယူဆချက်ကို ပိုမိုခိုင်မာစေခဲ့သည်။   စောဖား‌ဒေး ကိုယ်တိုင်လည်း သူအဖွဲ့၀င်ဖြစ်လာရခြင်း၏ နောက်ခံအကြောင်းပြချက်ကို မစဥ်းစားဖြစ်ခဲ့ပါ။  သူအနေဖြင့် ဒေါ်လီ၏အဖွဲ့သို့ ၀င်ရောက်ခဲ့ပြီးနောက် သူ၏ဘ၀အခြေအနေကို ကျေနပ်ခဲ့သည်ဟုသာ ထောက်ပြခဲ့ပါသည်။

လွတ်လပ်မှု၊ သူ့ဇာတိမြေကိုချစ်ခြင်းနှင့် လူမှုရေးသို့မဟုတ်ရုပ်ပစ္စည်းဆိုင်ရာအကန့်အသတ်များမှ လွတ်ငြိမ်းခြင်းတို့သည် စောဖာဖာ၏ဘဝတစ်လျှောက်ကိုထင်ဟပ်နေသော အဓိကစကားလုံးများဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏လူမှုဝန်းကျင်ရှိ အားပြင်းသောလွှမ်းမိုးမှုတစ်ခုကို မရှောင်ရှားနိုင်ခဲ့ပေ။  ၁၉၉၄ ခုနှစ်တွင် DKBA ဖွဲ့စည်းရန် ဦးဆောင်ခဲ့သော ဗုဒ္ဓဘာသာကရင်နှင့်ခရစ်ယာန်ကရင်တို့၏ တင်းမာမှုများသည် စောဖီးဒေကိုလည်းထိခိုက်‌စေခဲ့သည်။ ဗုဒ္ဓဘာသာ၀င်ယောက္ခမများနှင့်  သူ၏အကြားရှိ မမြင်သာသည့်တင်းမာမှုသည် မြေပြင်ပေါ်သို့ ပေါ်ထွက်လာခဲ့သည်။ သူ၏ဗုဒ္ဓဘာသာ၀င်ယောက္ခမများသည် နောက်ဆုံးတွင်သူ့အား ဗုဒ္ဓဘာသာ၀င်အဖြစ်ကူးပြောင်းရန် သို့မဟုတ် သူ၏ဇနီးအား ကွာရှင်းရန် ‌တောင်းဆိုလာကြသည်။  သူကွာရှင်းရန်ဆုံးဖြတ်ခဲ့သည်။  ဘာသာ‌ရေးကြောင့်ထိုသို့ဆုံးဖြတ်ခဲ့သလား။  မဟုတ်ပါဟု စောဖား‌ဒေးမှပြောခဲ့သည်။ သူဘာသာ‌ရေးကို နှစ်သက်ခဲ့ခြင်းမရှိပါ။  မိရိုးဖလာကြောင့် သို့မဟုတ် သူ့ရဲ့အကျင့်ဗီဇကြောင့်ထိုသို့ဆုံးဖြတ်ခဲ့သလား။  သူကိုယ်တိုင်လည်း ‌သေချာစွာမသိခဲ့ပါ။  သို့သော်ဤဆုံးဖြတ်ချက်တွင် လွတ်လပ်မှုနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်သည် အဓိကအခန်းကဏ္ဍမှပါ၀င်ခဲ့သည်။

ပြီးတော့ ဤဘ၀သည် ယနေ့တိုင် စောဖား‌ဒေး နေထိုင်လာခဲ့သည့်ပုံစံဖြစ်ပါသည်။  သူ၏ မျက်စိများပိုမိုဆိုးရွားလာသောအခါ သူအခြားအလုပ်အကိုင်တစ်ခု ပြောင်းလဲလုပ်ကိုင်ရန် သူကိုယ်တိုင်ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။  သူဟာကံကြမ္မာကိုစိန်မခေါ်ခဲ့သော်လည်း သူဟာနှစ်ပေါင်းများစွာအသုံးပြုခဲ့တဲ့သေနတ်ကိုရောင်းပြီး အသက် ၇၀ အရွယ်မှာဘဝသစ်တစ်ခုစခဲ့ရပါတယ်။

အောက်ခြေမှတ်ချက်များ

1  ‘Karen’ ၏မြန်မာအသံထွက်နာမည်မှာ ‘ကရင်’ဖြစ်ပါသည်။ ဤစာသားသည် ကရင်လူမျိုးများမှ ၎င်းတို့အကြောင်း နိုင်ငံခြားသားများကို ပြောဆိုသောအင်္ဂလိပ်စကားလုံးကိုအသုံးပြုသည်။

2 အတိအကျကိန်းဂဏန်းများမရှိသော်လည်းခရစ်ယာန်ကရင်ရာခိုင်နှုန်းသည် ၂၅% ရှိသည်ဟုခန့်မှန်းရသည် (Gravers 2014: 175)

* စောဖားဒေးထံသို့ သွားရန်ခရီးစဉ်နှင့် ဤထုတ်ဝေမှုအတွက် ကုန်ကျစရိတ်များကို Zurich တက္ကသိုလ်မှသိပ္ပံနှင့်လူသားသုတေသနသုတေသနဖောင်ဒေးရှင်းမှငွေကြေးထောက်ပံ့ခဲ့သည်။ (No. STWF-17-021) ။

စာပေများ

Gravers, Mikael. 2007. “Conversion and Identity: Religion and the Formation of Karen Ethnic Identity in Burma.” In Exploring Ethnic Diversity in Burma, edited by Mikael Gravers: 227-258. Kopenhagen: NIAS Press.

Gravers, Mikael. 2014. “Ethno-nationalism and violence in Burma/Myanmar – the long Karen struggle for autonomy.” In Burma/Myanmar-Where Now? edited by Mikael Gravers and Flemming Ytzen: 173-197. Copenhagen: NIAS Press.

Morrissey. 1998. “On oral history interviewing.” In The oral history reader, edited by Robert Perks and Alistair Thomson: 107-113. London and New York: Routledge.

Perks, Robert and Alistair Thomson (ed.). 1998. The oral history reader. London and New York: Routledge.

San C. Po. 2001. Burma and the Karens. Bangkok: White Lotus Press.

Slim and Thompson. 1998. “Ways of listening.” In The oral history reader, edited by Robert Perks and Alistair Thomson: 107-113. London and New York: Routledge.

Thawnghmung, Ardeth Maung. 2013. The “other” Karen in Myanmar. Ethnic minorities and the struggle without arms. Lanham: Lexington Books.

Winterberger, Georg. 2017. Myanmar. Durch die Linse der Menschen. Through the lens of people. Petersberg: Michael Imhof Verlag.

စောဘဦးကြီး (1905-1950)

Laura Hornig
Translation by Nang Lao Kham

English version of this article

(နာမည်ပြောင်းလဲခြင်း မတိုင်မီက ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များဖြစ်သည့်အတွက် ဤနေရာတွင် “ကရင်ပြည်” နှင့် “ဗမာပြည်” ဟုသုံးနှုန်းပါသည်။)

မိတ်ဆက်

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကရင်လူမှုအသိုင်းအ၀န်းနှင့် တွေ့ဆုံခဲ့သည့်သုတေသီများ၊ စာနယ်ဇင်းသမားများနှင့် အကူအညီပေးရေးလုပ်သားများသည် သူ၏မျက်နှာကို လူတို့၏အိမ်များရှိ ပိုစတာများတွင် သို့မဟုတ် နှစ်စဉ်ကရင်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားများတွင် အကြိမ်‌ပေါင်းများစွာ တွေ့ဖူးကြမည်မှာ မလွဲမသွေဖြစ်ပါသည်။  စောဘဦးကြီး သည် ယနေ့ထိတိုင် ကရင်ပုန်ကန်မှု၏ မျက်နှာစာအဖြစ်ရှိနေသည်။  သူ့ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တည်ထောင်သူအဖြစ် လူသိများသည်။ ဘဦးကြီးသည် ဗြိတိသျှတို့နှင့်လည်းကောင်း လွတ်လပ်ရေးရပြီး နောက်ပိုင်းမြန်မာအစိုးရနှင့်လည်းကောင်း ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရာတွင် ကရင်အမျိုးသားအရေးကို ထပ်ခါတလဲလဲပြောဆိုခဲ့ပြီးနောက်ဆုံးတွင် လက်နက်ကိုင်တိုက်ပွဲကို စတင်ခဲ့သည့် နိုင်ငံရေးသမား စင်စစ်တစ်ယောက်ဖြစ်သည်။ ဤဆောင်းပါးသည် ကရင်ပြည်နယ်နှင့် ဝေးသောရွာတစ်ရွာတွင် မွေးဖွားခဲ့ပြီး ပြည်တွင်းစစ်မတိုင်မီနှစ်များတွင် လန်ဒန်၌ဥပဒေ ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်အမျိုးသမီးတစ်ဦး နှင့်လက်ထပ်ခဲ့ပြီးနောက် ကလေးသုံးယောက် ထွန်းကားခဲ့သည့်ခရစ်ယာန်ဘာသာ၀င် စကောကရင်အမျိုးသား၏ ဘဝနှင့်အမွေအနှစ်များကို လေ့လာရန် ရည်ရွယ်ထားသည်။  စောဘဦးကြီးသည် ၁၉၅၀ခုနှစ် အသက် ၄၇နှစ်အရွယ်တွင် အသတ်ခံရသည်။ သူသည် မြန်မာနိုင်ငံအရှေ့ပိုင်းရှိ အကြမ်းဖက်ပဋိပက္ခများကြောင့် တိုက်ရိုက်ဖြစ်စေသွယ်ဝိုက်၍ဖြစ်စေ ထိခိုက်ခံစားခဲ့ရသော ကရင်လူမျိုးအများစု နှင့် ယနေ့တိုင် တတ်ကြွဆဲ၊ သြဇာရှိဆဲဖြစ်သော ကရင်အမျိုးသားအစည်းအရုံးအတွက် အ‌ရေးပါသောသင်္ကေတ အဖြစ်ကျန်ရှိ နေပါသည်။

အတ္ထုပ္ပတ္တိပုံကြမ်း

စောဘဦးကြီးကို ၁၉၀၃ ခုနှစ် အောက်တိုဘာလတွင် ဧရာဝတီတိုင်း၏မြို့တော်ဖြစ်သော ပစိမ် (ယခုပုသိမ်)အနီးရှိ ရွာတစ်ရွာတွင် မွေးဖွားခဲ့သည်။ ဘဦးကြီး၏ဖခင်သည် မြေပိုင်ရှင်တစ်ဦး ဖြစ်ပြီး သူသည် ကျေးရွာ၏အကြီးအကဲလည်းဖြစ်‌သောကြောင့် ကြွယ်ဝချမ်းသာပြီးသြဇာညောင်းသည်။ ထိုအချိန်တွင် ဗြိတိသျှတို့က မြန်မာနိုင်ငံကိုဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို အေးဆေးပြီးလူနေထူထပ်သောဒေသအဖြစ်မှ တိုင်းပြည်၏အဓိက ဆန်စပါးထုတ်လုပ်သည့် ဒေသအဖြစ်သို့ ပြောင်းလဲခဲ့သည်။  ဤဖြစ်စဉ်တွင် ရွှံ့နွံများနှင့် တောအုပ်များကို အကြီးစားစိုက်ပျိုးရေးအတွက်လယ်ကွင်းများသို့ပြောင်းလဲရန် ‌ရောက်ရှိလာ‌သော ထောင်နှင့်ချီသောရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အိန္ဒိယတို့မှ ဖြစ်သည်။  ဤကြိုးပမ်းအားထုတ်မှုကြောင့် ဒေသတွင်းနေထိုင်လျက်ရှိသော ကရင်နှင့် ဗမာလူမျိုးများသည် စိုက်ပျိုးရေးနှင့်ငါးဖမ်းလုပ်ငန်း ကိုသာအဓိကလုပ်ကိုင်ခဲ့ကြရသည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ကရင်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို လက်ခံကျင့်သုံးသည်သာမကအတန်းပညာ၏ အရေးပါပုံကိုလည်း သိရှိလက်ခံလာကြသည်။ လူများသည် မြို့ကြီးများသို့ ပိုမိုပြောင်းရွှေ့လာကြပြီး အသက်မွေး၀မ်းကျောင်းမှုပုံစံများလည်း ပြောင်းလဲလာကြသည်။ စောဘဦးကြီး၏ဘဝနှင့် ပတ်သက်၍ သူနှင့်သူ့မိသားစုကြုံတွေ့ခဲ့‌သော အရာများအကြောင်းကို ကရင်လူမျိုးများနှင့် ကရင်လူမျိုးမဟုတ်သူများလည်း ပိုမိုနားလည်စေရန် သူ၏မြေးဖြစ်သူ Paul Sztumpf (၂၀၁၁) မှကျေးဇူးတင်စွာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဘဦးကြီး၏ ဖခင်သည် ခရစ်ယာန်ဘာသာ၀င် စကောကရင်မိသားစုမှ ဖြစ်သည်။ သို့သော်လည်း ၎င်း‌၏ရွာတွင်ဗမာလူမျိုး ဗုဒ္ဓဘာသာ၀င်လူဦးရေမှာ ပိုမိုများပြားသည်။ အစီရင်ခံစာများအရ ထိုအုပ်စုနှစ်စုလုံးသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့ကြသော်လည်း ကျေးရွာ၏သီးခြား နေရာများတွင်နေထိုင်ကြပြီး ၎င်းတို့အကြားအဆက်အသွယ်မှာ အကန့်အသတ်ရှိသည်။ ကျေးရွာတစ်ရွာစီ၏ လူမှုအသိုင်းအဝိုင်းဘ၀သည် ဘုရားရှိခိုးကျောင်းနှင့် ဘုန်းကြီးကျောင်းများကို အသီးသီးဗဟိုပြုသည်။ ကျေးရွာများရှိနေထိုင်မှုဘဝကို ယေဘုယျအားဖြင့်ရာသီ၊ စိုက်ပျိုးရေးနှင့်ရိုးရာပွဲတော်များဖြင့်မှတ်သားသည်။ ကျေးရွာခေါင်းဆောင်ဖြစ်သော ဘဦ ကြီး၏ဖခင်သည် ရွာသားအားလုံး၏စိုးရိမ်မှုများကို ဂရုစိုက်ရန်တာဝန်ရှိသည်။ သူသည် ပုသိမ်ရှိ ကိုသာဖြူဟုအမည်ရသော စကောကရင်အထက်တန်းကျောင်း ကဲ့သို့သောလူထုစီမံကိန်းများကို ထောက်ပံ့ပေးခဲ့သည်။ ကိုသာဖြူ ဘုရားရှိခိုးကျောင်းနှင့်ဘာသာရေးစာသင်ကျောင်းသည် ပုသိမ်မြို့ရှိ စကောလူမှုအသိုင်းအဝိုင်း အလယ်တွင်ယနေ့တိုင်တည်ရှိနေဆဲဖြစ်သည်။

သူနှင့်အတူကြီးပြင်းခဲ့ကြသော ဘဦးကြီး၏မိခင်၊ ညီမနှစ်ယောက်၊ အစ်မနှစ်ယောက်တို့၏ အကြောင်းကိုမူသိပ်မသိခဲ့ပေ။ ကျွန်ုပ်တို့သိသည်မှာ စောဘဦးကြီးသည် နှစ်ခြင်းခံ အထက်တန်းကျောင်းသို့တက်ရောက်ခဲ့ပြီး ထိုကျောင်းတွင် သူကို နိုင်ငံခြားသာသနာပြုဆရာများမှ သင်ကြား‌ပေးခဲ့သည်။  စောဘဦးကြီးသည် ကရင်လူမျိုးနှင့် ခရစ်ယာန်ဘာသာ၀င် ဆိုင်ရာ သဘောတရားများဖြင့် ကြီးပြင်းလာပြီး လူမျိုးနှင့်ဘာသာရေးလူနည်းစုဝင်တစ်ယောက်ဖြစ်သည်။ ဗြိတိသျှတို့၏မူဝါဒများကြောင့် ကရင်ခရစ်ယာန်ဘာသာ၀င်များနှင့် ဗမာဗုဒ္ဓဘာသာဝင်များ အကြားရန်လိုမှုများဖြစ်ပေါ်လာသည်။ ဗြိတိသျှတို့သည် ရဲနှင့်လက်နက်ကိုင်တပ်ဖွဲ့များတွင် ကရင်လူမျိုး အများအပြားကို စုဆောင်းခဲ့သည်။ ဗမာအမျိုးသားရေးဝါဒီများအကြား လွတ်လပ်ရေးရလိုသောဆန္ဒများပြင်းထန်လာသော်လည်း အချို့သောကရင်ခေါင်းဆောင်များ၏ အမြင်တွင် ဗြိတိသျှအုပ်ချုပ်မှုသည် ကရင်လူမျိုးများအား အတိုင်းအတာတစ်ခုအထိ ကာကွယ်မှုနှင့်အခွင့်အရေးများပေးခဲ့သည်။ မတူညီသည့် သစ္စာရှိမှုတို့သည် နောင်လာမည့် ဆယ်စုနှစ်များတွင် ကရင်လူမျိုးများ၏ ကံကြမ္မာကိုပုံဖော်လာမည့် ပဋိပက္ခများတွင် အဓိက‌သွေးခွဲမှု တစ်ခုအဖြစ်ပါ၀င်လာပါသည်။ 

အထက်တန်းကျောင်းပြီးဆုံးသည့်နောက် ဘဦးကြီးအား လန်ဒန်သို့စေလွှတ်ပြီး ၎င်း‌၏အစ်ကိုဝမ်းကွဲ နှင့်အတူ ရှေ့နေအဖြစ်လေ့ကျင့်ရန် ဥပဒေဘာသာရပ်အား ‌လေ့လာစေခဲ့သည်။  သူသည် အသက် ၁၈နှစ်တွင် လန်ဒန်သို့ ‌ရောက်ရှိပြီး ၈နှစ်ကြာ‌နေထိုင်ခဲ့သည်။  လန်ဒန်တွင် ပညာသင်ကြားနေစဉ် သူသည် Renee Rose Kemp ဟုအမည်ရသော အင်္ဂလိပ်အမျိုးသမီးတစ်ဉီးနှင့် ဆုံတွေ့ခဲ့သည်။ Renee Rose Kemp သည် ပါရမီရှိ‌သော စက်ချုပ်သူတစ်ယောက်ဖြစ်ပြီး လန်ဒန်၏အဓိက စျေးဝယ်သည့်နေရာတစ်ခုတွင် ဆိုင်အခင်းအကျင်းဒီဇိုင်နာအဖြစ် လုပ်ကိုင်နေသူဖြစ်ပါသည်။  သူတို့စုံတွဲ စတင်ချိန်းတွေ့ပြီး ညစာအတူစားခြင်း၊ ရုပ်ရှင်အတူကြည့်ခြင်း နှင့် ကခုန်ခြင်းတို့ဖြင့် အတူအချိန်ကုန်ခဲ့ကြသည်။  ၁၉၂၆ ခုနှစ်တွင် ထိမ်းမြားလက်ထပ်ခဲ့ပြီး တစ်နှစ်အကြာတွင် သားဖြစ်သူ မိုက်ကယ်သီအိုဒေါရ်ကို မွေးဖွားခဲ့သည်။ ဘဦးကြီးသည် ၁၉၂၆ ခုနှစ်တွင် ဥပဒေဘွဲ့ရပြီးနောက် ရှေ့နေများအသင်းတွင်လေ့ကျင့်ခဲ့ရပြီး နောက်ဆုံးသုံးနှစ်အကြာတွင် ရှေ့နေတစ်‌‌ယောက်ဖြစ်လာသည်။ ၁၉၂၉ ခုနှစ်တွင် ဘဦးကြီးသည် သင်တန်းပြီးဆုံးပြီးနောက် Thelma Resa အမည်ရှိသောဒုတိယကလေး၏ ဖခင်ဖြစ်လာသည်။ ထိုနှစ်အကုန်တွင် တစ်မိသားစုလုံး မြန်မာပြည်သို့ပြောင်းရွှေခဲ့ကြသည်။ ထိုအချိန်တွင် စောဘဦးကြီးသည် အသက် ၂၆ နှစ်ရှိပြီဖြစ်သည်။ (Sztumpf, 2011 တွင်ကြည့်ပါ)  

စောဘဦးကြီးနှင့်သူ့မိသားစုသည် ပုသိမ်၌အရင် အခြေချနေထိုင်ပြီး နောက်ပိုင်းတွင် ကရင်လူမျိုး အများစုနေထိုင်သည့် မြောင်းမြမြို့သို့ ပြောင်းရွေ့ခဲ့ကြသည်။  ပုသိမ်နှင့်မြောင်းမြတို့သည် နှစ်ပေါင်းများစွာ စီးပွားကူးသန်းရောင်းဝယ်မှုတွင်ထင်ရှားသည်။ ထိုမြို့ပြများတွင် ဗမာအများစု သာမကကရင်၊ ဗြိတိသျှ၊ အိန္ဒိယနှင့်တရုတ်လူမျိုးများလည်း နေထိုင်ကြသည်။ ထို့ကြောင့် အမျိုးမျိုးသော အစားအစာ၊ တေးဂီတ၊ ရုပ်ရှင်နှင့်ထုတ်ကုန်များကို ရရှိနိုင်သည်။ စောဘဦးကြီး မိသားစုသည် ဤနေရာတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြပြီး ရှေ့နေအဖြစ် သူ၏ရုံးခန်းကို ဖွင့်လှစ် လုပ်ကိုင်ခဲ့သည်။  သူသည် အားလပ်ချိန်များတွင် ၎င်း‌၏စိတ်ကူးအကြံဉာဏ်များကို ကရင် အထက်တန်းကျောင်းမှ ကျောင်းသားများ၊ ဆရာများနှင့်ဖလှယ်ခြင်း၊ ဘောလုံးကန်ခြင်းနှင့် ဂေါက်သီးကစားခြင်းများပြုလုပ်‌‌လေ့ရှိသည်။ ထိုခေတ်ကဓာတ်ပုံများတွင် သူသည်အနောက်တိုင်း ဝတ်စုံ၀တ်ဆင်ကာ Ford V-8RD.484 ကားအမျိုးအစားကိုမောင်းနှင်နေသည် ကိုပြသသည်။ တရားရုံးတွင် သူသည် ဗြိတိသျှရှေ့နေတစ်ယောက်ကဲ့သို့ ၀တ်စုံကိုဝတ်ဆင်ပါသည်။ သူ၏ဇနီးဖြစ်သူ Renee သည်လည်း မြန်မာနိုင်ငံတွင် ဘ၀သစ်စခဲ့ပါသည်။  သူမတွင် စကော့တလန်နိုင်ငံသူ သူငယ်ချင်းတစ်‌‌ယောက်ရှိပြီး ထိုအမျိုးသမီးသည် ဘဉီးကြီး လန်ဒန်တွင်အတူပညာသင်ကြားခဲ့သော အစ်ကို၀မ်းကွဲ၏ ဇနီးဖြစ်ပါသည်။

စောဘဉီးကြီးနှင့် ၄င်း၏မော်တော်ယာဉ် (Courtesy of Paul Sztumpf)

များမကြာမီအခြေအနေများသည် ပို၍ စိန်ခေါ်မှုများလာသည်။ ကြီးမား‌သော စီးပွားပျက်ကပ်သည် မြန်မာနိုင်ငံကိုထိခိုက်စေခဲ့သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ လယ်သမားများသည် ငွေတိုး ချေးငှားသူများသို့မဟုတ် လယ်ယာရှင်များအပေါ် အကြွေးအမြောက်အများတင်ခဲ့ကြသည်။ စီးပွားရေးကျပ်တည်းမှုများသည် နိုင်ငံရှိ လူဦးရေများအကြားတွင် တင်းမာမှုများပိုမိုပြင်းထန် လာစေပြီး ရွှေ့ပြောင်း‌နေထိုင်သူများနှင့် တိုင်းရင်းသားလူနည်းစုများ အပေါ်အမျိုးသားရေးဝါဒနှင့် ရန်လိုမှုများကို တိုးမြှင့်စေခဲ့သည်။ အထူးသဖြင့် အိန္ဒိယလူမျိုးများနှင့် တရုတ်လူမျိုးများ ပစ်မှတ်ထားခံရပြီးတစ်ခါတစ်ရံ အကြမ်းဖက်တိုက်ခိုက်မှုများ၏ သားကောင်များဖြစ်လာကြသည်။ ထို့အပြင် ဗြိတိသျှတို့က ပို၍အကြမ်းဖက်ဖိနှိပ်ခဲ့ကြသည်။ တိုင်းရင်းသားလူနည်းစုဝင်များကို ဗြိတိသျှတို့၏စစ်တပ်အတွင်းသို့ စုဆောင်းခြင်းသည်လည်း ကွဲပြားမှုများကို ဖြစ်ပေါ်စေသည်။ ၁၉၃၀ခုနှစ်တွင် ဆရာစံအရေး‌‌တော်ပုံကို ဗြိတိသျှတို့မှ အဓိကစစ်ဆင်ရေးတစ်ခုဖြင့်နှိမ်နှင်းခဲ့ရာတွင် ကရင်လူမျိုးစစ်သား  ၁၀,၀၀၀ ခန့်ပါ၀င်ခဲ့သည်။ နိုင်ငံရေးနယ်ပယ်တွင် တိုင်းပြည်လွတ်လပ်ရေး ရရှိရန် ကြိုးစားခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်သူ၏အဖော်များ၏ ပတ်၀န်းကျင်တွင် ဗမာ့အင်အားစုတို့ ‌ပေါ်ပေါက်လာပါသည်။ 

မြန်မာနိုင်ငံသို့ စစ်ပွဲရောက်ရှိလာသောအခါ စောဘဦးကြီးသည် သူ၏ဇာတိရွာ သို့ထွက်ခွာသွားပြီး ၄င်း၏မိသားစုကို (၄) နှစ်ခန့်ကြာမှသာ ထပ်မံတွေ့ဆုံနိုင်ခဲ့ပါသည်။  ၁၉၄၂ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံ၏‌‌ဒေသအများစုသည် ဂျပန်၏ထိန်းချုပ်မှုအောက်တွင်ရှိခဲ့သည်။ ဗြိတိသျှစစ်တပ်မှ ကျန်ရှိသည့်ရာပေါင်းများစွာသော အိန္ဒိယလူမျိုးများသည်ဆိုးရွားလှသော အခြေအနေများ အောက်တွင် ရခိုင်သို့ထွက်ပြေးခဲ့ကြရသည်။ ဒုက္ခသည်အများအပြားထဲတွင် ဘဦးကြီး၏ဇနီး Renee နှင့်ကလေးနှစ်ယောက်တို့လည်းပါ၀င်ခဲ့ကြသည်။ စောဘဉီးကြီး အိမ်ပြန်ရောက်သောအခါ အိမ်တွင် မည်သူမျှ ရှိမနေတော့ပါ။ ကံကောင်းစွာဖြင့် သြဇာရှိသောသူငယ်ချင်းများ၏ အကူအညီဖြင့် သူ၏ဇနီးနှင့်ကလေးများသည် အိန္ဒိယပြည်သို့ထွက်ခွာခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာ တွင်ဘုံဘေမှ သင်္ဘောဖြင့်လန်ဒန်သို့ပြန်သွားနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ကရင်နှင့် ဗမာအုပ်စုများအကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ကရင်လူမျိုးအများစုသည် ဗြိတိသျှတို့အတွက် တိုက်ပွဲဝင်ခဲ့ကြသော သစ္စာဖောက်များဖြစ်သည်ဟု အမည်တပ်ခံခဲ့ရသည်။  ဗမာအမျိုးသားရေးဝါဒီများသည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကိုတည်ထောင်နိုင်ခဲ့သည်။ စောဘဦးကြီး၏အစ်ကို ၀မ်းကွဲနှင့် မိတ်ဆွေပီသာတို့၏ ဇနီးနှင့် ကလေးများသည် အခြား‌ မြောက်များစွာသောကရင်လူမျိုးများနှင့် မြောင်းမြဒေသရှိဗမာလူမျိုးများအပါအ၀င် ၎င်းတို့၏မိသားစုများနည်းတူ အသတ်ခံခဲ့ကြရသည်။   စောဘဦးကြီး၏ ပြောင်းလဲသွားသော နိုင်ငံရေးအစီအစဉ်များ၏ အရင်းအမြစ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ယနေ့တိုင်အောင်ထိန်းသိမ်းထားသော ၎င်း‌၏ အခြေခံမူလေးရပ် တို့တွင် ထိုစိတ်ထိခိုက်ဖြစ်ရပ်များသည် ပါ၀င်နေကြောင်း အငြင်းပွားဖွယ်ရာ ဖြစ်ပါသည်။

စောဘဦးကြီးသည် အစပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အကြမ်းဖက်မှုများကို ကာကွယ်ရန်နှင့် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်သင့်မြတ်ရေးတို့ကိုလုပ်ဆောင်ခဲ့သည်။ သူသည်ရန်ကုန်တွင် နေထိုင်စဉ်ကာလအတွင်း ကရင်ဗဟိုအဖွဲ့အစည်း (KCO) ကိုဖွဲ့စည်းခဲ့သည်။ အာဏာရနိုင်ငံရေး အင်အားစုများက KCOသည် ကရင်လူမျိုးတို့၏ အကျိုးစီးပွားကို ကိုယ်စားပြုသည့် တရားဝင်အဖွဲ့တစ်ခုဖြစ်သည်ဟု အသိအမှတ်ပြုခဲ့သည်။  ဂျပန်လူမျိုးများနှင့် အဆက်အသွယ်ရှိသောကြောင့် စောဘဦးကြီးသည် ဂျပန်သို့လည်ပတ်ခွင့်ရခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံကိုပြန်လည်ကျူးကျော်ဝင်ရောက်ရန် အဆင်သင့်ဖြစ်ခဲ့သည်။  ၎င်းတို့က ထောင်ချီသော ကရင်စစ်သားများကို လေ့ကျင့်သင်ကြားပေးပြီး သေချာစွာစီစဉ်ဆောင်ရွက်ခဲ့သည်။ ၎င်းတို့ထဲမှ အချို့လူများသည် နောက်ပိုင်းတွင် KNU တွင်ထိပ်တန်းခေါင်းဆောင်များဖြစ်လာသည်။ ကြီးထွားလာသော ကရင်အမျိုးသားရေးဝါဒသည် ပဋိပက္ခကို ပိုမိုဆိုးဝါးလာစေပြီး ဗမာများကို ရန်သူအဖြစ် ဖော်ပြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးအကျိုးစီးပွားအမျိုးမျိုးအကြား မျှတသောအနေအထားကို ထိန်းသိမ်းရန်ကြိုးစားသော်လည်း ၁၉၄၄ ခုနှစ် ဇူလိုင်လ အင်ဖာ (အိန္ဒိယ) အနိုင်ရစစ်ပွဲအပြီးတွင် ဂျပန်တို့ကိုမြန်မာနိုင်ငံမှမောင်းထုတ်ရန်အတွက် မဟာမိတ်များ ကိုသာ ပိုမိုအလေးအနက်ထားခဲ့သည်။ ဂျပန်တို့သည် ၁၉၄၅ ခုနှစ် စက်တင်ဘာလတွင် လက်နက်ချခဲ့သည်။ ရက်သတ္တပတ်အနည်းငယ်အကြာတွင် ညှိနှိုင်းမှုများစတင်ရန် မြန်မာနိုင်ငံမှ လူငယ်ခေါင်းဆောင် ၇ ဦးပါ၀င်သည့် ကိုယ်စားလှယ်အဖွဲ့ကို  Ceylon သို့ဖိတ်ကြားခဲ့သည်။ စောဘဦးကြီးသည် အောင်ဆန်းနှင့်အတူ ကရင်ကိုယ်စားပြုသွားခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုကို ဦးဆောင်ရန် တာ၀န်ယူသည့် ဗြိတိသျှတပ်မှူးမှာ သဘောထားကြီးသူဖြစ်သည်။ သုံးနှစ်အတွင်း မြန်မာနိုင်ငံအား လွပ်လပ်ရေးပေးမည်ဟု ဗိုလ်ချုပ်အောင်ဆန်းကို သူကတိပေးခဲ့သည်။ မည်သို့ပင်ဆိုစေ နိုင်ငံ၏အခြေခံအဆောက်အအုံများမှာ ယိုယွင်းလာ‌နေပြီး စီးပွားရေးလည်း ပျက်ယွင်းလာနေပါသည်။  မြန်မာနိုင်ငံသစ်ကိုပုံဖော်ရာတွင် များစွာသောမတူညီသည့်အုပ်စုများမှ ၎င်း‌တို့၏ကိုယ်ပိုင်စစ်တပ်များထူထောင်ခဲ့ပြီး အကျိုးစီးပွားယှဉ်ပြိုင်ခြင်းများဖြင့် ပါ၀င်ခဲ့ကြသည်။

KCOသည် ဗြိတိသျှတို့အား ကရင်ပြည်နယ်အတွက် သီးသန့်ပြည်နယ်တစ်ခုသို့မဟုတ် ဖက်ဒရယ် အုပ်ချုပ်ရေးတွင် တန်းတူမိတ်ဖက်အဖြစ် တရားဝင်တောင်းဆိုခဲ့သည်။ စောဘဦးကြီးသည် ဤပြည်နယ်အတွက် “ကော်သူးလေ” (“မကောင်းမှုမရှိ‌သောနယ်မြေ” ဟုအဓိပ္ပါယ်ရသော) ဟူသော အမည်ကိုအသုံးပြုခဲ့သည်။ ၎င်းအမည်ကိုယနေ့ခေတ် ကရင်လူမှုအသိုင်းအဝိုင်းကြားတွင် အသုံးပြုနေဆဲဖြစ်သည် (Keenan, 2008, 3)။ မည်သို့ပင်ဆိုစေ ပြည်နယ်အတွက် တောင်းဆိုချက်များကို နောက်ဆုံးအထိ အဖြေမရရှိခဲ့ပါ။  ကရင်ခေါင်းဆောင်များသည် ၄င်းတို့ ပြည်သူများအတွက် တန်းတူညီမျှမှုကိုမျှော်မှန်းပြီး ဒုတိယတန်းစားနိုင်ငံသားများအနေဖြင့် နေထိုင်စရာမလိုဘဲမိမိတို့၏ကံကြမ္မာကိုပုံဖော်နိုင်မည့် အခွင့်အလမ်းကိုမျှော်မှန်းခဲ့ကြသည်။ ၁၉၄၆၊ သြဂုတ်လတွင် စောဘဦးကြီး ဦးဆောင်သော ကရင်ကိုယ်စားလှယ်အဖွဲ့သည် ၎င်း‌တို့၏ ‌တောင်းဆိုချက်များကို တင်ပြရန်လန်ဒန်သို့ရောက်ရှိခဲ့သည်။ ထိုသို့ရောက်ရှိချိန်တွင် စောဘဦးကြီး ၎င်း‌၏မိသားစုများနှင့် ပြန်လည်ဆုံတွေ့ခွင့် ရခဲ့သည်။  မကြာခင်တွင် စောဘဦးကြီးသည် ၎င်း‌၏ရည်ရွယ်ချက် မအောင်မြင်နိုင်ကြောင်းကိုသဘောပေါက်လာခဲ့သည်။ ကရင်ခေါင်းဆောင်များသည် ယခင်က အမှုထမ်းခဲ့သည်များကို အသိအမှတ်ပြုခံခဲ့ရသော်လည်း အတိတ်ကာလကပေးခဲ့‌သော ကတိများမည်သို့ပင်ရှိစေကာမူ ၎င်း‌တို့၏ကိုယ်ပိုင်ပြည်နယ်အတွက် တောင်းဆိုမှုကိုမူ မည်သူကမျှမထောက်ခံခဲ့ကြပါ။ ဤတောင်းဆိုချက်များကို အခြေခံအားဖြင့် လျစ်လျူရှုခဲ့သည်။ စောဘဦးကြီးသည် သူ၏မိသားစုမပါဘဲ စိတ်ပျက်လက်ပျက်နှင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ သူနှင့်သူ၏ဇနီးတို့သည် ကွာရှင်းရန်ဆုံးဖြတ်ခဲ့သည် (Sztumpf, 2011) ။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏လွတ်လပ်ရေးနှင့် ပတ်သက်၍ အသေးစိတ်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်စဉ် စောဘဦးကြီးသည် KCO ကိုပြန်လည်စုစည်းကာ သီးခြားပြည်နယ်တစ်ခု ထူထောင်ရန် မျှော်လင့်ချက်ဖြင့် ကရင်လူမျိုးများအား စည်းလုံးစေရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုဖွဲ့စည်းခဲ့သည်။ သို့သော် ထိုကာလအတွင်း အခြားကရင်အဖွဲ့များ ဖွဲ့စည်းထားနှင့် ပြီးဖြစ်ကာ အချို့သောတောင်းဆိုချက်များကိုလည်း လူတိုင်းကသဘောမတူကြပါ။ ဥပမာအားဖြင့် ကရင်ပြည်နယ်လွှမ်းခြုံသင့်သည့် ဒေသများအပေါ်အမြင်များ မတူကြပါ။ စောဘဦးကြီးသည် မကြာမီတွင်အောင်ဆန်းအစိုးရအဖွဲ့မှ ဆန္ဒပြသည့်အနေဖြင့် နှုတ်ထွက်ခဲ့သည်။ ကွဲပြားခြားနားသော တိုင်းရင်းသားအုပ်စုများ အကြားတင်းမာမှုများနှင့် ပဋိပက္ခများကိုကျော်လွှားရန် အောင်ဆန်း၏ ကြိုးပမ်းမှုများ အောင်မြင်ခဲ့ခြင်း ရှိ၊မရှိကိုမူမသိရသေးပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇၊ ဇူလိုင်လတွင် သူ၏အစိုးရအဖွဲ့ဝင်များနှင့်အတူ လုပ်ကြံခံရသည်။ လအနည်းငယ်ကြာပြီးနောက် ၁၉၄၈ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသည်လွတ်လပ်ရေးကို တရားဝင်ရရှိခဲ့သည်။ ဗြိတိသျှတို့ ထွက်ခွာသွားသော်လည်း“ ကရင်ပဋိပက္ခ” မှာမဖြေရှင်းနိုင်သေးပါ။

ဦးနုလက်အောက်တွင် အစိုးရသစ်နှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။ သို့သော်စောဘဦးကြီးအတွက်မူ ဦးဆောင်ပါတီမှ ကမ်းလှမ်းမှုများသည် ကရင်အုပ်ချုပ်ရေးအတွက် လုံလောက်သောနေရာမရရှိခဲ့ပါ။ အကျိုးဆက်အားဖြင့် ၎င်းတို့အားကရင်ကိုယ်စားလှယ်များက ငြင်းပယ်ခဲ့သည်။ ဆယ်စုနှစ်များစွာ ခွဲခြားအုပ်ချုပ်မှုသည် မယုံကြည်မှုကိုဖြစ်ပေါ်စေခဲ့သည်။ ဆွေးနွေးပွဲများ တိတ်ဆိတ်သွားသောအခါ စောဘဦးကြီးလက်အောက်ရှိ ကရင်များသည် ပုန်ကန်ထကြွမှုများပြုလုပ်ခဲ့သည်။ မငြိမ်မသက်မှုများ နှင့်အကြမ်းဖက်မှုကာလများသည် ကရင်နှင့်ဗမာအကြားသာမက အခြား‌ဒေသများတွင်မှာပါ စတင်ခဲ့သည်။ ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တိုင်းပြည်၏ ဒေသအသီးသီး တွင်ကရင်လူမျိုးများဆန္ဒပြခဲ့ကြသည်။ နောက်ပိုင်းတွင်ဖြစ်ပွားသော အကြမ်းဖက်မှုဖြစ်စဉ်များတွင် ကရင်စစ်သားများနည်းတူ မြန်မာစစ်တပ်၏ အချို့‌‌စစ်သားများသည်လည်း ၎င်း‌တို့၏ ခေါင်းဆောင်များနှင့် ခွဲထွက်၍သီးခြားလွတ်လပ်စွာ တိုက်ခိုက်ခဲ့ကြသည်။ ကရင်ကျေးရွာများ တိုက်ခိုက်ခြင်းခံခဲ့ရသော်လည်း ကရင်စစ်တပ်သည် အင်းစိန်မြို့နယ်ကို ရက်၁၀၀ကြာ သိမ်းပိုက်ခဲ့သည်။ နောက်ဆုံးတွင်မြန်မာစစ်တပ်က အင်းစိန်မြို့နယ်ကို ပြန်လည်ရယူနိုင်ခဲ့ပြီး KNDO (ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့)သည် တောင်ငူသို့ ဦးတည်၍ ရှည်လျားသောတိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကရင်တောင်တန်းများသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဦးနုနှင့် စောဘဦးကြီးတို့ ညှိနှိုင်းရန် ကြိုးပမ်းသော်လည်း မည်သည့်ဖြေရှင်းချက်မှထွက်မလာနိုင်ခဲ့ပါ။  ၁၉၅၀တွင် စောဘဦးကြီးလက်အောက်တွင် KNU လွှတ်‌တော်တစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး လွှတ်‌တော်က၎င်း၏ တောင်းဆိုချက်များကိုဖော်ပြခဲ့သည်။ ဤအခြေအနေတွင် စောဘဦးကြီးသည် KNU မှယနေ့တိုင် ကျင့်သုံးလျက်ရှိသည့်သူ၏ကျော်ကြားသော မူလေးရပ်ကိုဖော်ထုတ်ခဲ့သည်။

၁ လက်နက်ချစကား အလျှဉ်းမပြောရ။ ၂  ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်။ ၃ ကရင်ပြည်အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်။  ၄ ကရင့် ကံကြမ္မာ ကရင်ဖန်တီးရမည်။

လွတ်လပ်ရေးရပြီး နောက်ပိုင်း ကရင်တော်လှန်ရေးသည် တိုင်းပြည်၏ နေရာအနှံ့တွင် သောင်းကျန်းမှုများအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့သည်။ မာတင်စမစ်၏ ခန့်မှန်းတွက်ချက်မှု အရ လွပ်လပ်ရေးရပြီး ပထမ၂နှစ်အတွင်းမြန်မာနိုင်ငံတွင်လူပေါင်း ၆၀,၀၀၀ ခန့်သေဆုံးခဲ့သည် (Smith, 1991, 119) ။ ၁၉၅၀ခုနှစ် သြဂုတ်လ ၁၂ရက်နေ့တွင် စောဘဦးကြီးသည် သူ၏လုပ်ဖော်ကိုင်ဖက် ၉ ဦး နှင့်အတူ ၁၉၅၂ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သောကရင်ပြည်နယ်ရှိ ပါပူခရိုင်ကိုဖြတ်သန်းခရီးသွားခဲ့သည်။ ၎င်းတို့တွင် အစောင့်အရှောက်များ မပါလာခဲ့ပါ။  ၎င်းတို့အဖွဲ့သည် ကရင်ကျေးရွာတွင်နေထိုင်ခဲ့သည်။ ထိုနေ့သည် သူတို့၏ယုံကြည်မှု သစ္စာဖောက်ခံခဲ့ရသည့်နေ့ဖြစ်သည်။ စောဘဦးကြီးနှင့်သူ၏ လုပ်ဖော်ကိုင်ဖက်များသည် အစိုးရစစ်တပ်၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ ဘဦးကြီး၏အလောင်းကို မော်လမြိုင်သို့ သယ်ဆောင်သွားပြီး အာဇာနည်ဗိမာန်မတည်ရှိစေရန်အလို့ငှာ ဆိပ်ကမ်းအနီးတွင် လှေပေါ်မှ ပစ်ချခဲ့သည်။

သြဂုတ်လ ၁၂ ရက်‌နေ့ကို ယနေ့တိုင် ကရင်ပြည်နယ်၏ အာဇာနည်နေ့အဖြစ်ကျင်းပကြသည်။

KNU (ကရင်အမျိုးသားအစည်းအရုံး) နှင့်ကရင်အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်တွင် စောဘဦးကြီးရုပ်ထုကို တည်ဆောက်ခဲ့သည်။ မြန်မာအာဏာပိုင်များက ထိုရုပ်ထုအား ကရင်ပြည်နယ်ရှိ KNU တပ်မဟာ (တပ်ရင်း) သို့ယူဆောင်လာရန်ခွင့်မပြုပါ။

KNU (ကရင်အမျိုးသားအစည်းအရုံး) နှင့်ကရင်အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်တွင် စောဘဦးကြီးရုပ်ထုကို တည်ဆောက်ခဲ့သည်။ မြန်မာအာဏာပိုင်များက ထိုရုပ်ထုအား ကရင်ပြည်နယ်ရှိ KNU တပ်မဟာ (တပ်ရင်း) သို့ယူဆောင်လာရန်ခွင့်မပြုပါ။ (Myanmar Times)

ရည်ရွယ်ချက်များ၊အောင်မြင်မှုများ၊အမွေအနှစ်များ

ကျွန်ုပ်တို့တွင် အချက်အလက်အချို့ရှိသော်လည်း ဒုတိယကမ္ဘာစစ်နှင့်လွတ်လပ်ရေးရပြီးနောက်ပိုင်း ကသောင်းကနင်းနိုင်သော အချိန်များတွင် စောဘဦးကြီး၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များမှာ မရှင်းလင်းပါ။ ညှိနှိုင်းဆွေးနွေးမှု‌တွေမှာ သူဘာဖြစ်လို့ ကျရှုံးခဲ့တာလဲ။  သူက ဗြိတိသျှတို့၏သစ္စာစောင့်သိမှုနှင့် ကရင်လူမျိုးများ၏စည်းလုံးညီညွတ်မှု ကို ပိုမိုတွက်ချက်ခဲ့သလား။ နောက်ဆုံးမှာ လက်နက်ကိုင်တော်လှန်ရေးကို သူဘာကြောင့် ရွေးချယ်ခဲ့တာလဲ။ သူ၏ အရင်းနှီးဆုံးမဟာမိတ်များမှာ မည်သူများနည်း။ မည်သူက သူ့ကိုသစ္စာဖောက်ခဲ့သနည်း။  ယနေ့အချိန်တွင်သူသည် ကရင်များကိုစည်းလုံးညီညွတ်‌စေသော ခေါင်းဆောင်တစ်ဦးအဖြစ်မကြာခဏဖော်ပြခံရပြီး သူ၏အခြေခံမူလေးရပ်နှင့် ကရင်ပြည်နယ်၏ ရည်မှန်းချက်အောင်မြင်ရန် သူ၏ဇွဲရှိမှုတို့ကြောင့် ထင်ရှားသည်။ သို့သော် သူ့အားငြိမ်းချမ်းစွာ ဖြေရှင်းရန် ရွေးချယ်လိုသူတစ်ဦး အဖြစ်လူများကသူ့ကို မှတ်မိကြသည်။ စည်းမျဉ်းစည်းကမ်းများကို လေးစားသည့်  စိတ်အားထက်သန်သော ရှေ့နေတစ်ဦးအဖြစ် အပေးအယူလုပ်ရန်အတွက် ပွင့်လင်းသူဖြစ်ပြီး တရားသေသမားတစ်ယောက်မဟုတ်ခဲ့ပေ။ (Thawnghmung, 2012, 47–49) သို့သော် စောဘဦးကြီးသည် ဗြိတိသျှတို့နှင့် အသစ်ဖွဲ့စည်းထားသော မြန်မာအစိုးရ အပေါ်အလွန် စိတ်ပျက်မိသည်။ ၎င်းတို့နှစ်ခုလုံးသည် သူကိုယ်စားပြုသောကရင်များ၏ တောင်းဆိုချက်များကို အကြီးအကျယ်လျစ်လျူရှုခဲ့သည်။ သူသည် ၁၉၄၂ခုနှစ် မြောင်းမြဖြစ်ပျက်ခဲ့‌သော အထိကရုန်းတွင် သူငယ်ချင်းများနှင့် ကရင်လူမျိုးများစွာ၏ ကြောက်မက်ဖွယ်သေဆုံးမှုများကို မျက်မြင်တွေ့ခဲ့ရပြီး ဗမာများ ပို၍အတိအကျဆိုရလျင် မြန်မာစစ်တပ်၏ ဖိနှိပ်မှုနှင့် လက်စားချေခြင်းကို ကြောက်လန့်နေသော ကရင်လူမျိုးများ၏ တောင်းဆုများကိုဖြည့်ဆည်းရန် ဖိအားများဖြင့် ရှေ့ဆက်ခဲ့ရသည်။ 

ထိုလူများ၏ အကြောက်တရားများသည် အခြေအမြစ်မရှိသည့် အရာများမဟုတ်ခဲ့ပါ။  “ကရင်ပဋိပက္ခ”သည် ဆယ်စုနှစ်တစ်ခုကြာ‌သော ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ တပ်မတော်သည် KNU ထိန်းချုပ်နယ်မြေများကို အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်။  လူမှုအသိုင်းအဝိုင်းတစ်ခုလုံး တောကြိုအုံကျားတွင် ပုန်းအောင်းနေထိုင်ရန် ဖိအားပေးခံခဲ့ရသည်။  ယခင်က လူပေါင်း ၁၂၀,၀၀၀ ကျော်သည် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင်နေထိုင်ခဲ့ကြပြီး သောင်းနှင့်ချီသောသူများသည် ယနေ့တိုင် ဆက်လက်နေထိုင်လျှက်ရှိသည်။ ကရင်အမျိုးသား အစည်းအရုံးသည် တိုင်းပြည်၏ အကြီးမားဆုံးအပိုင်းဖြစ်သည့် ကရင်ပြည်နယ်ကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့သည်။ အဓိကအားဖြင့်နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် အခွန်ကောက်ခံခြင်းတို့မှ ရရှိသည့် ရန်ပုံငွေဖြင့် KNUသည်ရွေးကောက်တင်မြှောက်ခံရသည့်ခေါင်းဆောင်မှု၊ အင်အားကြီးသော စစ်တပ်နှင့် အမျိုးသမီးအဖွဲ့များနှင့်လူငယ်အဖွဲ့များ ကဲ့သို့‌သော လူထုအဖွဲ့အစည်းများ ပါ၀င်သည့် နိုင်ငံကဲ့သို့သောဖွဲ့စည်းပုံကို တည်ထောင်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ KNU သည် မြန်မာနိုင်ငံရှိ သြဇာအရှိဆုံးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော်လည်း ကရင်လူမျိုးအားလုံးကို ကိုယ်စားပြုနိုင်ခြင်းမရှိပါ။ အဖွဲ့ငယ်‌လေးများ အမြောက်အများပေါ်ထွက်လာပြီး ကရင်လူမျိုးများ အကြားသဘောထားကွဲလွဲမှုများစွာရှိနေပါသည်။ ထို့အပြင် ကရင်လူမျိုးအများစုသည် ကရင်ပြည်နယ်တွင်နေထိုင်ခြင်းမရှိသောကြောင့် KNU၏ ထိန်းချုပ်နယ်မြေများနှင့် ဝေးကွာသည်။ ကရင်အများစုသည်ဗုဒ္ဓဘာသာ၀င်များ ဖြစ်သော်လည်း KNU ကိုယခင်ကတည်းက ပညာတတ် ခရစ်ယာန် စကောကရင် အထက်တန်းလွှာမှ လွှမ်းမိုးထားခဲ့သည်။ KNU၏အတွင်းပိုင်း ပဋိပက္ခများနှင့် ကွဲပြားမှုများသည် ၁၉၉၄ ခုနှစ်တွင်ဗုဒ္ဓဘာသာ၀င်များဦးဆောင်သော DKBA ကဲ့သို့သော လက်နက်ကိုင်ခွဲထွက်အုပ်စုများကို ဖြစ်တည်စေခဲ့သည်။ ကွဲပြားသောလက်နက်ကိုင် ကရင်အုပ်စုများအကြားပဋိပက္ခများ၊ သစ္စာခံမှုအပြောင်းအလဲများနှင့် တပ်မတော်၏ ထပ်ခါတလဲလဲတိုက်ခိုက်မှုများသည် နှစ်ပေါင်းများစွာကြာလာသည်နှင့်အမျှ အဖွဲ့အစည်းကို အားနည်းလာစေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ KNU အားကိုယ်စားပြုမှုသည် ထိုင်းနိုင်ငံရှိဒုက္ခသည်စခန်းများနှင့် ကရင်ပြည်နယ်တွင်နေထိုင်သော လူမှုအသိုင်းအဝိုင်းများ အကြားတွင်ခိုင်မာနေဆဲပင်ဖြစ်သည်။ အဘယ်‌‌‌‌‌‌‌ကြောင့်ဆိုသော် ထိုသူများသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အကြမ်းဖက်မှုပါ၀င်သည့် ပဋိပက္ခများကြောင့် တိုက်ရိုက်ခံစားခဲ့ရခြင်း‌ ကြောင့်ဖြစ်သည်။ KNU သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညှိနှိုင်းမှုများတွင် အရေးအကြီးဆုံး ဖြစ်သောအစိုးရမဟုတ်သောအဖွဲ့များ အနက်မှတစ်ခုဖြစ်သည်။ လက်ရှိခေါင်းဆောင် စောမူတူးဆေးဖိုးသည် ၂၀၁၂ ခုနှစ်တွင်မြန်မာအစိုးရနှင အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးခဲ့သည်။ သို့သော်လည်း ထိုအချိန်မှစ၍ တိုက်ပွဲအသစ်များဖြစ်ပွားခဲ့ပြီး ပဋိပက္ခမှာပို၍ ဆိုးလာခဲ့သည်။  ကရင်ခေါင်းဆောင်များသည် ၄င်းတို့၏ကြိုးပမ်းမှုသည် သီးခြားပြည်နယ် တစ်ခုအတွက်ရည်ရွယ်ခြင်းမဟုတ်ဘဲ ကရင်ခေါင်းဆောင်များ လက်အောက်ရှိ ကရင်ဒေသ အတွက်ငြိမ်းချမ်းရေးနှင့် ကြောက်ရွံ့မှုကင်းမဲ့သည့်ဘဝ၊ ယဉ်ကျေးမှုနှင့်ဘာသာစကားကို ထိန်းသိမ်းနိုင်ခြင်းစသည်တို့ကို ရည်ရွယ်ကြောင်းထပ်ခါတလဲလဲ အလေးပေးပြောကြားခဲ့သည်။ တည်ထောင်သူများ၏ အခန်းကဏ္ဍသည် ယနေ့တွင် အထိမ်းအမှတ်တစ်ခုဖြစ်လာခဲ့သည်။  စောဘဦးကြီး သည်နှစ်ပေါင်းများစွာကြာ‌အောင် ကရင်လှုပ်ရှားမှု၏ မျက်နှာစာအဖြစ်ရှိနေပါသည်။   သူ၏ဓါတ်ပုံသည် KNU ၏လွှမ်းမိုးမှုရှိသောဒေသများ (ဒုက္ခသည်စခန်းများအပါအ၀င်)၏ နေအိမ်များနှင့် အများပြည်သူဆိုင်ရာအဆောက်အအုံများ လက်ညိုးထိုးမလွဲပင်ဖြစ်သည်။ အထူးသဖြင့် အခမ်းအနားတိုင်းတွင် သူ၏ဓါတ်ပုံသည် ကရင်တို့၏ စွမ်းဆောင်ရည်နှင့် လုပ်နိုင်စွမ်းကို ပြသသည့်သင်္ကေတပင်ဖြစ်သည်။  ထုံးတမ်းစဉ်လာအရ တိုင်းရင်းသား ဝိသေသသရုပ်လက္ခဏာများကို“ အခြားသူများ” ဟုခွဲခြားသတ်မှတ်နိုင်သည်။ အများအားဖြင့် ဗမာများဖြစ်သည်။ တိုက်ပွဲကိုရှင်သန်စေခြင်းအားဖြင့် ဗမာဘုရင်များအုပ်စိုးစဉ်ကာလ၊ ကိုလိုနီခေတ်ကာလများအတွင်းနှင့် စစ်တပ်အတွင်းနှစ်ပေါင်းများစွာကပင် လူမျိုးစုနှင့် ဘာသာတရားတို့၏ ကွဲပြားခြားနားမှုများကို ဆက်လက်ဖော်ပြနေခဲ့သည်။ အောက်ခြေရှိကရင်လူမျိုး အများစုအတွက် တိုက်ပွဲသည်ပထမဦးဆုံးအနေနှင့် ၎င်းတို့၏လုံခြုံမှု၊ လေးစားမှုနှင့်လွတ်လပ်ရေး အတွက်၎င်းတို့၏လူမျိုးစုလက္ခဏာကိုထိန်းသိမ်းရန်မျှော်လင့်ချက်ဖြစ်သည်။

သတင်းအချက်အလက်များကို အီးမေးလ်ဖြင့်ဆက်သွယ်သည့်အတွက် ကျွနှ်ပ်အနေဖြင့် စောဘဉီးကြီး၏ မြေးဖြစ်သူ Paul Sztumpf အားကျေးဇူးတင်ကြောင်းပြောကြားလိုပါသည်။

ကျမ်းကိုးစာရင်းများ

Keenan, Paul (2008). Saw Ba U Gyi. Voices of the Revolution. KHCPS paper.

Smith, Martin (1991): Burma. Insurgency and the Politics of Ethnicity. Zed books.

Sztumpf, Paul (2011): The life and times of Saw Ba U Gyi. E-booklet.

South, Ashley (2011): Burma’s longest war. Anatomy of the Karen conflict. Transnational Institute Burma Center Netherlands.

South, Ashley (2008): Ethnic Politics in Burma: States of Conflict. Routledge. Thawnghmung, Ardeth Maung (2012): The „Other“ Karen in Myanmar: Ethnic Minorities And The Struggle Without Arms. Lexington Books.

ဆရာစံ (1876-1931)

Eileen Brandenburg / Hans-Bernd Zöllner
Translation by Nang Lao Kham

English Version of this article

မိတ်ဆက်

ဆရာစံသည် ဗမာ့လွပ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် သူရဲကောင်းများထဲမှ တစ်ဉီးအပါအဝင်ဖြစ်သည်။ အဘယ်‌‌‌‌‌‌‌ကြောင့်ဆိုသော် ၁၉၃၀ခုနှစ်နှောင်းပိုင်းတွင်  စတင်ခဲ့သည့် တောင်သူလယ်သမားအရေး‌‌တော်ပုံတွင် ဉီး‌‌‌‌‌‌‌‌‌ဆောင်ပါဝင်ခဲ့သော‌ကြောင့် ဖြစ်သည်။ ဆရာစံ အရေး‌‌‌‌တော်ပုံ ဟုအမည်ရသော ထိုအရေး‌‌‌‌တော်ပုံကို ဆရာစံသည် ‌‌‌ခေါင်းဆောင်နေဖြင့် ၈လခန့်သာ ‌ဆောင်ရွက်ခဲ့သော်လည်း ထိုအရေး‌‌‌‌တော်ပုံသည် မြန်မာနိုင်ငံအနှံအပြားတွင် လ‌‌ပေါင်းများစွာ ဆက်လက်ဖြစ်ပေါ်‌‌‌‌‌နေခဲ့ပါသည်။   ဆရာစံသည် သူပုန်ခေါင်း‌‌‌‌‌ဆောင်အဖြစ် ခဏတာမျှသာ ပါဝင်ခဲ့‌သော်လည်း ကိုလိုနီဆန့်ကျင်ရေးကာလအတွင်းရှိ အရေး‌‌‌‌တော်ပုံ၏ရည်ရွယ်ချက် နှင့် ထိုအထဲတွင်ပါဝင်သော ဆရာစံ၏အခန်းကဏ္ဍတို့ကို စစ်ဆေး‌‌ရန် ကြိုးပမ်းမှုများကို ကြိမ်ဖန်များစွာခံခဲ့ရသည်။ “ဆရာစံအရေး‌‌တော်ပုံ” အပေါ်ရှိ များစွာ‌သော ရှုမြင်ပုံတို့သည် ယနေ့တိုင် မြန်မာ့သမိုင်းနှင့် နိုင်ငံရေး တို့၏‌‌နောက်ကွယ်ရှိ တွန်းအားများအားနားလည်သဘော‌ပေါက်သည့် ပုံစံများအား ညွှန်ပြလျက်ရှိသည်၊

အတ္ထုပ္ပတ္တိပုံကြမ်း

ဆရာစံကို ၁၈၇၆ခုနှစ် ‌အောက်တိုဘာလ ၂၄ရက်နေ့တွင် ‌‌နောက်ဆုံး ဗမာ့မင်းဆက် တည်ထောင်သူ အလောင်းဘုရားမင်း၏ မြို့တော်ဖြစ်သော ရွှေဘိုခရိုင်အနီးရှိ ရွာတစ်ရွာတွင်‌ မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ ဦးရာ‌ကျော်ဖြစ်သည်။  ဆရာစံကို မွေးဖွားပြီး ၁၀နှစ်အကြာတွင် ဗြိတိသျှတို့၏ မြန်မာနိုင်ငံအပေါ် အုပ်ချုပ်မှုအဆုံးသတ်ချိန်ရောက်လာခဲ့သည်။  ထိုအချိန်တွင် ၎င်း‌မွေးဖွားရာ ‌ဒေသအနီးတွင် မိရိုးဖလာ ဘုန်း‌တော်ကြီးသင် စာသင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။  အရွယ်ရောက်လာချိန်တွင် အနီးအနားရှိ အခြားရွာသို့ ‌‌ပြောင်းရွေ့ကာ ဖျာနှင့် ခြင်း‌‌တောင်းများ ယက်လုပ်ရောင်းချ၍ အသက်မွေးပါသည်။  နောင်တွင် ထိမ်းမြားလက်ထက်ခဲ့ပြီး သား‌‌ယောကျာ်းလေး ၁ယောက်နှင့် သမီးမိန်းကလေး ၁ယောက် ထွန်းကားခဲ့သည်။  နောက်ပိုင်းတွင် မြန်မာနိုင်ငံ‌တောင်ပိုင်းရှိ ‌‌မော်လမြိုင်မြို့အနီးရှိ မိုးမိန်းသို့ မိသားစုလိုက် ပြောင်းရွေ့ကာ လက်သမားဆရာအဖြစ် အသက်‌မွေးခဲ့ပြီး ဗေဒင်ဆရာ၊ တိုင်းရင်းဆေးဆရာအဖြစ်လည်း အောင်မြင်ခဲ့သည်။  ဆရာစံသည် အနောက်တိုင်းဆေးပညာနှင့် မိရိုးဖလာဗမာ့တိုင်းရင်း‌ဆေးပညာ ကို နှိုင်းယှဉ်ထား‌သော ကျမ်း၂အုပ် ကိုလည်းပြုစုရေးသားခဲ့သည်။  ထိုအချိန်မှစတင်၍ ၎င်းအနေဖြင့် ဆရာစံဟူသော အမည်အား ‌ခေါ်တွင်‌စေခဲ့ခြင်း ဖြစ်နိုင်ပါသည်။  ဆေးဆရာ တစ်ယောက်အနေဖြင့် ဗေဒင်၊ ဝိဇ္ဇာ နှင့် ဂါထာ ဆိုင်ရာ နယ်ပါယ်များတွင် အထူးကျွမ်းကျင်သူအဖြစ်သတ်မှတ်ခံခဲ့ရသည်။

Saya San around 1927

၁၉၂၀ ခုနှစ်တွင် မြန်မာနိုင်ငံလွပ်လပ်ရေး အတွက် တိုက်ပွဲဝင်ရန် နိုင်ငံအနှံ့အပြားရှိ အမျိုးသား‌ရေး လှုပ်ရှားတတ်ကြွသူများဖြင့် ဖွဲ့စည်းထား‌သော မြန်မာနိုင်ငံလုံးဆိုင်ရာအသင်းချုပ် (GCBA) သို့ ဝင်ရောက်ခဲ့သည်။ ပထမပိုင်းတွင် ဆရာစံသည် ၎င်း‌၏ ‌ကျေးရွာအဖွဲ့အစည်းကို ကိုယ်စားပြုပြီး ‌နောက်ပိုင်းတွင် ‌‌မော်လမြိုင်ခရိုင် ရုံးခွဲအတွက် တာဝန်ထမ်း‌ဆောင်ခဲ့သည်။  ဗြိတိသျှ၏ အခွန်ကောက်ခံမှုစနစ်ကြောင့် ဖြစ်ပေါ်လာ‌‌သော လယ်သမားများ၏ မကျေနပ်မှုများအား စာရင်း‌‌ကောက်ယူရန်အတွက် ဆရာစံအား ၁၉၂၄ခုနှစ်တွင် စုံစမ်းရေးကော်မတီဉက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။  ၁၉၂၉ခုနှစ်တွင် ဆရာစံမှ ကိုလိုနီအစိုးရမှ မတရားဖိနှိပ်ခြင်းကို ခံနေရသည့် ရွာသားများကို ကာကွယ်ရန်အတွက် ခုခံကာကွယ်ရေးအဖွဲ့အစည်းများကို တည်ထောင်ပြီး အမြတ်ခွန်ပေးခြင်းကို ငြင်းဆန်ရန်အဆိုပြုခဲ့သည်။  ထိုအဆိုပြုချက်ကို ၁၉၂၉ခုနှစ်တွင်ကျင်းပသော GCBA ညီလာခံတွင် ငြင်းပါယ်ခံခဲ့ရပြီး‌‌နောက် ဆရာစံသည် ဂဋုန်အသင်းဟုအမည်ရသော ၎င်း‌၏ကိုယ်ပိုင်အသင်းကို ဖွဲ့စည်းခဲ့သည်။ ဂဋုန်ဆိုသည်မှာ ထိုအချိန်ကာလတွင် ဗြိတိသျှတို့ကို ကိုယ်စားပြုပြီး ကမ္ဘာမြေကြီး နှင့် ရေတို့ကို ကိုယ်စားပြုသည့်နဂါးကို အောင်နိုင်သည်ဟု ယုံကြည်ကြသော ဒဏ္ဍာရီလာငှက်တစ်မျိုးဖြစ်သည်။

ဆရာစံသည် ၎င်း‌၏နောက်လိုက်များကို သစ္စာကျိန်ဆိုစေခြင်းနှင့် ဂဋုန်ရုပ်ပုံများအား တတ်တူးရေးထိုးစေခြင်းတို့ဖြင့် လက်ခံခဲ့သည်။  ၁၉၃၀ခုနှစ် ‌ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ဆရာစံသည် ရန်ကုန်မြို့၏ ‌အနောက်ဘက် ၁၇၀ကီလိုမီတာခန့် အကွာရှိ သာယာဝတီခရိုင်တွင် ဌာနချုပ်ကို တည်ထောင်ပြီး “ဂဋုန်တို့၏ဘုရင်”ဟူသော အမည်ကိုခံယူ၍ အရေး‌‌‌‌တော်ပုံကို စတင်ခဲ့သည်။ ထိုအရေး‌‌‌‌တော်ပုံကို လယ်သမားများ၏အခွန်များကို လျော့ပေါ့ပေးရန် ခေတ္တအုပ်ချုပ်ရေးမှူး ဆာဂျိုးဇက် အေအောင်ကြီး မှ ငြင်းဆန်ပြီး ‌‌နောက်တစ်ရက် မင်္ဂလာရှိ‌‌သော အချိန် ည ၁၁နာရီ ၃၃မိနစ်တွင် စတင်ခဲ့သည်။   အရေး‌‌တော်ပုံစတင်သည့် ၄၈နာရီအတွင်း အစိုးရအေးဂျင့်များဖြစ်သော ရွာလူကြီး၄‌‌‌ယောက်အသတ်ခံရပြီး အခြားအစိုးရဌာနများဖြစ်သော ရဲစခန်း၊ ဗြိတိသျှတို့၏ အမှတ်သင်္ကေတများ ဖြစ်သည့် ရထားလမ်းဂုံး‌ကျော်တံတားများ၊ ကြေးနန်းတိုင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာလ၃၀ရက်နေ့တွင် ပဲခူးရိုးမအနီး ‌တောင်တန်းများပေါ်ရှိ ဆရာစံ၏ဌာနချုပ်ကို အစိုးရတပ်များမှ သိမ်းပိုက်လိုက်နိုင်ခဲ့သည်။ ဆရာစံသည် ဘုန်းကြီးအဖြစ် ရုပ်ဖျက်၍ ရထားဖြင့် ပြည်မြို့သို့တိမ်း‌‌ရှောင်ခဲ့ပြီး ဇန်နဝါရီလ ၁၉၃၁ခုနှစ်တွင် ရထားဖြင့် ရှမ်းပြည်နယ်‌‌တောင်ပိုင်းသို့ ပြောင်းရွေ့ခဲ့သည်။ ထိုနေရာတွင် အာဏာပိုင်များ၏ မတရားနှိပ်စက်ခြင်းကို ခံရသည့်ရွာသားများကို ကူညီရန် တိုင်းရင်းသားအုပ်စုများ ပါဝင်သောနောက်ထပ်ဂဋုန်စစ်တပ်ကိုဖွဲ့စည်းခဲ့သည်။ အစိုးရစစ်တပ်များမှ သူပုန်တပ်များကို နှိမ်နှင်းချိန်တွင် ဆရာစံသည် ရွှေဘိုအနီးရှိ ၎င်း‌၏‌မွေးရပ်မြေသို့ ပြောင်းရွေ့ရန်ကြိုးပမ်းခဲ့သော်လည်း အဖမ်းခံရပြီးထိပ်တုံးခတ်ခံခဲ့ရသည်။  ၁၉၃၁ခုနှစ် သြဂုတ်လ ၂ရက်နေ့တွင် ‌ဒေသခံတစ်ယောက်၏ သတင်းပေးပို့မှုကြောင့် ဆရာစံကို ရဲများကဖမ်းဆီးနိုင်ခဲ့သည်။ ဆရာစံကို သာယာဝတီသို့ ပြန်လည်ခေါ်ဆောင်လာပြီး အထူးခုံရုံးဖြင့် စစ်ဆေးကာ သြဂုတ်လ ၂၈ရက်နေ့တွင် သေဒါဏ်ချမှတ်ခဲ့သည်။ အယူခံဝင်ခြင်းကို ငြင်းပါယ်ခဲ့ပြီး ဆရာစံကို ၁၉၃၁ခုနှစ် နိုဝင်ဘာလ ၂၈ရက်နေ့တွင် ကြိုး‌‌ပေးကွပ်မျက်ခဲ့သည်။ ဆရာစံကွပ်မျက်မခံရမီ ၎င်း‌၏နာမည်နှင့် စာကြည့်တိုက် တည်ဆောက်စေရန် ရည်ရွယ်ကာ ၎င်း‌၏မိရိုးဖလာဆေးပညာဆိုင်ရာအကြောင်း ရေးသားထားသော စာအုပ် ၂အုပ်အား ဆက်လက်ရောင်းချခွင့်ကို သတင်းစာဆရာ ၂ယောက်အား လွှဲ‌ပြောင်းပေးအပ်ခဲ့သည်။  ပထမဆုံးရရှိသည့် အလုပ်များမှာ မာ့က်စ်၊ ထရော့စကိုင် နှင့် လီနင် တို့ ဖြစ်သည်။  ဆရာစံ စတင်ခဲ့သည့် အရေး‌‌‌‌တော်ပုံ သည် ၁၉၃၂ ခုနှစ်အ‌စောပိုင်းအထိဆက်လက်ဖြစ်ပွားခဲ့သည်။

ရည်ရွယ်ချက်များ နှင့် အောင်မြင်မှုများ

ဆရာစံ၏ရည်ရွယ်ချက်များကို ၁၉၂၉ ခုနှစ် GCBA ၏၁၆ကြိမ်မြောက် ညီလာခံတွင် ဆရာစံ အဆိုပြုခဲ့သော အဆိုပြုချက် ၂ခုမှ ထုတ်နှုတ်ထားပါသည်။

၁ – ကိုလိုနီအစိုးရမှကောက်ခံသည့် လူခွန် နှင့် သဿမေဓခွန် များကို ငြင်းပါယ်ခြင်း။

၂ – အစိုးရထံမှ သစ်တောထုတ်ကုန်များဖြစ်သော သစ်နှင့်ဝါးများအား မိသားစုအသုံးပြုခြင်း အတွက် လွပ်လပ်စွာလုပ်ပိုင်ခွင့်ကို ‌‌တောင်းဆိုရန်နှင့် အကယ်၍ အစိုးရမှငြင်းဆန်လျှင် လက်ရှိကျင့်သုံး‌‌ နေ‌သော စည်းမျဉ်းများကို အကြမ်းမဖက်သည့် နည်းလမ်းဖြင့် ခုခံခြင်း။

ထိုအဆိုပြုချက် ၂ခုစလုံးသည် ၁၉၂၉ခုနှစ် တွင်ဖြစ်ပွားခဲ့သော Wall Street crash ၏ ‌နောက်ဆက်တွဲဖြစ်သည့် ကမ္ဘာ့အကျပ်အတည်းကာလအပြီးတွင် နိုငံတစ်ကာ ဆန်စပါးစျေးကွက် ထိုးကျမှု ကြောင့် ‌ကျေးလက်နေလူဉီး‌ရေ၏ စီးပွားရေးကျဆင်းမှု အခြေအနေ လျော့ချရန်နှင့် တစ်ပြိုင်နက်တည်း ဗြိတိသျှ တို့ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများမှ ၎င်း‌တို့၏ လွပ်လပ်ရေးကို ပိုမိုရယူနိုင်ရန် ရည်ရွယ်ပါသည်။  ထိုရည်ရွယ်ချက်များပြည့်မှီရန်‌ဆောင်ရွက်ရာတွင် ဗမာဘုရင်များ၏လက်အောက်တွင်ရှိခဲ့ဖူး‌‌သော ကျေးရွာများရှိ ကိုယ်ထူကိုယ်ထအဖွဲ့ များအား အလွန်တင်းကျပ်ထားသည့် ဗြိတိသျှ တို့၏ အုပ်ချုပ်မှုစနစ်နှင့် အပြိုင် ‌အောက်ခြေဖွဲ့စည်းပုံအဖြစ် ၁၉၂၀‌ နောက်ပိုင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်းအနှံ့အပြားသို့ ပျံ့နှံ့လာသည့် ဝံသာနုအသင်း (ငါတို့လူမျိုးအသင်း)၏ မူဝါဒ များနှင့်အညီ အစိုးရ၏မူဝါဒများကို သပိတ်မှောက်ခြင်းတို့ ပါဝင်ပါသည်။  ထို့ကြောင့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာရည်ရွယ်ချက်များသည် ဗုဒ္ဓဘာသာနှင့် လူသိများသော ယဉ်‌ကျေးမှုတို့၏ အခြေခံသဘောတရားများ နှင့် တစ်စုတစ်စည်းတည်း ချိတ်ဆက်လျှက်ရှိသည်။ ဆရာစံသည် ၁၉၂၅ခုနှစ်တွင် မြန်မာနိုင်ငံ၏ကျေးရွာများအားလုံးလိုလိုတွင် တည်ရှိ‌သော ဝံသာနုအဖွဲ့အစည်း၏အဖွဲ့ဝင်တစ်‌‌ယောက် ဖြစ်ပြီး GCBAမှတစ်ဆင့် ကျေးရွာများကို နိုင်ငံတော် အဆင့်အထိ ချိတ်ဆက်နိုင်ခဲ့သည်။  ရွေးကောက်ပွဲတွင် ပါဝင်ရန်နှင့် အခွန်ပေးဆောင်ရန် ငြင်းဆန်ခြင်း ကဲ့သို့သော ဗြိတိသျှအုပ်ချုပ်ရေး၏မူဝါဒများကို ထိထိရောက်ရောက်စိန်ခေါ်သည့် ကျေးရွာအခြေပြုအရေးတော်ပုံများဖြင့် ဝံသာနုအသင်းကိုဖွဲ့စည်းထားသည်။ ထိုကဲ့သို့သော ဆန္ဒပြမှုများကြောင့် ၁၉၂၂ခုနှစ်တွင် ကျင်းပသော ဗြိတိသျှတို့၏ ပထမဆုံးရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၆.၇၁%သာမဲရုံကို သွားသဖြင့် မဲပေးမှုရာခိုင်နှုန်းကို ကျဆင်း‌‌စေပြီး အောင်မြင်မှုရရှိခဲ့သည်။  ဤကဲ့သို့ အစိုးရလုပ်ထုံးလုပ်နည်းများအား တိတ်ဆိတ်စွာငြင်းဆိုမှုအပြင် အခွန်သပိတ်မှောက်ခြင်း နှင့် ပူး‌ပေါင်းလုပ်ဆောင်ခြင်း မရှိသည့် အခြား‌‌ပုံစံများကိုလည်း အစိုးရဌာနများမှ အပြစ်‌ဒါဏ်ပေးခဲ့သည်။ ကိုလိုနီစီပွား‌ရေးမှ လွပ်လပ်စွာရပ်တည်နိုင်ရန် အသင်းမှ ဝံသာနု အမှတ်အသားပါ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ခဲ့သည်။ ဗြိတိသျှအုပ်ချုပ်ရေးအတွက် အလုပ်လုပ်‌ပေးနေသော မြန်မာလူမျိုးများကမူ ဆိုင်များဆီသို့မလာကြပေ။ ဘုန်းကြီးများသည်လည်း ဆိုင်များကို ဘာသာရေးဆိုင်ရာဝန်ဆောင်မှုများ မပေးရန်တွန်းအား‌‌ပေးခြင်း ခံခဲ့ကြရသည်။  ဗြိတိသျှအုပ်ချုပ်ရေးမှ ဤအခြေအနေကို “နိုင်ငံရေးအကြမ်းဖက်မှုနှင့် တိုင်းပြည်အတွင်းရှိ လွတ်လပ်သော နိုင်ငံရေးအတွေးအမြင်များအားလုံးကို ဆန့်ကျင်ခြင်း” ဟုမှတ်ယူခဲ့ပြီး ဗြိတိသျှအုပ်ချုပ်ရေးတွင်ပါဝင်နေသော မြန်မာလူမျိုးများကို ဝိုင်းပါယ်ရန် ကြိုးပမ်းမှုများကို တုံ့ပြန်ရန်အတွက် သပိတ်မှောက်မှုဆန့်ကျင်ရေး ဉပဒေကို အတည်ပြုခဲ့သည်။ ဤတွင် “လွတ်လပ်ရေး” ၏ဆန့်ကျင်ဘက် အယူအဆ ၂ခုမှာ မြင်သာလာခဲ့သည်။

Saya San on the way to his execution

ဆရာစံသည် ဗြိတိသျှအုပ်ချုပ်‌ရေးကို ခုခံရန်အတွက် တိုင်းပြည်အုပ်ချုပ်ရေး၏ အပြိုင်တည်ဆောက်ပုံများ တည်ထောင်ခြင်းအားဖြင့် မြန်မာ့ရိုးရာကို အသုံးပြုကာ ကောင်းစွာ ဖွဲ့စည်းထားသည့် အရေးတော်ပုံတွင် အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ထိုနည်းလမ်းသည် ၁၉၂၉ခုနှစ်တွင် မြန်မာနိုင်ငံသို့လာ‌ရောက်လည်ပါတ်ခဲ့သော ဂန္ဒီ၏နည်းလမ်းဖြင့် ဆင်တူသည်။  ဖြစ်ရပ်မှန် လေ့လာမှုပေါင်း ၁၇၀ ပါဝင်သည့် လက်ရှိအခွန်စနစ်ကြောင့်ဖြစ်ပေါ်လာသော အခက်အခဲများကို စုံစမ်းစစ်ဆေးမှုများအပြီး ဆရာစံ၏အကြံပြုချက်များကို ထောက်ခံရန် GCBAမှ ငြင်းဆို‌သော အကျိုးဆက်အဖြစ် ဆရာစံ၏အမည်နှင့် ဆက်နွယ်လျက်ရှိသော အကြမ်းဖက်ပုန်ကန်မှုများ ဖြစ်လာရခြင်း ဖြစ်ပါသည်။  GCBAနှင့်၎င်းကိုထောက်ခံသည့် သံဃာ့အသင်းအတွင်း၌ ဂိုဏ်းဂဏ ကွဲပြားမှုကြောင့် ၁၉၂၉ ခုနှစ်ညီလာခံမတိုင်မီ ဝံသာနုအသင်း၏ မိခင်အဖွဲ့အစည်းသည်ပြိုကွဲခဲ့သည်။ GCBA ခေါင်းဆောင်အဖွဲ့ဝင်များသည် ရွေးကောက်ပွဲတွင် ပါဝင်ရန်ဆုံးဖြတ်ခဲ့ပြီး ယခင်သပိတ်မှောက်မှု မဟာဗျူဟာကိုစွန့်လွှတ်ခဲ့သည်။ ယင်းကြောင့် ဝံသာနုလှုပ်ရှားမှုများအား ပိုမိုအားကောင်းလာစေခဲ့သည်။ ဆရာစံတည်ထောင်ခဲသည့် ဂဋုန်အသင်းသည် တောင်သူလယ်သမားများ၏ လူထုမနာခံမှုကိုအဆုံးသတ်ရန် အစိုးရ၏ပြင်းထန်သော ဆောင်ရွက်ချက်များနှင့် ဗြိတိသျှတို့၏ မြန်မာနိုင်ငံအား “‌ခေတ်မှီ” စေရန်ပြုလုပ်မည့် အစီအစဉ်တွင် ကျရှုံးကာ ၎င်းတို့၏ ခံနိုုင်ရည်ကို အလျော့ပေးလိုက်သော မြန်မာ့အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ဆန့်ကျင်သည့် အောက်ခြေလူတန်းစား သပိတ်မှောက်သူများ၏ ပမာဏခြေလှမ်းကို ခုခံကာကွယ်သည့် ယူနစ်တစ်ခုဖြစ်သည်။

ဆရာစံ၏ အဓိကအောင်မြင်မှုမှာ မြန်မာ့တောင်သူလယ်သမားများ၏ ဆန္ဒပြမှုကို အစုလိုက်အပြုံလိုက် အရေးတော်ပုံတစ်ခုအဖြစ် အလေးအနက်ထားစဉ်းစားသင့်ကြောင်း ပြသလိုက်နိုင်ခြင်းပင် ဖြစ်သည်။  ဆရာစံ၏အမည်နှင့် ဆက်နွယ်လျက်ရှိသော ၁၉၃၀ ခုနှစ် ဒီဇင်ဘာ အရေး‌‌‌‌တော်ပုံသည် သူပုန်ခေါင်း‌‌‌‌‌ဆောင်အများအပြားအား တရားရုံးတင်စစ်ဆေးမှုကြောင့် အခြား‌သော “ဆရာစံ” များမှဉီးဆောင်ခဲ့သည့် ပုန်ကန်မှု မီးတောက်၏အစပိုင်းပင်ဖြစ်ပါသည်။ နောက်ဆုံးတွင် ဆရာစံ၏ ရုံးတင်စစ်ဆေးခြင်းနှင့် ကွပ်မျက်ခံရခြင်းတို့သည် နိုင်ငံခြားစီးပွားရေး အကျိုးစီးပွားနှင့် ၎င်းနှင့် ဒွန်တွဲနေသောနိုင်ငံရေးစနစ် ကိုထမ်းဆောင်ရန်အတွက် ပြည်သူများကို ဖိနှိပ်သည့်စနစ်အစား မြန်မာနိုင်ငံတောင်သူလယ်သမားအများစု၏ အကျိုးစီးပွားအတွက် ဦးတည်တိုက်ခိုက်သည့် မြန်မာနိုင်ငံလွပ်လပ်ရေး တိုက်ပွဲ၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။ ဆရာစံအရေး‌‌‌‌တော်ပုံကို ကိုလိုနီစနစ်နှင့် ၎င်း၏ဒွန်တွဲလျက်ရှိသော အရင်းရှင်စီးပွားရေးတို့အား ပြဠာန်းခြင်း၏‌ ‌‌‌နောက်ဆက်တွဲဖြစ်သော ဂလိုဘယ်လိုက်ဇေးရှင်း အကျိုးဆက်များကို ‌ဆန္ဒပြသည့် အစောပိုင်းဖြစ်ရပ်တစ်ခုအဖြစ် မှတ်ယူနိုင်ပါသည်။

သုံးသပ်ချက်

ဆရာစံနှင့် ၎င်း‌၏အမည်ခံ အရေး‌‌‌‌တော်ပုံတို့ကို အလွန်ကွဲပြားစွာ သုံးသပ်မိပါသည်။  အဓိကသရုပ်ဖော်သည့် အစီအစဉ်တွင် မိရိုးဖလာနှင့်ခေတ်သစ်၊ ကျေးလက်နှင့်မြို့ပြ၊ အယူသီးမှုနှင့် ဆင်ခြင်တုံတရား စသည့် ဆန့်ကျင်သောသဘောတရားရှိသည့် မျိုးအစားများကိုအသုံးပြုထားသည်။ ထိုကဲ့သို့သော အမျိုးအစားခွဲခြားထားခြင်းသည် ဗြိတိသျှအုပ်ချုပ်ရေး ၏အရေး‌‌‌‌တော်ပုံအပေါ် တရားဝင်အစီရင်စာတင်သွင်းသည့်အခါ အသုံးပြုထားခြင်းဖြစ်သည်။  ကိုလိုနီအုပ်ချုပ်ရေးမှူးများ၏ အမြင်တွင် လူထုအုံကြွမှုသည် တော်ဝင်မြန်မာတို့၏ ‌ရွှေထီးဆောင်းခဲ့သည့် အချိန်များကို ပြန်လည်တည်ဆောက်ရန်အတွက် နောက်ပြန်လှည့်ရန်ကြိုးစားနေခြင်းသာဖြစ်သည်။ ထိုရှုထောင့်မှ ကြည့်လျှင် ဆရာစံ၏“နန်းတတ်ပွဲ”နှင့် သူ၏တောင်ပေါ်ရှိ“နန်းတော်” တို့သည် အဓိကကျ‌သော အခန်းကဏ္ဍမှနေ၍ ဖြစ်ရပ်များ၏သမိုင်းကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်ပါသည်။ သီပေါမင်းအား နန်းချပြီး‌နောက်ပိုင်းတွင် ဗြိတိသျှတို့အား တိုက်ခိုက်ခဲ့သည့် အရေး‌‌‌‌တော်ပုံများတွင် မင်းလောင်းဟူသောပုံရိပ်သည် အလွန်အရေးပါသော အခန်းကဏ္ဍဖြစ်ခဲ့သည်။  ထိုအယူအဆသည် အုပ်ချုပ်သူတစ်‌‌ယောက်သည် ဘုန်းကံရှိရမည်ဟူ‌သော ယုံကြည်မှုအခြေခံပါသည်။ ဆရာစံသည် သူ့နောက်လိုက်များ၏အမြင်တွင် အရည်အချင်းအစစ်အမှန်ကို ပိုင်ဆိုင်သော်လည်း သူ၏အဓိက ရည်ရွယ်ချက်မှာဘုရင်စနစ်ကိုပြန်လည်တည်ဆောက်ရန်ဖြစ်သည်ဟုမဆိုလိုပါ။ သူ့ကိုယ်သူ သမ္မတ အဖြစ်မှတ်တွင်ခဲ့ပြီး သံဃာတော်များ၊ ပြည်သူလူထုနှင့် ဗုဒ္ဓဘာသာကိုးကွယ်သူများ၏ အကျိုးကိုကာကွယ်ရန်အတွက် ဗြိတိသျှတော်လှန်‌ရေးကို လိုအပ်သည်ဟုဆိုခဲ့သည်။

လက်ရှိအုပ်ချုပ်သူ၏ ရာဇပလ္လင်အား စိန်ခေါ်သူမှ ဗမာလူမျိုးများကိုကာကွယ်ရန်အတွက် ကိုလိုနီအာဏာဆန့်ကျင်ခြင်းကို တရားဝင်ဖြစ်‌စေရန် ဤ“မင်းလောင်း အာဘော်” ပြောင်းလဲခြင်းကို ဗမာ့လွပ်လပ်ရေး ကြိုးပမ်းမှုလုပ်ဆောင်နေချိန်အတွင်း ဆက်လက်သုံးစွဲခဲ့ကြသည်။  ဤသို့ အနာဂတ်ဘုရင်တစ်ပါး ပေါ်ပေါက်လာခြင်းဟူသော နှစ်ပေါင်းထောင်ချီမျှော်လင့်ချက်များက ဗိုလ်ချုပ်အောင်ဆန်းအား မြန်မာနိုင်ငံကို တရားမျှတမှုမရှိသည့် နိုင်ငံခြား ဉပဒေလွှမ်းမိုးမှုမှ လွတ်မြောက်စေသည့် ခေါင်းဆောင်တစ်ယောက်အဖြစ် မှတ်ယူစေရန် ကူညီခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် ဆရာစံသည်လည်း သြဇာသက္ကမရှိ‌သောခေါင်းဆောင် ဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်များပြည့်ဝစေရန်အတွက် အကြမ်းဖက်နည်းလမ်းအသုံးပြုရန် အခြေအနေများမှ တွန်းအား‌ပေးခြင်းခံရသူအဖြစ် သူကိုယ်သူမှတ်ယူထားပါသည်။ ထို့အပြင်၂‌‌ယောက်စလုံးသည် လူအများစု၏ဆန္ဒနှင့်တောင်းဆုများကို ကိုယ်စားပြုကြသည်။ ဆရာစံ၏ဖြစ်ရပ်တွင် သူတိုက်ရိုက် ဉီးဆောင်ခဲ့သော အရေး‌‌‌‌တော်ပုံသည် အလွန်အကန့်အသတ်ရှိပြီး အချိန်ကာလအားဖြင့် အလွန်တိုတောင်းလှသော်လည်း ရွာသားများ၏ အမျက်‌ဒေါသများ ပျံ့နှံ့မှုကြောင့် အရေး‌‌‌‌တော်ပုံသည် နိုင်ငံ၏အခြားနေရာများသို့ ဆရာစံ၏တိုက်ရိုက် ခေါင်းဆောင်မှုမပါရှိဘဲ ပျံနှံ့သွားခဲ့ကြောင်း အချက်အလက်များမှ ‌‌ဖော်ပြနေပါသည်။

ဆရာစံအရေးတော်ပုံအတွက် လူထုစည်းရုံးရေးနည်းလမ်းများသည် မိရိုးဖလာလုပ်ဆောင်မှုများ ဖြစ်‌သော တက်တူးထိုးခြင်း၊ ကျမ်းကျိန်ဆိုခြင်းနှင့်သစ္စာရေသောက်ခြင်း ကဲ့သို့သောမှော်စွမ်းအားများ နှင့် ဆက်စပ်မှုရှိသည်။ မည်သို့ပင်ဆိုစေ ဆောင်ရွက်ချက် ၂ရပ်စလုံး လက်တွေ့ကျကျ အဆုံးသတ်ခဲ့သည်။  ၎င်းတို့သည် သူပုန်အုပ်စုများကို အတူတစ်ကွရှိစေပြီး လုံခြုံမှုနှင့် အကြောက်တရားကင်းမဲ့မှုတို့ကို ခံစားနိုင်အောင် ‌ဆောင်ရွက်ခဲ့ကြသည်။  ဒေါ်အောင်ဆန်းစုကြည် သည် ဗုဒ္ဓဘာသာ၏ အတွေးအမြင်ကို ခေတ်သစ်ဖွင့်ဆိုချက်ဖြင့် သက်သေပြထားသည့် သူမ၏ ကျော်ကြားလှသော ဆောင်ပုဒ် “အကြောက်တရားမှလွတ်မြောက်ခြင်း” တွင်ဆရာစံနှင့် သူ၏နောက်လိုက်များက ကိုလိုနီဆန့်ကျင်ရေးတိုက်ပွဲတွင် ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာကို မှီခိုအားထားခဲ့ကြောင်း ထောက်ပြထားပါသည်။

ယေဘုယျအားဖြင့် ဆရာစံ၏ရည်မှန်းချက်များနှင့် ၎င်းတို့ကိုပြီးမြောက်စေသည့်နည်းလမ်းများမှာ ရိုးရာနှင့်ခေတ်သစ်ပုံစံများကိုပေါင်းစပ်ကာ မြန်မာနိုင်ငံရှိဗြိတိသျှအုပ်ချုပ်မှုကို ခုခံတွန်းလှန်ခဲ့ခြင်း ဖြစ်သည်။ ဆရာစံကို မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ စံနမူနာပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်နိုင်သည် အဘယ့်ကြောင့်ဆိုသော် ကိုလိုနီ‌ခေတ်မှစ၍ ယနေ့နိုင်ငံရေးခေါင်းဆောင်များ ထက်စာလျှင် ဆရာစံသည် တိုင်းပြည်၏ အထက်တန်းလွှာအဖွဲ့ဝင်မဟုတ်သော်လည်း ယနေ့အချိန်အထိ မြန်မာနိုင်ငံ၏ လူဦးရေအများစုကိုဖွဲ့စည်းထားသောတောင်သူလယ်သမားများ၏ကမ္ဘာ့အမြင်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လျက်ရှိသည်။ လွတ်လပ်ရေးမတိုင်မီ အချိန်အတန်ကြာ မြန်မာ့နိုင်ငံရေးကို လွှမ်းမိုးခဲ့သောနိုင်ငံရေးသမားနှစ်ဦးသည် ဆရာစံကွယ်လွန်ပြီးနောက် သူတို့၏ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းမှုအတွက် ဆရာစံ၏ ကျော်ကြားမှုကိုအသုံးပြုခဲ့သည်။ ဒေါက်တာဘမော်သည် ၁၉၃၅ ခုနှစ်ဖွဲ့စည်းပုံအခြေခံဉပဒေအရ ပထမဆုံးဝန်ကြီးချုပ်လည်းဖြစ်ပြီး ဆရာစံ၏အဓိကကာကွယ်ရေးရှေ့နေလည်းဖြစ်သည်။ နှစ်အနည်းငယ်ကြာပြီး‌နောက် ထိုရုံးခန်းကို ဆက်လက်တာဝန်ယူခဲ့သော ဦးစောသည် ကာကွယ်ရေးတွင်ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင်သူနှင့် သူ၏ကိုယ်ပိုင်တပ်မတော်အတွက် ‚ဂဋုန်‘ ဟူသောအမည်ကို မှည့်တွင်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အောင်ဆန်းကိုလုပ်ကြံရန်အမိန့်ပေးခဲ့သည်။ 

မြန်မာနိုင်ငံ၏ ကိုလိုနီသမိုင်းရှိ ဤအရေးပါသောအဖြစ်အပျက်ကို နားလည်ရန်အတွက် မြန်မာ့ နိုင်ငံရေးယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို စုံစမ်းစစ်ဆေး‌သော သုတေသီများမှ ဆရာစံအား ‌လေးစားခဲ့ကြသည်။  ဤလေ့လာမှုသည် လူကြိုက်များသောသူရဲကောင်း အမည်ခံ အရေး‌‌‌‌တော်ပုံကို အာရုံစိုက်ခြင်းသည် ဆရာစံ၏ ဘဝကိုအာရုံစူးစိုက်ခြင်းထက် ပို၍ အရေးကြီးပုံရသည်ဟု ‌ဖော်ပြနေသည် အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ခေတ်သစ်သမိုင်းတွင် လူထုအုံကြွမှု အများအပြားပေါ်ပေါက်လာခဲ့‌သောကြောင့်ဖြစ်သည်။

၅. ကျမ်းကိုးစာရင်းများ

ဤအတ္ထုပ္ပတ္တိတွင် ဆရာစံအရေးတော်ပုံ နှင့်ပတ်သက်သောစာအုပ်များနှင့်ဆောင်းပါးများစွာရှိသည့် အနက်အောက်ပါတို့ကိုအသုံးပြုထားပါသည်။

စာရေးဆရာ Maitrii အောင်သွင် ရေးသားခဲ့သော The Return of the Galon King 2011.  History, Law, and Rebellion in Colonial Burma. Athens, Ohio University Press.

Herbert, Particia 1982 The Hsaya San Rebellion (1930-1932) Reappraised. Melbourne, Monash University, Centre of Southeast Asian Studies (Working Papers Nr. 27).

စာရေးဆရာ မောင်မောင် ရေးသားခဲ့သော From Sangha to Laity 1980. Nationalist Movements of Burma, 1920-1940. New Delhi, Manohar.

Prager, Susanne 2003 Coming of the “Future King”: ဒုတိယကမ္ဘာစစ်မတိုင်မီ နှင့်စစ်ပွဲကာလအတွင်း မြန်မာ့မင်းလောင်း မျှော်လင့်ချက်များ Journal of Burma Studies 8:  1-32.

Salomon, Robert L. 1969 Saya San and the Burmese Rebellion. Modern Asian Studies 3, 3: 209-223.

[1] ၂ခုစလုံးသည် အမည်မတူသည့် အိမ်ထောင်စုအခွန်အခများဖြစ်ကြသည်။

[2] စာရေးဆရာ မောင်မောင် ၁၉၈၀ မှ ကိုးကားထားပါသည်။

[3] Statement of  Mr. Lewinson in his introduction of the Anti-Boycott Bill on 21 February 1922 (Proceedings of the Legislative Council p. 948).

[4] The Burmese word for a monk – hpon-gyi – means “great merit”

[5] ဤခေါင်းစဉ်သည် ဗုဒ္ဓဘာသာစာသားဖြစ်သောအဂ္ဂင်သာသုတ်အရလူသားတို့၏သမိုင်းတွင်ပထမဆုံးအုပ်ချုပ်သူ (မဟာသမ္မတ) ကိုရည်ညွှန်းသည်။ ဤသမ္မတသည် တရားဉပဒေစိုးမိုးရေးအတွက် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီနားလည်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်က ထိုအဖြစ်အပျက်ကို ဗုဒ္ဓဘာသာအရင်းအမြစ်တစ်ခုအဖြစ် ဖော်ပြခဲ့သည်။

ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃)

Gerhard Köberlin and Hans-Bernd Zöllner
Translation by Nyein Chan May

English version of the article

၁။ မိတ်ဆက်

ဦးဖေမောင်တင်သည် မြန်မာနိုင်ငံတွင်သာမက၊ နိုင်ငံရပ်ခြားတွင်ပါ အသိအမှတ်ပြုခံရသည့် ရှားပါးမြန်မာပညာရှင်များထဲမှ တစ်ဦးဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် စာပေတွင်လည်းကောင်း၊ သူ့လက်ရာများနှင့် အရည်အချင်းကို မကြာခဏ တန်ဖိုးထားမြှောက်စားကြသည်။ ထိုစဥ်က ဦးဖေမောင်တင်အနေဖြင့် မြန်မာ့လူ့အဖွဲ့အစည်းကို အထောက်အကူပြုဆောင်ရွက်ခဲ့စဥ် (၁၉၂၀) နှင့် (၁၉၃၀) ပြည့်လွန်နှစ်များ ဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ အချို့သော မြန်မာမိတ်ဆွေ၊ ဗြိတိသျှမိတ်ဆွေများနှင့်အတူ၊ မြန်မာ့ရိုးရာများကို နိုင်ငံတကာတွင် ခေတ်ပြိုင်ဆန်းသစ်လာမှု၏ စိန်ခေါ်မှုများနှင့် တွေ့ထိစေလိုခြင်းဖြစ်သည်။

၂။ ကိုယ်ရေးအကျဥ်း

ဦးဖေမောင်တင်ကို (၁၈၈၈) ခုနှစ်၊ ဧပြီလ (၂၄)ရက်တွင် ရန်ကုန်မြို့၊ အင်းစိန်အရပ်၌ ဖွားမြင်သည်။ ဖခင်ဖြစ်သူ ဦးဖေသည် တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုဌာန၏ ရုံးအုပ်ကြီးဖြစ်ပြီး၊ မိခင်မှာ ဒေါ်မြိုင်ဖြစ်သည်။ မိဘနှစ်ပါးလုံး မြန်မာနိုင်ငံအလယ်ပိုင်းမှ ဘတ်ပတစ်စ်ခရစ်ယာန်များ ဖြစ်ကြသည်။ ပထမဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ရေးသားပြုစုခဲ့သူ၊ သမ္မာကျမ်းစာကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သူ ဦးထွန်းငြိမ်းမှာ ဦးဖေမောင်တင်၏ ဖခင်ဘက်မှ ဦးလေးတော်စပ်သည်။ မိခင်ဘက်မှ အဘိုးမှာ အထက်မြန်မာပြည်သံဃာတို့၏ ထိပ်ခေါင် တောင်ခွင်းဆရာတော် ဖြစ်သည်။ ငယ်နာမည်မှာ မောင်တင်ဖြစ်ပြီး၊ နောက်ပိုင်းတွင်မှ ဖခင်၏ နာမည်ကို ထပ်မံပေါင်းထည့်ခဲ့သည်။

            ခရစ်ယာန်မိသားစုမှ ဆင်းသက်လာသော်လည်း၊ (၁၈၉၃)ခုနှစ်မှ (၁၈၉၆)ခုနှစ်အထိ ဗုဒ္ဓဘာသာစာပေများ သင်ကြားပို့ချသည့် အလွတ်ပညာသင်ကျောင်းတွင် မူလတန်းပညာကို သင်ယူခဲ့သည်။ (၁၈၉၆)ခုနှစ်တွင် ရန်ကုန်မြို့ရှိ အစိုးရအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ခဲ့ပြီး၊ အသက် (၁၄)နှစ်အရွယ်တွင် ပထမဆုကို ရရှိခဲ့သည်။ ကောလိပ်ဝင်ခွင့်ရပြီးနောက် ရရှိလာသည့်ဆုများသည်လည်း တိုးပွားလာခဲ့သည်။ အသက် (၁၅)နှစ်အရွယ်တွင် “ကျောင်းသားများ နိုင်ငံခြားသားဆရာများကို လက်အုပ်ချီနှုတ်ဆက်ရသည့်” ဓလေ့ကို ဆန့်ကျင်ရန် သပိတ်ကို ဦးဆောင်ခဲ့သည်။ ထိုအမိန့်ကိုလည်း ဖျက်သိမ်းရသည်။ (၁၉၀၆)ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို တက်ရောက်ခဲ့ပြီး၊ ပါဠိဘာသာကို လေ့လာသင်ကြားခဲ့ကာ၊ (၁၉၁၁)ခုနှစ်တွင် မဟာဘွဲ့ကို ပြီးမြောက်အောင်မြင်သည်။ တစ်နှစ်ကြာပြီးနောက် ရာထူးတိုးသွားသည့် သူ့ဆရာဥရောပသားတစ်ဦးနေရာတွင် စာသင်သည့် ပါမောက္ခဖြစ်လာသည်။

            ပညာရပ်နယ်ပယ်တွင် အလုပ်စတင်ဝင်ရောက်စကတည်းက ဦးဖေမောင်တင်သည် မြန်မာနိုင်ငံနှင့် နိုင်ငံခြားမှ ပညာရှင်များနှင့် ပူးပေါင်းဆက်သွယ်ဆောင်ရွက်ခဲ့သည်။ (၁၉၁၀) ပြည့်နှစ်တွင် မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်၏ တည်ထောင်သူအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး၊ ဂျာနယ်အတွက် ဆောင်းပါးအမြောက်အများ ရေးသားခဲ့သည်။ သူ၏ ပထမဆုံးဆောင်းပါးမှာ “ခရစ်ယာန်သာသနာပြု မြန်မာစာ” ဟု အမည်ရပြီး၊ နိုင်ငံခြားမှ လာရောက်သည့် သာသနာပြုများ၏ ဘာသာဗေဒအရည်အချင်းကို ဝေဖန်ချက်တစ်ခု ဖြစ်သည်။ (၁၉၁၁)ခုနှစ်ထုတ် ပထမဆုံးဂျာနယ်တွင် ဖော်ပြခံရသည်။ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်၏ ပထမအယ်ဒီတာအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ပြီး၊ (၁၉၁၂)ခုနှစ်တွင် အသင်း၏ ဘဏ္ဍာရေးမှူးဖြစ်လာခဲ့သည်။ ပါဠိဘာသာပါမောက္ခအနေဖြင့် လန်ဒန်မြို့အခြေစိုက် ပါဠိစာပေအသင်းနှင့် အဆက်အသွယ်ရှိခဲ့ပြီး၊ (၁၉၁၆)ခုနှစ်မှ စတင်ကာ ပါဠိကျမ်းရင်းများကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

            ရန်ကုန်တက္ကသိုလ်ကို တည်ထောင်သည့် (၁၉၂၀)ပြည့်နှစ်တွင် လန်ဒန်မြို့သို့ သွားရောက်ပြီး၊ (၁၉၂၄)ခုနှစ်အထိ အောက်စ်ဖို့ဒ်နှင့် လန်ဒန်တွင် ပညာသင်ကြားခဲ့သည်။ လန်ဒန်မြို့ ပါဠိစာပေအသင်းနှင့် အသင်းဥက္ကဋ္ဌများဖြစ်ကြသည့် Thomas (၁၉၂၂ ခုနှစ် ကွယ်လွန်သည်အထိ)၊ Caroline Rhys Davies တို့နှင့် ဦးဖေမောင်တင်၏ ပတ်သက်ဆက်နွှယ်မှုက ပိုမိုနီးကပ်လာခဲ့သည်။ အင်္ဂလန်နိုင်ငံတွင် ရှိနေစဥ်အတောအတွင်း မှန်နန်းရာဇဝင်တော်ကြီးကို ဘာသာပြန်ဆိုခဲ့သည်။ မှန်နန်းရာဇဝင်တော်ကြီးကို (၁၉)ရာစုအစောပိုင်း၊ အမရပူရနန်းတွင်းတွင် ပြုစုခဲ့ခြင်းဖြစ်သည်။ ဦးဖေမောင်တင်၏ ဘာသာပြန်ကို (၁၉၂၃)ခုနှစ်တွင် ထုတ်ဝေသည်။ ထိုဘာသာပြန်မူကို (၁၉၁၁)ခုနှစ်ကတည်းက ရန်ကုန်မြို့တွင် အင်္ဂလိပ်စာပေပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သည့် Gordon C. Luce (၁၈၈၉-၁၉၇၈) နှင့်အတူ တွဲဖက်ပြန်ဆိုခဲ့ခြင်းဖြစ်သည်။ (၁၉၁၅)ခုနှစ်တွင် ပါမောက္ခ Gordon C. Luce က ဦးဖေမောင်တင်၏ နှမဖြစ်သူနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ မှန်နန်းရာဇဝင်တော်ကြီးကို ဘာသာပြန်ဆိုမှုက ဦးဖေမောင်တင်အနေဖြင့် သမိုင်းပညာရှင်တစ်ဦးလည်း ဖြစ်သည်ကို ပြသနေသည်။ ပါမောက္ခ Luce နှင့် ဦးဖေမောင်တင်တို့မှာ ကာလရှည်ကြာပေါင်းသင်းလာကြသည့် မိတ်ဆွေများလည်း ဖြစ်ကြသည်။ သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်ခြင်းက Luce ကို မြန်မာ့ရှေးဟောင်းသမိုင်းနှင့်ပတ်သက်ပြီး၊ ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်လာစေသည်။ ပါဠိစာများကို ဘာသာပြန်ရာတွင်လည်း ဦးဖေမောင်တင်က အခြေခံမူကြမ်းကို ပြန်ဆိုပြီး၊ သူ့ယောက်ဖဖြစ်သူက အင်္ဂလိပ်ဘာသာစကားအသုံးကို ချောမွေ့စေသည်။

            မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီးနောက် ပါမောက္ခတာ၀န်ကို ဆက်လက်ထမ်းဆောင်ခဲ့ပြီး၊ ပါဠိဘာသာနှင့် မြန်မာဘာသာကို လေ့လာခြင်းများ ပါဝင်သည့် “အရှေ့တိုင်းဘာသာဌာန” ကို တက္ကသိုလ်တွင် တည်ထောင်ရန် အုတ်မြစ်များ ချခဲ့သည်။ သူ့သင်ခန်းစာများ၏ အဓိကအကျိုးသက်ရောက်မှုမှာ “ခေတ်စမ်း” စာပေလှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ “ခေတ်စမ်း”စာပေလှုပ်ရှားမှုသည် မြန်မာနိုင်ငံတွင် စာပေလှုပ်ရှားမှုအသစ်တစ်ရပ်ဖြစ်ပြီး၊ ဦးဖေမောင်တင်၏ တပည့်အချို့ ခေတ်မီ ခေတ်ရှေ့ပြေးသည့် ပုံစံဖြင့် ရေးသားသည့် ဆောင်းပါးများ၊ ဝတ္ထုတိုများနှင့် ကဗျာများဖြင့် လှုပ်ရှားမှုကို စတင်ခဲ့သည်။

            အခြားတစ်ဘက်တွင်လည်း ဦးဖေမောင်တင်က မြန်မာနိုင်ငံသုတေသနအသင်းကို တွဲဖက်တည်ထောင်သူ John S. Furnivall ကို ထောက်ခံကူညီခဲ့သည်။ John S. Furnivall က နိုင်ငံ၏ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှုကို ပညာရေးအသိသညာဖြင့် ပြုစုပျိုးထောင်ခြင်းအားဖြင့် တိုးတက်မြှင့်တင်ပေးရန် အားထုတ်ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့သည်ကို ဦးဖေမောင်တင်က ကူညီအားပေးခဲ့သည်။ ဤရည်ရွယ်ချက်ကို ရောက်မီရန် ပထမလုပ်ဆောင်ချက်မှာ (၁၉၂၅)ခုနှစ်မှ စပြီး The World of Books ကို လစဥ် ဘာသာစကားနှစ်မျိုးဖြင့် ထုတ်ဝေခြင်းဖြစ်သည်။ နောက်ထပ်လုပ်ဆောင်ချက်တစ်ရပ်မှာ (၁၉၂၈)ခုနှစ်တွင် မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အသင်းက စာဖတ်ဝိုင်းများ တိုးပွားစေရန် မြှင့်တင်ကူညီပြီး၊ လစဥ်ထုတ်စာစောင်များတွင်လည်း လူများပါဝင်ရေးသားကြရန် အားပေးခဲ့သည်။

            (၁၉၂၈)ခုနှစ်တွင် ဧဝံဂဲလိဘုရားကျောင်းတွင် Edith ဟုခေါ်တွင်သည့် ဒေါ်ကြည်ကြည်နှင့် လက်ထပ်ခဲ့ပြီး၊ သမီးနှစ်ဦး ထွန်းကားခဲ့သည်။

            (၁၉၃၇)ခုနှစ်တွင် ဦးဖေမောင်တင်သည် တက္ကသိုလ်ကောလိပ်တွင် ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် ပထမဆုံးမြန်မာလူမျိုး ဖြစ်လာသည်။ ဂျပန်တို့ ဝင်သိမ်းစဥ်တွင် တက္ကသိုလ်အကြံပေးဘုတ်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည်။ (၁၉၄၆)ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ထို့နောက် ဘာသာဗေဒ၊ စာပေနှင့် သမိုင်းနယ်ပယ်တို့တွင် အကြောင်းအရာအမျိုးမျိုးအကြောင်း ဆောင်းပါးများ ရေးသားခဲ့သည်။ သူရေးသားခဲ့သည့် ဆောင်းပါးပေါင်း ၂၂၇ ပုဒ်ရှိသည်ဟု မှတ်တမ်းရှိသည်။

            ဦးဖေမောင်တင်သည် (၁၉၅၇)ခုနှစ်မှ (၁၉၅၈)ခုနှစ်အထိ ချီကာဂိုတက္ကသိုလ်တွင် ဗုဒ္ဓဘာသာကို သင်ကြားပို့ချပေးရန် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ချီကာဂိုတက္ကသိုလ်က သူ့အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခဲ့သည်။ (၁၉၅၉)ခုနှစ် မေလတွင်၊ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် အရှေ့အာရှခရစ်ယာန်ကောင်စီ၏ ညီလာခံဖွင့်ပွဲကို တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် မြန်မာလူမျိုးတစ်ဦးဖြစ်သည့် ဦးကျော်သန်းကို အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ (၁၉၇၃)ခုနှစ်တွင် အသင်းကြီး၏ အမည်ကို အာရှခရစ်ယာန်ကောင်စီ (CCA) အဖြစ် ပြောင်းလဲခေါ်ဆိုပြီး၊ ယနေ့အချိန်တွင် အာရှနိုင်ငံများမှ အဖွဲ့ဝင်ပေါင်း (၁၀၀)ကျော်ကို ကိုယ်စားပြုထားပါသည်။ ထို့နောက် ဦးဖေမောင်တင်သည် ယဥ်ကျေးမှုနှီးနှောဖလှယ်ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ (၁၉၆၁)ခုနှစ်တွင် အရှေ့တောင်အာရှ၏ ပထမဆုံး ဗုဒ္ဓဘာသာ-ခရစ်ယာန်ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို အရှေ့အာရှခရစ်ယာန်ကောင်စီက အထွေထွေအတွင်းရေးမှူး ဦးကျော်သန်း၏ ဦးဆောင်မှုအောက်တွင်၊ ရန်ကုန်မြို့ရှိ Holy Cross ကောလိပ်၌ ကျင်းပခဲ့သည်။ ၄င်းဆွေးနွေးပွဲတွင် ဦးဖေမောင်တင်က အနောက်တိုင်းမှ သာသနာပြုများ၏ ယဥ်ကျေးမှုရှုထောင့်၊ ချဥ်းကပ်ပုံကို ဝေဖန်မှတ်ချက်ပြုခဲ့သည်။ အဆိုပါဆွေးနွေးပွဲက (၁၉၆၁)ခုနှစ် နယူးဒေလီမြို့တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဘုရားကျောင်းများကောင်စီ၏ ညီလာခံတွင် အာရှအကြောင်း ထည့်သွင်းဆွေးနွေးရာ၌ အရေးကြီးသည့် အကြောင်းအရာတစ်ခု အဖြစ် အသိအမှတ်ပြုခံရသည်။ အဆိုပါ ညီလာခံသည် ကမ္ဘာလုံးဆိုင်ရာ ဘုရားကျောင်းများကောင်စီက အာရှတွင် ပထမဆုံးကျင်းပသည့် ညီလာခံလည်း ဖြစ်သည်။

            (၁၉၆၀)မှ (၁၉၆၄)ခုနှစ်အထိ ဦးဖေမောင်တင်သည် မြန်မာ့သမိုင်းကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာ့စွယ်စုံကျမ်းရေးသားပြုစုရာတွင်လည်း မြန်မာနိုင်ငံဘာသာပြန်အသင်းကို ဦးဆောင်ခဲ့သည်။ (၁၉၆၈)ခုနှစ်တွင် မြန်မာနိုင်ငံသုတေသနအသင်းက သူ၏ အသက် (၈၀)ပြည့်မွေးနေ့ကို ကန်တော့ပွဲသဘင်ဖြင့် အထူးတလည် ကျင်းပခဲ့သည်။ အငြိမ်းစားယူပြီးသည့်နောက် ရန်ကုန်မြို့ရှိ Holy Cross ကောလိပ်တွင် ပါမောက္ခအဖြစ် တာဝန်ဆက်လက်ထမ်းဆောင်ခဲ့သည်။ Holy Cross ကောလိပ်သည် မြန်မာနိုင်ငံရှိ ထိပ်တန်းကျမ်းစာသင်ကျောင်းများထဲမှ တစ်ကျောင်းဖြစ်ပြီး၊ ဧဝံဂဲလိဘုရားကျောင်းလက်အောက်တွင် ရှိသည်။ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည့် ဦးဖေမောင်တင်သည် မြန်မာခရစ်ယာန်ကောင်စီကို တည်ထောင်သူတစ်ဦးဖြစ်ပြီး၊ ခရစ်ယာန်စာပေအသင်းကို တာဝန်ယူခဲ့သည်။ မြန်မာခရစ်ယာန်ဘုရားကျောင်းများကောင်စီ၏ ဗုဒ္ဓဘာသာလေ့လာရေးကော်မရှင်တွင် ဥက္ကဋ္ဌတာဝန်ကို ယူခဲ့သည်။

(၁၉၇၃)ခုနှစ်၊ မတ်လ (၂၂)ရက်တွင် ဦးဖေမောင်တင် ကွယ်လွန်ခဲ့သည်။

၃။ ရည်ရွယ်ချက်များနှင့် ရရှိအောင်မြင်ခဲ့သည်များ

ဦးဖေမောင်တင်သည် “ယဥ်ကျေးမှုများ တိုးတိုက်မိခြင်း”ကို အထူးတလည်သတိပြုသူ ဖြစ်သည်။ ဥရောပကိုလိုနီဝါဒ၊ ယဥ်ကျေးမှုတို့နှင့် နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်း၊ ခရစ်ယာန်ဘာသာရေး အထူးသဖြင့် အမေရိကန်နောက်ခံ ခရစ်ယာန်ဝါဒနှင့် ဘာသာရေးအရ တွေ့ထိကြခြင်းတို့ ဖြစ်သည်။ ထို့အတွက် သူ့တုံ့ပြန်မှုမှာ သူ့နိုင်ငံ၏ သမိုင်းနှင့် ယဥ်ကျေးမှုကို တစိုက်မတ်မတ် စိတ်ပါဝင်စားစွာ လေ့လာခြင်းဖြစ်သည်။ တချိန်တည်းမှာပင် ယဥ်ကျေးမှုနှစ်ခုဖြတ်မျဥ်း (ဗုဒ္ဓဘာသာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်နေခြင်း) ပေါ်တွင် ရှိနေသည့် သူ၏ ဖြစ်တည်မှုကိုလည်း ပြန်လည်သုံးသပ်သည်။ ကိုလိုနီစနစ်ကို ဆန့်ကျင်သည့် မျိုးချစ်စိတ်ကို ထောက်ခံရာတွင် အပြန်အလှန်လေးစားမှုရှိခြင်း၊ နားလည်ခြင်း၊ ယုံကြည်ခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းတို့အတွက် ကြိုးပမ်းအားထုတ်ခြင်းအားဖြင့် ထောက်ခံအားပေးခဲ့သည်။

            ကိုလိုနီစနစ်က မြန်မာ့ယဥ်ကျေးမှုကို စိမ်ခေါ်လာသည့်အခါ သူ တုံ့ပြန်လိုက်သည်မှာ မြန်မာနိုင်ငံ၏ ယဥ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာစာ၊ မြန်မာစကား၏ အရေးပါမှုကို အလေးအနက်ပြုပြခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် စာပေနှင့် အသိဉာဏ်အဝန်းအဝိုင်းတစ်ရပ်ကို တည်ထောင်ပြီး၊ နိုင်ငံ၏ ဓလေ့များနှင့် နိုင်ငံရပ်ခြားမှ ဓလေ့များ ကူးလူးဆက်ဆံစေခြင်း၏ အရေးပါပုံကိုလည်း အလေးအနက်ထားခဲ့သည်။ ထိုအတွက်ကြောင့်ပင် ဦးဖေမောင်တင်က သူအသက်ရှင်နေသမျှကာလပတ်လုံး မြန်မာဘာသာစကားနှင့် စာပေအဆင့်ပိုမိုမြင့်မားစေရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သူ့အောင်မြင်မှုများထဲမှ တစ်ခုမှာ မည်သည့်ကျောင်းတွင်မဆို၊ အစိုးရကျောင်းဖြစ်စေ၊ မစ်ရှင်ကျောင်းဖြစ်စေ၊ မြန်မာစာကို မသင်မနေရသင်ရခြင်းပင် ဖြစ်သည်။ တချိန်တည်းမှာပင် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ပါဠိ၊ မြန်မာစာနှင့် ဗုဒ္ဓဘာသာယဥ်ကျေးမှုတို့ကို မလေ့လာခြင်းအတွက် ဦးဖေမောင်တင်က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ကိုလိုနီခေတ် အနောက်တိုင်းဆန့်ကျင်ရေးဝါဒများကို မျက်နှာသာပေးလိုက်လျောရမည့်အစား၊ ဦးဖေမောင်တင်က ယဥ်ကျေးမှုနှစ်ခုကို တွေ့ဆုံပေးရန် စိတ်ဝင်စားခဲ့သည်။

            ထို့နောက်ပိုင်းတွင် ယဥ်ကျေးမှုများ အပြန်အလှန်ဖလှယ်ကြရာ၌ ကြားခံအဖြစ် ဘာသာစကား၏ အခြေခံကျ၊ အရေးပါလှသည့် အခန်းကဏ္ဍကို အတွင်းကျကျ ထပ်မံလေ့လာခဲ့သည်။ (၁၉၅၄)ခုနှစ် မတ်လတွင် ရန်ကုန်မြို့၌ ဘာသာဗေဒစည်းဝေးပွဲတစ်ရပ်ကို သုံးရက်ကြာ ကျင်းပခဲ့သည်။ ထိုအစည်းအဝေး၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် အင်္ဂလိပ်စကားပြောနိုင်ငံများအကြား၊ မတူညီသည့် ဘာသာဗေဒအုပ်စုများနှင့် တိုင်းရင်းသားအုပ်စုများအကြားက ယဥ်ကျေးမှုကွဲပြားချက်များကို ပေါင်းကူးပေးမည့် ပညာရပ်ဆိုင်ရာ ကိရိယာတစ်ခုအဖြစ် ဘာသာဗေဒကို အသုံးချရန်ဖြစ်သည်။ ဦးဖေမောင်တင် ကိုယ်တိုင်ရေးသားခဲ့ဟန်ရှိသည့်၊ သို့တည်းမဟုတ် သူ့ရည်ရွယ်ချက်များ ပါဝင်လျက်ရှိသည့် သတင်းစာဆောင်းပါးတစ်ရပ်က ထိုအစည်းအဝေးကို အနှစ်ချုပ်ဖွင့်ဆိုထားသည်မှာ။ ။

မြန်မာနိုင်ငံမှ ကျွန်ုပ်တို့သည် လက်ရှိတွင် ဘာသာဗေဒ၏ ရှာဖွေတွေ့ရှိချက်များနှင့် ပတ်သက်ပြီး အလွန်ပင် စိတ်ဝင်စားလှပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းရှာဖွေတွေ့ရှိချက်များမှာ ကျွန်ုပ်တို့ တာဝန်ယူလုပ်ဆောင်ခဲ့ပြီး ဖြစ်သည့် လုပ်ငန်းတာဝန်အသစ်များအတွက် အင်မတန်မှ အထောက်အကူဖြစ်သောကြောင့်ပင်။ ထိုတွေ့ရှိချက်များထဲမှ တစ်ခုမှာ အင်္ဂလိပ်ဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြားပို့ချခြင်းဖြစ်သည်။ (…) ကျွန်ုပ်တို့အနေဖြင့် (…) ကျွန်ုပ်တို့နိုင်ငံရှိ လူအများကို အင်္ဂလိပ်စာသင်ကြားပေးရခြင်း၏ အကျိုးအထိရောက်ဆုံးကိစ္စကို ရှာဖွေရပေမည်။ ထိုမှသာ သင်ကြားသူတို့အနေဖြင့် ဘာသာစကားသင်ကြားရာတွင် အလုပ်ဖြစ်မည့်အသိသညာကို အချိန်တိုအတွင်း ရရှိနားလည်ပေလိမ့်မည်။ ထို့အပြင် နိုင်ငံအတွင်းရှိ မူလဘူတဒေသိယဘာသာစကားများကို လေ့လာ၊ အဆင့်ခွဲသတ်မှတ်ရာတွင်လည်း ဘာသာဗေဒက ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါသည်။ ဤသည်မှာလည်း အင်မတန်အရေးကြီးလာသည့် လုပ်ငန်းတာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။ ဘာသာဗေဒသည် လူအစုအဖွဲ့များ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်သွယ်ကြသည်ကို ပြသသည့်၊ အရှုပ်ထွေးဆုံး သို့သော် အခြေခံအကျဆုံးဖြစ်သည့် ဘာသာစကားကို နားလည်နိုင်ရန် အဓိကသော့ချက်ဖြစ်တော့သည်။(၁)

မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံတို့ အဓိပ္ပါယ်ရှိရှိ ပြောဆိုဆက်ဆံနိုင်ရေးလိုအပ်ချက်သည် ဘာသာဗေဒသုတေသနနှင့် ဆက်စပ်လျက်ရှိကြောင်း ဆောင်းပါးတွင် ပြဆိုထားသည်။ တချိန်တည်းမှာပင် ကျောင်းများ၌ အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာစကားအဖြစ် သင်ကြားပို့ချရန် လိုအပ်ချက်လည်း ပါဝင်ထည့်သွင်းထားသည်။

၄။ ချင့်ချိန်ဆုံးဖြတ်ကြည့်ခြင်း

ဦးဖေမောင်တင်သည် မြန်မာ့ရိုးရာနှင့် အနောက်တိုင်းခေတ်မီခြင်းကို ရင်ကြားစေ့နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းများကို အသုံးချကြိုးပမ်းခဲ့သည့် ပညာရှင်၊ ဆန်းသစ်သူတစ်ဦးဖြစ်သည်။ ကိုလိုနီခေတ်နှောင်းပိုင်း၏ ထူးချွန်ပြောင်မြောက်လှသည့် ပညာရှင်တစ်ဦးအနေဖြင့် မြန်မာ့ယဥ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်မပျက်စေဘဲ မြန်မာနိုင်ငံကို ကမ္ဘာနှင့်ဆက်သွယ်ပေးရန် ကြိုးပမ်းသည့် စာပေများအပေါ်တွင် ဩဇာသက်ရောက်မှုရှိသည်။

            မြန်မာ့ရိုးရာများကို အနောက်တိုင်းခေတ်မီခြင်းနှင့် ပေါင်းစပ်ပေးရန် ဦးဖေမောင်တင်၏ ကြိုးပမ်းမှုကို ငယ်ရွယ်သည့်၊ နောက်ပိုင်းတွင် လွတ်လပ်ရေးကြိုးပမ်းမှု၏ ခေါင်းဆောင်များဖြစ်လာကြမည့် တော်လှန်ရေးသမားများက တစ်စိတ်တစ်ပိုင်းသာလျှင် ကြိုဆိုခဲ့ကြသည်။ သူတို့၏ နိုင်ငံရေးလှုပ်ရှားမှုများ အခြေခံထားသည့် ယဥ်ကျေးမှုတော်လှန်ရေးဆိုသည်မှာကား မြန်မာနှင့် အနောက်တိုင်း၏ “စာအုပ်ကမ္ဘာများ” အပြန်အလှန် ပြောဆိုဆက်ဆံကြခြင်းမျိုးမဟုတ်ဘဲ၊ မျက်မှောက်ခေတ်အသိပညာနှင့် စာပေကို “မြန်မာမှုပြုခြင်း”ပင် ဖြစ်သည်။ သခင်လှုပ်ရှားမှုတွင် အသက်ငယ်ငယ်ဖြစ်ကြသည့် သခင်နု၊ သခင်စိုး၊ သခင်သန်းထွန်းနှင့် သခင်အောင်ဆန်းတို့က နဂါးနီစာအုပ်အသင်းကို တည်ထောင်ပြီး၊ ယဥ်ကျေးမှုကို သုံးကာ နိုင်ငံရေးအရတော်လှန်ရေးတစ်ရပ်ကို တွန်းအားပေးသည့် စာအုပ်မျိုးကိုသာ မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့ကြသည်။(၂) ဥရောပတွင် စစ်ပွဲကြီးစတင်သည့်အခါ ဤအဖွဲ့က ကလောင်တံများအစား၊ ဓားများပြောင်းကိုင်ကာ စစ်တပ်အကူအညီဖြင့် လွတ်လပ်ရေးကို ရယူခဲ့သည်။

            သခင်များနှင့် သခင်များကို ထောက်ခံသူများ၏ စာပေနှင့် နိုင်ငံရေးအရ အမျိုးသားရေးဝါဒနှင့် နှိုင်းယှဥ်ကြည့်မည်ဆိုပါက ဦးဖေမောင်တင်၏ ယဥ်ကျေးမှုပြုပြင်ပြောင်းလဲရေးကို “လူမျိုးစွဲမထားခြင်း” ဟု ခေါ်ဆိုနိုင်သည်။ မြန်မာနိုင်ငံသားများအတွက် အခြေအမြစ်ခိုင်သည့် ယဥ်ကျေးမှုအခြေခံတစ်ရပ်ကို ရှာဖွေပြီး၊ ရောနှောထားသည့် ယဥ်ကျေးမှုများကို ကျောင်းသုံးဖတ်စာအုပ်များနှင့် ခရစ်ယာန်တရားဟောဆရာများ၏ ဒေသနာများတွင်ပါ ထည့်သွင်းအသုံးပြုစေခဲ့သည်။

            ဤသဘောထားကို မြန်မာစာပေနှင့် ယဥ်ကျေးမှုအပေါ် သူ၏ ချစ်မြတ်နိုးမှု၊ ဥရောပ၏ အသိဉာဏ်ရှာဖွေခြင်းအပေါ် ထင်မြင်ယူဆချက်တို့တွင် တွေ့မြင်နိုင်သည်။ သူ၏ ဤသဘောထားသည် မည်သည့်အခါကမျှ မြန်မာနိုင်ငံ နိုင်ငံရေးယဥ်ကျေးမှု၏ ပင်မရေစီးကြောင်းကို ကိုယ်စားမပြုချေ။ ထိုယဥ်ကျေးမှုကိုကား ကိုလိုနီခေတ် နိုင်ငံတွင်း၊ နိုင်ငံပြင်ထိပ်တိုက်ရင်ဆိုင်မှုများ၊ လွတ်လပ်ရေးရပြီး မကြာမီ စတင်ခဲ့သည့် ပြည်တွင်းစစ်တို့က ပြဌာန်းပါလိမ့်မည်။

            (၁၉၆၂)ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ဗိုလ်ချုပ်နေဝင်း၏ အုပ်ချုပ်မှုအောက်တွင် လောကီချည်းသပ်သပ်တည်သည့်၊ တစ်ပါတီအာဏာရှင်အုပ်စိုးသည့် နိုင်ငံဖြစ်လာခဲ့သည်။ “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်” လမ်းစဥ်သည်ကား မြန်မာ့ယဥ်ကျေးမှုကိုတင်မက၊ မြန်မာတို့ဘဝ၏ အခြားအစိတ်အပိုင်းများကိုပါ ဇာတ်လမ်းဆန်ဆန် အကျိုးသက်ရောက်ခဲ့သည်။ တင်းကြပ်လှသည့် နိုင်ငံရေးအရ ကြားနေမှုလမ်းစဥ်နှင့် စီးပွားရေးအရ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရေးဝါဒတို့ကို သုံးကာ မြန်မာ”ပြည်ထောင်စုယဥ်ကျေးမှု”ကို မြှင့်တင်သည့် “ပြောင်းလဲမှု” ဖြစ်စဥ် ဦးဖေမောင်တင်ကို တိုက်ရိုက်သက်ရောက်မှု မရှိခဲ့ပါ။ အိမ်နီးချင်းနိုင်ငံများ၊ အနောက်နိုင်ငံများနှင့် ယဥ်ကျေးမှုနှီးနှောဖလှယ်ခြင်းကို အစိုးရက အားပေးခြင်းမပြုတော့ပေ။

            ပြောင်းလဲမှုအသစ်၏ အကျိုးဆက်များကို ခံစားရသည်မှာ အခြားသူများဖြစ်ကြသည်။ (၁၉၆၄)ခုနှစ်တွင် ဦးဖေမောင်တင်၏ ယောက်ဖဖြစ်သူ Gordon Luce အနေဖြင့် နိုင်ငံထဲမှ ထွက်သွားရန် အမိန့်ပေးခံရသည်။ ဦးဖေမောင်တင်၏ နှမဖြစ်သူကိုမူ ထိပ်တန်းခေါင်းဆောင်များကိုယ်တိုင် နိုင်ငံတွင်း၌ပင် ဆက်လက်နေထိုင်ရန် ပြောဆိုခဲ့သော်လည်း၊ သူ့ခင်ပွန်းနောက်ကိုသာ လိုက်ပါခဲ့သည်။ Luce ၏ စာကြည့်တိုက်ကြီးကို အာဏာပိုင်များက သိမ်းယူခဲ့ပြီး၊ ဦးဖေမောင်တင်၏ နှမဖြစ်သူ ဒေါ်တီတီသည် လက်ထပ်လက်စွပ်ကိုပင် ချွတ်ခဲ့ရသည်။ နိုင်ငံတွင်းမှ မည်သည့်လက်ဝတ်ရတနာမှ ယူဆောင်သွားခြင်း မပြုရဟူသောကြောင့် ဖြစ်သည်။(၃) သူ့မိတ်ဆွေနှင့် သူ့နှမအပေါ် ထိုသို့ ခက်ထန်စွာ ဆက်ဆံခံရမှုကို ဦးဖေမောင်တင်အနေဖြင့် မည်သို့တုံ့ပြန်ခဲ့သည်ကို မသိရပါ။ (၁၉၇၇)ခုနှစ်တွင် မြန်မာနိုင်ငံသုတေသနအသင်းနှင့် အသင်းထုတ်ဂျာနယ်ကို ပိတ်သိမ်းခံလိုက်ရသည်ကိုလည်း သူမသိလိုက်ရပါချေ။

            ယနေ့အချိန်တွင် ဦးဖေမောင်တင်ကို ရှားရှားပါးပါး ပါရမီရှင်တစ်ဦးအဖြစ် မြန်မာနိုင်ငံတွင် ကြည်ညိုလေးစားကြလေသည်။ လက်ရှိမြန်မာနိုင်ငံ၏ အမျိုးသားရေးဝါဒနှင့် ခေတ်အဆက်ဆက်အစိုးရများ၏ အနောက်တိုင်းအပေါ်ဝေဖန်မှုများအကြား ချဥ်းကပ်လေ့လာရန်ကိုလည်း ယနေ့ခေတ်ပညာရှင်အများအပြား အားမထုတ်ကြတော့ပါ။ သူ့နည်းလမ်းကို မလိုက်နာကြတော့ပါ။ “လူမျိုးစွဲ၊ နိုင်ငံစွဲ ကင်းစွာ” မြန်မာနှင့် အနောက်ယဥ်ကျေးမှုများကို ရင်ကြားစေ့ပေးလိုသည့် ဦးဖေမောင်တင်၏ ကြိုးပမ်းမှုမှာ ယနေ့ထိတိုင် အကောင်အထည်မပေါ်သေးပါချေ။

၅။ ကျမ်းကိုးစာရင်းများ

အန်နာ အလော့ထ် (၂၀၀၄) ပါမောက္ခ ဖေမောင်တင် (၁၈၈၈-၁၉၇၃)။ ထူးချွန်ပြောင်မြောက်သည့် မြန်မာပညာရှင်တစ်ဦး၏ ဘဝနှင့် လက်ရာ။ The Journal of Burma Studies (၉)၊ ၁၁-၃၄

D.G.E. Hall 1979 Obituary. George Hannington Luce (https://www.cambridge.org/core/services/aop-cambridge-core/content/view/S0041977X00137498)

ခင်ထွေးရီ (၂၀၁၆)၊ ဦးဖေမောင်တင် အတ္ထုပတ္တိ (http://www.emw-d.de/fix/files/37%20biographies_myanmar.pdf)

(၁) အလော့ထ် ၂၀၀၄။ ၂၉-၃၀

(၂) နဂါးနီစာအုပ်အသင်းမှ ထုတ်ဝေသည့် စာအုပ်များအကြောင်း လေ့လာချက်များကို မြန်မာစာပေပရောဂျက်တွင် အသေးစိတ်ထပ်မံလေ့လာနိုင်ပါသည်။ http://www.phil.uni-passau.de/suedostasien/wissenschaftsnetzwerke/wissenschaftsforum-myanmar/myanmar-literature-project/

(၃) ဟောလ် (၁၉၇၉)။ ၅၈၅

သခင်စိုး (၁၉၀၅ – ၁၉၈၉)

Hans-Bernd Zöllner
Translation by Nyein Chan May

English version of the article

၁။ မိတ်ဆက်

သခင်စိုးသည် ဒို့ဗမာ အစည်းအရုံးနှင့်၊ (၁၉၃၀) ပြည့်လွန်နှစ်များမှ (၁၉၄၈) ခုနှစ် နိုင်ငံလွတ်လပ်ရေးမရခင်အထိ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲ၀င်ခဲ့သည့် ဖဆပလ အဖွဲ့ချုပ်ကြီးတို့တွင် လွှမ်းမိုးမှုအရှိဆုံးအဖွဲ့၀င်များအနက် တစ်ဦးဖြစ်သည်။ သခင်စိုးသည် ဦးအောင်ဆန်းနှင့် ဦးနုတို့ကဲ့သို့ တက္ကသိုလ် မတက်ခဲ့ချေ။ သို့ရာတွင် နိုင်ငံရေးထဲသို့ မ၀င်ရောက်မီ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ဆိုရှယ်လစ်အတွေးအခေါ်များကို အလွန်စွဲလန်းနှစ်ခြိုက်ခဲ့သည်ဖြစ်ရာ၊ ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ်တို့ကို ပိုမိုများပြားကျယ်ပြန့်သည့် လူထုပရိသတ်ထံ မိတ်ဆက်ပေးသည့် စာအုပ်များ၊ ဆောင်းပါးများကို မြန်မာဘာသာဖြင့် ရေးသားခဲ့သည်။ နောက်ပိုင်းတွင်မူ အစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်ကို အစပြုခဲ့သည့်၊ သေးငယ်သည့် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်သူ ဖြစ်လာခဲ့သည်။ (၁၉၈၈) ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအကြောင်း ပညာရပ်ဆိုင်ရာနှင့် လူထုစိတ်၀င်စားမှုအပြောင်းအလဲကြောင့် သခင်စိုး၏ အရောင်စုံလင်လှသည့် ဘ၀နှင့် စရိုက်တို့မှာ လျစ်လျှူရှုခံလိုက်ရသည်။ သို့သော်လည်း သခင်စိုး၏ ဘ၀နှင့် စရိုက်တို့မှာ မြန်မာ့နိုင်ငံရေး၏ အဓိကအကြောင်းအရာများအပေါ် အလင်းပြလျက်ရှိသည်။

၂။ ကိုယ်ရေးအကျဥ်း

သခင်စိုးကို ယနေ့ မွန်ပြည်နယ်၊ ကျိုက္ခမီမြို့ (ဗြိတိသျှခေတ်က Amherst ဟု ခေါ်တွင်သည့်) အနီးရှိ၊ ကျောက်တန်းရွာ၌၊ (၁၉၀၅)(၁) ခုနှစ်တွင် မွေးဖွားခဲ့သည်။ (၁၉၂၂) ခုနှစ်မှ (၁၉၃၇) ခုနှစ်အထိ၊ Burmah Oil Company ၏ ဓာတ်ခွဲခန်းအကူအဖြစ် ရန်ကုန်မြို့အနီး၊ သန်လျင်မြို့ (ဗြိတိသျှခေတ်က Syriam ဟု ခေါ်) ရှိ လောင်စာဆီချက်စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ သူသည် စိတ်အားထက်သန်လှသည့် စာဖတ်သူတစ်ဦးဖြစ်ပြီး၊ ထိုစဥ်က မြန်မာနိုင်ငံတွင်းသို့ တရစပ်စိမ့်၀င်လျက်ရှိသည့် ဆိုရှယ်လစ်ဝါဒအကြောင်းစာအုပ်များကို အထူးတလည် စိတ်၀င်တစားရှိလှသည်။


(၁၉၃၈)ခုနှစ် ဇွန်လတွင် သူရေးသားသည့် “ဆိုရှယ်လစ်၀ါဒ” စာအုပ်ကို နဂါးနီစာအုပ်အသင်းမှ ထုတ်၀ေသည်။ ယင်း နဂါးနီစာအုပ်အသင်းကို သခင်စိုးက သခင်သန်းထွန်း၊ သခင်နုတို့နှင့်အတူ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သခင်သန်းထွန်းက အဆိုပါစာအုပ်တွင် စကားချီးရေးပေးသည်။ သခင်စိုးအနေဖြင့် လောင်စာဆီကုမ္ပဏီတွင် အလုပ်မလုပ်တော့သည့်အခါ၊ သခင်နုက သူ့အား ရံဖန်ရံခါ ထောက်ပံ့ပေးသည်။ (၁၉၃၈)ခုနှစ်၊ သန်လျင်ရေနံမြေလုပ်သားများ သပိတ်တွင် အရေးပါသည့်နေရာမှ ပါ၀င်ခဲ့ပြီး၊ သခင် လှုပ်ရှားမှု၏ အဖွဲ့၀င်၊ ဒို့ဗမာ အစည်းအရုံး၏ ဗဟိုကော်မတီအဖွဲ့၀င်တစ်ဦး ဖြစ်လာခဲ့သည်။ အစည်းအရုံး၏ အသိဉာဏ်ပံ့ပိုးရာဌာနဖြစ်သည့် စာအုပ်အသင်းတွင် ဂုဏ်ထူးဆောင်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

 (၁၉၃၉)ခုနှစ်၊ သြဂုတ်လတွင် သခင်စိုးသည် သခင်သန်းထွန်း၊ သခင်အောင်ဆန်းတို့နှင့်အတူ၊ လူအင်အား ၁၂ ဦး၊ ၁၃ ဦးခန့် ပါ၀င်သည့် ကွန်မြူနစ်ပါတီဗဟိုကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် ၄င်းကို ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခြေခံအုတ်မြစ်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်အကြာတွင် သခင်စိုးသည် အခြားသော သခင်များကဲ့သို့ပင် ဗြိတိသျှတို့၏ ထောင်သွင်းအကျဥ်းချခြင်းကို ခံရသည်။ အကြောင်းမှာ ဥရောပတိုက်ရှိ ဖက်ဆစ်အင်အားစုများအား ဆန့်ကျင်တိုက်ထုတ်ရာတွင် မြန်မာက ဥရောပဘက်က ထောက်ခံအားပေးခဲ့ရာ၊ အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ဗြိတိသျှတို့က ကတိပေးရန်ဖြစ်သည်။ ထိုသို့ ကတိပြုရန် ပျက်ကွက်သည့်အတွက် လှုပ်ရှားတောင်းဆိုမှုဖြစ်လာခဲ့သည်။ (၁၉၄၂)ခုနှစ် ဂျပန်တပ်များ ၀င်ရောက်လာချိန်၌ အကျဥ်းကျရာမှ လွတ်မြောက်ခဲ့ပြီး၊ သခင်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်းတို့နှင့်အတူ ဂျပန်တို့နှင့် မပူးပေါင်းဘဲ၊ ဧရာ၀တီဒေသမြစ်၀ကျွန်းပေါ်ဒေသတွင် ဂျပန်တို့ကို ဆန့်ကျင်သည့် မြေအောက်တော်လှန်ရေးလုပ်ဆောင်ရန် ထွက်သွားခဲ့သည်။ ထိုအချိန်က သခင်စိုးသည် သခင်သိန်းဖေမှ တဆင့် အိန္ဒိယနိုင်ငံရှိ ဗြိတိသျှအာဏာပိုင်များနှင့် အဆက်အသွယ်ရှိခဲ့သည်။ သခင်သိန်းဖေသည် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည့် ကွန်မြူနစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အခြားတစ်ဘက်တွင် ဂျပန်တို့က မြန်မာနိုင်ငံကို (၁၉၄၃)ခုနှစ်၊ သြဂုတ်လတွင် လွတ်လပ်ရေးပေးမည်ဟု အာမခံခဲ့သည့်အတွက်၊ အခြားသခင်များက ဂျပန်တို့ သတ်မှတ်ပုံစံချပေးသည့် မြန်မာအစိုးရထဲတွင် ၀င်ရောက်လုပ်ကိုင်ခဲ့ကြသည်။

 (၁၉၄၃)ခုနှစ် ဒီဇင်ဘာလတွင် သခင်စိုးသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ (၁၉၄၄)ခုနှစ် သြဂုတ်လတွင် ဖက်ဆစ်ဆန့်ကျင်ရေးအသင်း၊ နောက်ပိုင်းတွင် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) ဟု ခေါ်တွင်သည့် ဖက်ဆစ်ဆန့်ကျင်ရေးတပ်ဦး တစ်ရပ်ကို တည်ထောင်ရန်၊ မြန်မာ့တပ်မတော်၊ ကွန်မြူနစ်ပါတီနှင့် ဆိုရှယ်လစ်အင်အားစုများက သခင်စိုး၏ ဌာနချုပ်တွင် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး၊ မကြာမီအချိန်အတွင်းမှာပင် ရန်ကုန်မြို့၌ စနစ်တကျ အကောင်အထည်ဖော်ခဲ့သည်။ သခင်စိုးကို နိုင်ငံရေးခေါင်းဆောင်၊ သခင်အောင်ဆန်းက စစ်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ ထို့နောက် သခင်စိုးက မြစ်၀ကျွန်းပေါ်ဒေသတွင် စစ်သားများ၏ နိုင်ငံရေးသဘောထားကို ကွပ်ကဲကြီးကြပ်ရသည့် နိုင်ငံရေးအကြံပေးတစ်ဦးဖြစ်သည့် နေ၀င်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

မတ်လတွင် အောင်ဆန်းဦးဆောင်သော ဖက်ဆစ်တော်လှန်ရေးဆင်နွှဲခဲ့သည့် မြန်မာ့တပ်မတော်၏ အကူအညီဖြင့်၊ မဟာမိတ်များ စစ်ပွဲကို အောင်နိုင်ပြီးသည့်၊ (၁၉၄၅)ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့၌ အောင်ပွဲခံခဲ့သည်။ ထို့နောက် တစ်လအကြာတွင် သခင်စိုးအနေဖြင့် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနေရာကို လက်လွှတ်လိုက်ရသော်လည်း၊ ဗဟိုကော်မတီ၀င်တစ်ဦးအဖြစ် ဆက်ရှိနေဆဲပင်ဖြစ်သည်။ မိန်းမလိုက်စားခြင်းနှင့် အရက်သေစာသောက်စားမူးယစ်သည်ဟူသည့် စွပ်စွဲချက်တို့က သူ့ရာထူးကို လက်လွတ်ဆုံးရှုံးစေခဲ့သည်။ ဗြိတိသျှကွန်မြူနစ်တစ်ဦး၏ အကူအညီဖြင့် သခင်စိုးသည် တော်၀င်လေတပ်ပိုင်လေယာဥ်ကို စီးကာ၊ အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး၊ အိန္ဒိယကွန်မြူနစ်များနှင့် တွေ့ဆုံခဲ့သည်။ အိန္ဒိယမှ ပြန်ရောက်လာချိန်တွင် ဗြိတိသျှတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှန်သမျှ မှားယွင်းကြောင်း၊ မြန်မာနိုင်ငံကို ဗြိတိသျှအုပ်ချုပ်ရေးအောက်မှ လွတ်မြောက်စေရန် လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲရမည်ဖြစ်ကြောင်း ပြင်းထန်စွာ ယုံကြည်ခဲ့သည်။(၂) ပါတီကို သူတစ်ဦးတည်း ဦးဆောင်ရန်ဆန္ဒနှင့် ပတ်သက်ပြီး၊ အချိန်ရှည်ကြာစွာ ငြင်းခုန်ဆွေးနွေးပြီးနောက်၊ သခင်စိုးသည် အခြားသော ဗဟိုကော်မတီ၀င် ခုနစ်ဦးနှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီကို စွန့်ခွာခဲ့ပြီး၊ အလံနီကွန်မြူနစ်ပါတီဟု အမည်တွင်သည့် ကွန်မြူနစ်ပါတီ (ဗမာပြည်)ကို တည်ထောင်ခဲ့သည်။ သခင်သန်းထွန်း၏ ဦးဆောင်မှုအောက်မှာ အလံဖြူကွန်မြူနစ်များဖြစ်သည့်အတွက်၊ ပါတီအလံ၏ အဓိကအရောင်မှာ အနီရောင်ဖြစ်သည်။

သခင်စိုး၏ ပါတီသစ်ကို (၁၉၄၆) ဇူလိုင်လတွင် ဗြိတိသျှအစိုးရက မတရားအသင်းကြေညာပြီးနောက်၊ ပါတီမှာ မြေအောက်လှုပ်ရှားမှုအသွင် ပြောင်းသွားသည်။ သခင်စိုးက ဦးအောင်ဆန်း (၁၉၄၇ ဇူလိုင်လတွင် လုပ်ကြံခြင်းမခံရမီအချိန်အထိ အုပ်ချုပ်ခဲ့)၊ ဦးနု (၁၉၄၇ မှ ၁၉၅၈၊ ၁၉၆၀ မှ ၁၉၆၂ အထိ အုပ်ချုပ်ခဲ့)၊ နေ၀င်း (၁၉၅၈ မှ ၁၉၆၀၊ ၁၉၆၀ မှ ဆက်လက်အုပ်ချုပ်ခဲ့) တို့ ဦးဆောင်သည့် အစိုးရများကို (၁၉၇၀)ပြည့်နှစ်အထိ လက်နက်ကိုင်ဆန့်ကျင်ခဲ့သည်။(၃) ပါတီ၏ တော်လှန်ရေးက မြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသ (ပခုက္ကူ၊ နောက်ပိုင်းတွင် ရခိုင်နှင့် ဧရာ၀တီမြစ်၀ကျွန်းပေါ်ဒေသ) တွင် တည်ထားပြီး၊ သူ၏ အလွန်အမင်းအာဏာရှင်ဆန်လှသော အုပ်ချုပ်မှုကြောင့် နောက်လိုက်နောက်ပါများ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ (၁၉၇၀) ပြည့်နှစ်တွင် သခင်စိုးက သူ၏ ပဉ္စမမြောက်ဇနီး၊ မွေးကင်းစသားနှင့် နောက်လိုက်နောက်ပါ (၃၀)တို့နှင့်အတူ လက်နက်ချခဲ့သည်။ (၁၉၇၂)ခုနှစ်တွင် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ခံရပြီး၊ (၁၉၇၃)ခုနှစ်တွင် သေဒဏ်ပေးခံရသည်။ အယူခံ၀င်မှုများနှင့် အသနားခံမှုများအကြိမ်ကြိမ်ပယ်ချခံရသော်လည်း၊ ကြိုးစင်ပေါ် မတက်ခဲ့ရချေ။ (၁၉၈၀)ပြည့်နှစ်တွင် ယခင်က သူ၏ ရန်သူတော်ဖြစ်သည့် ဦးနုနှင့်အတူ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး၊ နိုင်ငံတော်ပင်စင်စားခဲ့ရသည်။ (၁၉၈၈)ခုနှစ် အရေးတော်ပုံတွင် သေးငယ်သည့် အခန်းကဏ္ဍတစ်ရပ်တွင်သာ ပါ၀င်ခဲ့ပြီး၊ (၁၉၈၈)ခုနှစ် စက်တင်ဘာလ စစ်အာဏာသိမ်းပြီးနောက် တည်ထောင်သည့် ပါတီများအနက် ပါတီတစ်ခု၏ နာယကဖြစ်လာခဲ့သည်။ (၁၉၈၉)ခုနှစ် မေလ (၆)ရက်နေ့တွင် ကွယ်လွန်သည်။  

၃။ ရည်ရွယ်ချက်များ၊ ရရှိအောင်မြင်ခဲ့သည်များနှင့် ပင်ကိုယ်အရည်အသွေး

သခင်စိုးသည် အသက် (၃၇)နှစ်အရွယ်၊ (၁၉၄၂)ခုနှစ်မှ စကာ အစိုးရအရပ်ရပ်ကို အနှစ် (၃၀)နီးပါး မြေအောက်တော်လှန်ရေး ဆင်နွှဲခဲ့သည်။ ဒီမတိုင်ခင် အနည်းဆုံး စာအုပ်သုံးအုပ်(၄) နှင့် စာစောင်အတော်များများရေးသားခဲ့သည့်အတွက် ကွန်မြူနစ်ဆရာကြီးအဖြစ် အသိအမှတ်ပြုလက်ခံထားကြသည်။ သူ့ရဲဘော်ရဲဘက်၊ နောက်ပိုင်းတွင် ယှဥ်ပြိုင်ဘက်ဖြစ်လာသည့် သခင်သန်းထွန်းသည် သခင်စိုးအနေဖြင့် ဆိုရှယ်လစ်၀ါဒအကြောင်း စာအုပ်ရေးသားရာတွင် “ကောင်းမွန်ချောမွေ့သည့် မြန်မာစာ“ဖြင့် ရေးသားရန် ကူညီပေးခဲ့သည်။ သူက သခင်စိုးထက်စာလျှင် ပါတီကို ကောင်းမွန်စွာ စည်းရုံးနိုင်သည့် စည်းရုံးရေးမှူး၊ စီမံခန့်ခွဲမှုကောင်းသူ၊ သခင်စိုး၏ သေးငယ်သည့် အဖွဲ့ထက်စာလျှင် အစိုးရကို ပိုမိုကြီးမားစွာ ခြိမ်းခြောက်နိုင်သည့် အဖွဲ့ဖြစ်လာခဲ့သည်။(၅) သခင်စိုး ရေးသားခဲ့သည့် ဆိုရှယ်လစ်ဝါဒအကြောင်း စာအုပ်မှအပ သူ့အရေးအသားများနှင့် မိန့်ခွန်းများကို နိုင်ငံခြားဘာသာသို့ ပြန်ဆိုထားခြင်း မရှိပါချေ။ ထို့ကြောင့် “သူကိုယ်တိုင်ပြောဆိုခဲ့သည်“များကို ကောက်နုတ်ပြီး၊ သူ၏ နိုင်ငံရေးအမြင်၊ ရည်မှန်းချက်များကို ပြန်လည်တည်ဆောက်ကြည့်နိုင်ခြင်းကား မဖြစ်နိုင်ပါ။

သခင်အောင်ဆန်း၊ သခင်သန်းထွန်းနှင့် အခြားသော မြန်မာ့လွတ်လပ်ရေးအတွက် တော်လှန်တိုက်ပွဲ၀င်ကြသူများကဲ့သို့ပင် သခင်စိုးသည်လည်း သူ့ကိုယ်ပိုင်နည်းနာဖြင့် „နိုင်ငံရေးသတ္တဝါ“ ဖြစ်ခဲ့သည်။ သူ အကျဥ်းထောင်မှ လွတ်မြောက်ပြီးနောက်၊ အင်တာဗျူးတစ်ခုတွင် သူ့ကိုယ်သူ ,,ကျွမ်းကျင်တော်လှန်ရေးသမား“ ဟု ခေါ်ဆိုခဲ့သည်။ သူ့နောက်လိုက်နောက်ပါများအား သူ့အယူအဆသီအိုရီများ ရှင်းပြခြင်းဖြင့် သူ့ကိုယ်သူ ,,မြန်မာပြည်၏ ကားလ်မက်စ်“ ဟု မှတ်ယူထားသည်။ သူစာအုပ်ထဲတွင် ကားလ်မက်စ်ကို ကောက်နုတ်ကာ ,,ဤအလုပ်အတွက် ကျွန်ုပ်၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာခြင်း၊ မိသားစုဘဝနှင့် အရာအားလုံးကို ပေးဆပ်ထားပါသည်။“ (စိုး၊ သခင်။ ၁၉၃၈၊ ၅၄) ဟု ရေးသားထားသည်။ စာအုပ်ရေးသားနေစဥ် သူ့ဘ၀ကို သူ့ဆရာ၏ ဘ၀နှင့် နှိုင်းယှဥ်ခဲ့ဟန်တူသည်။ နောက်ပိုင်းတွင် သူ့ကိုယ်သူ လီနင်နှင့် နှိုင်းယှဥ်ချင်လာဟန်တူသည်။ သူ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင် အချို့သော သူ့ဘဝဖြစ်စဥ်များကို ကားလ်မက်စ်ရေးသားသည့် အရင်းကျမ်း ,,Das Kapital“ ထဲမှ ရှည်ရှည်လျားလျားကောက်နုတ်ချက်များဖြင့် မှတ်ချက်ပြုထားသည်။ ထို့ပြင် သူမွေးဖွားစဥ်က သမိုင်းတွင် ကြီးကျယ်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်လာမည်ကို ပြသည့် နိမိတ်ထူးတစ်ရပ် ရှိခဲ့ကြောင်း သခင်စိုးက ရေးသားခဲ့သည်။ (Taylor 2008: 11) တော်လှန်ရေးကာလအတွင်း အပေးအယူပြု ညှိနှိုင်းခြင်းများမရှိခဲ့ဘဲ၊ သူ့နောက်လိုက်နောက်ပါများ၏ လေးစားမှုကို ဆုံးရှုံးခဲ့ရသည်။ အကြောင်းမှာ သူကိုယ်တိုင် ချမှတ်ခဲ့သည် တင်းကြပ်လှသည့် ပါတီစည်းမျဥ်းများကို လိုက်နာနိုင်ခဲ့ခြင်းမရှိသောကြောင့် ဖြစ်သည်။ ,,တော်လှန်ပုန်ကန်ခြင်းအတတ်“တွင် လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်ကို မရှိမဖြစ်လိုအပ်ခြင်းက ပဓာနကျသည် ဟူသည့် မာ့က်စ်ဝါဒ သင်ကြားပို့ချချက်ကို ယုံကြည်ကြသည့် အခြားတော်လှန်ရေးသမားများကဲ့သို့သော ကံကြမ္မာ သခင်စိုးတွင် မရှိနေခြင်းက မှတ်သားလောက်ဖွယ်ဖြစ်သည်။ သူသည် သခင်သန်းထွန်းကဲ့သို့ ,,တော်လှန်ရေးက ဝါးမျိုခံရသည်“ မဟုတ်။ သခင်သန်းထွန်းသည် တရုတ်ယဥ်ကျေးမှုတော်လှန်ရေး နိုးထလာသည့်အချိန်၊ ပါတီတွင်း အာဏာသိမ်းမှုများကို ဦးဆောင်ခဲ့ပြီးနောက်၊ (၁၉၆၈)ခုနှစ်တွင် နောက်လိုက်တစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ နောက်ဆုံးတွင် သခင်စိုးအနေဖြင့် မာ့က်စ်နှင့် အဲန်ဂယ်လ်တို့ထံမှ သူ့သင်ခန်းစာကို တကယ်အတည်ရသွားခဲ့ဟန်တူသည်။ ယင်းသင်ခန်းစာမှာ အရင်းရှင်ဝါဒကို ဆိုရှယ်လစ်ဝါဒဖြင့် အစားထိုးပြီး လူထုက အလုံးစုံလွတ်လပ်ရေးရမည့်နေ့ကို မည်သူတစ်ဦးတစ်ယောက်ကမှ ခန့်မှန်းနိုင်ခြင်းမရှိ ဟူသည်။ (စိုး၊ သခင်။ ၁၉၃၈၊ ၈၄) သူ့အနေဖြင့် အစိုးရကို လက်နက်ချရခြင်းမှာ တော်လှန်ရေးလှုပ်ရှားမှုကျဆုံးခြင်း၊ အသက်အရွယ်ကြီးရင့်လာခြင်း၊ နောက်ဆုံးဇနီးနှင့် အသက် (၆၄)နှစ်အရွယ်မှ ရလာသည့် မွေးကင်းစသားငယ်ကို ဂရုစိုက်လိုခြင်း စသည့် စိတ်ပျက်အားငယ်ဖွယ်ရာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်သည်။ တရားစီရင်စဥ်ကာလအတွင်း သူ့နောက်လိုက်ငယ်သားများ ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို တာ၀န်ယူရန် အမျိုးမျိုး ကြိုးစားငြင်းပယ်ခဲ့ပြီး၊ နေ၀င်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ၏ ရည်ရွယ်ချက်များကို ထောက်ခံကြောင်း အလေးထားပြောဆိုခဲ့သည်။ 

သခင်စိုးတွင် အမျိုးစုံလင်သည့် ပင်ကိုအရည်အသွေးများ ရှိသည်ကား သိသာလှသည်။ (၁၉၃၀)ပြည့်နှစ်တွင် ရေးသားစပ်ဆိုသည့် ဒို့ဗမာ သီချင်းကို စိတ်အားထက်သန်ပြင်းပြစွာ သီဆိုခဲ့သည့် အဆိုရှင်အဖြစ် သူ့ကို လူသိကြသည်။ အဆိုပါ သီချင်းကို မြန်မာနိုင်ငံတော်သီချင်းအဖြစ် နိုင်ငံရေးတွေ့ဆုံပွဲများနှင့် အခြားပွဲအခမ်းအနားများတွင် ပရိသတ်ကို ရိုးရာဂီတသံဖြင့် ဖျော်ဖြေတင်ဆက်သည်။ ထို့အပြင် သခင်စိုးက တယောလည်းထိုးသည်။

သူ၏ အကောင်းအဆိုးဒွန်တွဲနေသည့် စရိုက်ကို ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ကို တော်လှန်နေသည့်အချိန်အတွင်း နာမည်ကျော်သည့် ဇာတ်လမ်းတစ်ပုဒ်က ပုံဖော်နိုင်ပါသည်။ ထိုစဥ်အချိန်က ဧရာ၀တီမြစ်၀ကျွန်းပေါ်ဒေသရှိ တော်လှန်ရေးဌာနချုပ်များပေါ်သို့ လေထီးခုန်ချမည့် သူ့ရဲမေများအတွက် နိုင်လွန်ပိတ်နှင့် နှုတ်ခမ်းနီများ မှာယူခဲ့သည်။ ယင်းအပြုအမူမှာ သူ့ရဲမေများအပေါ် ကြင်နာသနားတတ်သည့် အပြုအမူအဖြစ် မှတ်ယူနိုင်သည် (မောင်မောင်၊ ဒေါက်တာ။ ၁၉၅၉၊ ၆၅) သို့သော် တော်လှန်ရေးတပ်များကို အမိန့်ပေးသည့် နေ၀င်းက သခင်စိုးအား စစ်ကို ကစားခဲ့မှုအတွက် အပြစ်ဖော်ကြိမ်းမောင်းခဲ့သည်။

၄။ ချင့်ချိန်ဆုံးဖြတ်ကြည့်ခြင်း

သခင်စိုးသည် လွှမ်းမိုးမှုရှိသည့် နိုင်ငံရေးရာထူးမျိုး မရဖူးခဲ့ချေ။ သို့သော်ငြားလည်း မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းကြောင်းတွင်မူ ကြီးမားသည့် သက်ရောက်မှုရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း လွတ်လပ်ရေးကြိုးပမ်းရာတွင် သူ့ကဏ္ဍမှာ အတိမ်းအစောင်းမခံဖြစ်လှသည်။ နိုင်ငံတွင်း ကျူးကျော်လာသူ ဂျပန်များနှင့် သခင်အုပ်စုတို့၏ တရားဝင်ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံကို ပြန်လည်သိမ်းယူရန် ကြိုးပမ်းမှုများအတွက် နိုင်ငံတွင်းမှ ထောက်ခံမှုလိုအပ်သည့် ဗြိတိသျှတို့အကြား နူးညံ့သိမ်မွေ့လှသည့် မျှခြေကို ဖန်တီးနိုင်ခြင်းဖြစ်သည်။ ထို့အပြင် သခင်စိုးသည် စစ်အတွင်း မြန်မာပြည်တွင် ,,ဖက်ဆစ်ဆန့်ကျင်ရေး“ လှုပ်ရှားမှုအတွက် ရှင်းလင်းပြတ်သားသည် တစ်ဦးတည်းသော နာမည်ကျော်ကြားသည့် သခင် တစ်ဦးဖြစ်သည်။ ထို့ကြောင့်ပင် (၁၉၄၆)ခုနှစ် သြဂုတ်လတွင် ကြေညာထုတ်ပြန်သည့် ဖဆပလအဖွဲ့ချုပ်ကြီး၏ ပထမဆုံး ကြေညာချက်တွင် လူအများယုံကြည်စိတ်ချမှုကို စွမ်းဆောင်နိုင်ခဲ့ပြီး၊ ,,ဖက်ဆစ်ဂျပန်များကို နှင်ထုတ်ရေး“ ခေါင်းစဥ်ပါ တင်နိုင်ခဲ့သည်။ အနာဂတ်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းများ ပါ၀င်နေသည့်၊ နိုင်ငံအဝှမ်း ဖြန့်ချိခဲ့သည့် ကြေညာစာတမ်းကို ရေးသားရာတွင်လည်း သခင်စိုးက ထဲထဲ၀င်၀င် ပါ၀င်ခဲ့ကြောင်း ယုံကြည်စိတ်ချစွာ သုံးသပ်နိုင်ပါသည်။ 

ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံ၏ သမိုင်းကို လွှမ်းမိုးခဲ့သည့် ဆိုရှယ်လစ်နှင့် ကွန်မြူနစ်စနစ်တို့ကို မြန်မာ့နည်း၊ မြန်မာ့ဟန် နားလည်မှုကို ပုံဖော်ရာတွင် သခင်စိုး၏ သြဇာကား အရေးပါလှပါသည်။ ရောဘတ်တေလာ မှတ်သားထားသည်မှာ။ ။

ဆိုရှယ်လစ်စနစ်ပေါ်ထွက်လာပြီး ဆယ်နှစ်အကြာ၊ (၁၉၄၈)ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ အာရုဏ်တက်ချိန်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်။ ထိုစဥ်အချိန်က နိုင်ငံတွင်းရှိ အပြောကောင်း၊ အဟောကောင်းနိုင်ငံရေးမှန်သမျှ၊ မျိုးချစ်မှန်သမျှကား ဆိုရှယ်လစ်ဝါဒီ၊ မာ့က်စ်ဝါဒီ သို့မဟုတ် ကွန်မြူနစ်ဖြစ်နေတတ်ပါသည်။ (တေလာ၊ ၂၀၀၈၊ ၆)

သခင်စိုး၏ လက်ရာကား ဗုဒ္ဓဘာသာ၀င်များ ဆိုရှယ်လစ်ဝါဒကို နားလည်နိုင်စေရန်၊ မာ့က်စ်ဝါဒသုံးစကားများကို ဗုဒ္ဓအတွေးအခေါ်နှင့် ချိတ်ဆက်ကာ ရှင်းပြနိုင်ခဲ့ရုံတင် မကပါ။ သူ့အနေဖြင့် ထွက်ပြေးပုန်းလျှိုနေရစဥ် (၁၉၆၀)နှင့် (၁၉၇၀)ပြည့်လွန်နှစ်များတွင်ပင် သူ့စာအုပ်ကို အဘယ်ကြောင့် ရိုက်နှိပ်ထုတ်၀ေနိုင်နေရဆဲဖြစ်သနည်းဆိုသည်ကိုပါ ရှင်းပြနိုင်ပါသည်။ သခင်စိုး၏ တပည့်တစ်ဦးဖြစ်သည့် ချစ်လှိုင်က အခြားကျောင်းသားတစ်ဦးနှင့်အတူပေါင်းကာ သခင်စိုး၏ ချဥ်းကပ်နည်းကို ယူပြီး ,,လူနှင့် သူ့ပတ်၀န်းကျင်အကြားအပြန်အလှန်ဆက်နွှယ်မှု“ဆိုသည့် ဗမာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ၏ အတွေးအခေါ်ကို ရေးဆွဲခဲ့သည်။(၆) အချို့က သခင်စိုး၏ သြဇာမှာ ပါတီအုပ်ချုပ်မှုကို ကျော်လွန်ကာ ခြေဆန့်ခဲ့သည်ဟု စောဒကတက်နိုင်ပါသည်။ ချစ်လှိုင်၏ တပည့်တစ်ဦးမှာ စစ်တက္ကသိုလ်ရှိ သန်းရွှေ ဖြစ်သည်။ ဖဆပလအဖွဲ့ချုပ်ကြီးကို တည်ထောင်ရာတွင် ပါ၀င်သည့် ဦးဆောင်အဖွဲ့၀င်ဖြစ်သည့် စစ်တပ်အနေဖြင့် လက်သင့်ခံနိုင်မည့် ဒီမိုကရေစီစနစ်မျိုးထံသို့ မြန်မာ့နိုင်ငံရေးကို ဦးတည်မောင်းနှင်ရာတွင် အခရာကျသည့် ပုဂ္ဂိုလ်ပင် ဖြစ်သည်။ သန်းရွှေက သူ့ဆရာ ချစ်လှိုင်ကို မမေ့ခဲ့ပါချေ။ ချစ်လှိုင် မျက်စိကွယ်သွားသောအခါ သူ့ကျန်းမာရေးကို ကြည့်ရှုစောင့်ရှောက်ခဲ့သည်။

သခင်စိုး၏ နောက်ဆုံးနိုင်ငံရေးလှုပ်ရှားမှုမှာ (၁၉၈၈)ခုနှစ်၊ စက်တင်ဘာလတွင် စည်းလုံးညီညွတ်ရေးနှင့် တိုးတက်ရေးပါတီ၏ ရာထူးနေရာကို ရယူခဲ့ခြင်းဖြစ်သည်။ ယင်းပါတီမှာ (၁၉၉၀)ပြည့်လွန်နှစ် ရွေးကောက်ပွဲတွင် (၃၆၅၆)မဲသာ ရခဲ့သည်။ သခင်စိုး၏ နောက်ဆုံးနိုင်ငံရေးလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်ထံ သူလုပ်ခဲ့သည့် အမှားမျိုး ထပ်မကျူးလွန်မိစေရန်နှင့် စစ်တပ်နှင့် ပူးတွဲအလုပ်လုပ်ရန် အသိသတိပေးစာတစ်စောင်ကို (၁၉၈၉)ခုနှစ်တွင် ရေးသားခဲ့ခြင်းလည်း ပါ၀င်သည်။ (တေလာ။ ၂၀၀၈၊ ၁၁)

၅။ ကျမ်းကိုးစာရင်းများ

မှတ်ချက်။ ။ ဤစာ၏ အဓိက ကျမ်းကိုးသည် (၁၉၈၉) ခုနှစ်တွင် ဂျာမန်ဘာသာစကားဖြင့် ထုတ်၀ေသည့် ကလောက်စ် ဖလိုက်ရှ်မန်း (Klaus Fleischmann) ၏ စာအုပ်ဖြစ်ပါသည်။ စာအုပ်၏ အကိုးအကားများကို စာထဲတွင် မဖော်ပြထားပါ။ ဖလိုက်ရှ်မန်းက (၁၉၈၀)ပြည့်နှစ်၊ သခင်စိုး ထောင်ကလွတ်လာချိန်တွင် အင်တာဗျူးခဲ့သည်။ သခင်စိုးအကြောင်း ပိုမိုသိရှိနိုင်ရန်နှင့် သူ့အမွေအနှစ်ကို ဆေးရောင်စုံခြယ်သနိုင်ရန်၊ မြန်မာလိုထပ်မံရရှိနိုင်သေးသည့် ကျမ်းကိုးများ ရှိနေဦးမည်ဟု ခန့်မှန်းရပါသည်။

ချစ်လှိုင်၊ ၂၀၀၈။ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီတွင် ကျွန်ုပ်၏ ပါ၀င်ပတ်သက်မှုအကြောင်း တစေ့တစောင်း။ ဟန်းစ်ဘန့်စ်ဆော်လ်နား (Hans-Bernd Zöllner) တည်းဖြတ် ၂၀၀၈ ခုနှစ်။ သခင်စိုး၊ ဆိုရှယ်လစ်၀ါဒနှင့် ချစ်လှိုင် အမှတ်တရများ။ မြန်မာစာပေစီမံကိန်း၊ အတွဲ (၁၀)၊ ပါ့ဆောင်းမြို့ (Passau)၊ Lehrstuhl für Südostasienkunde: 114-162. (http://www.burmalibrary.org/docs11/mlp10.10-op.pdf).

ဖလိုက်ရှ်မန်း၊ ကလောက်စ် ၁၉၈၉ (Fleischmann, Klaus) ဗမာပြည်ကွန်မြူနစ်ပါတီ၊ အစကနဦးမှ လက်ရှိအချိန်ထိ ဟမ်းဘွတ်မြို့ (Hamburg)၊ အာရှအင်စတီကျု။

ဖလိုက်ရှ်မန်း၊ ကလောက်စ် ၁၉၈၉ (Fleischmann, Klaus) မြန်မာပြည်ရှိ ကွန်မြူနစ်ဝါဒအကြောင်း စာရွက်စာတမ်းများ၊ ၁၉၄၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ။ ဟမ်းဘွတ်မြို့ (Hamburg)၊ အာရှအင်စတီကျု။

လင့်ထ်နာ၊ ဘာတီးလ် ၁၉၉၀။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေ၀င်ချိန် အီသီကာ၊ နယူးယောက်။ အရှေ့တောင်အာရှအစီအစဥ်၊ ကော်နဲလ်တက္ကသိုလ်

စိုး၊ သခင် ၁၉၃၈။ ဆိုရှယ်လစ်ဝါဒ ဟန်းစ်ဘန့်စ်ဆော်လ်နား (Hans-Bernd Zöllner) (ထုတ်၀ေ) ၂၀၀၈၊ သခင်စိုး၊ ဆိုရှယ်လစ်၀ါဒနှင့် ချစ်လှိုင် အမှတ်တရများ။ မြန်မာစာပေစီမံကိန်း၊ အတွဲ (၁၀)၊ ပါ့ဆောင်းမြို့ (Passau)၊ Lehrstuhl für Südostasienkunde: 17-106  (http://www.burmalibrary.org/docs11/mlp10.10-op.pdf).

တေလာ၊ ရောဘတ် ၂၀၀၈။ မိတ်ဆက် ။ ဟန်းစ်ဘန့်စ်ဆော်လ်နား (Hans-Bernd Zöllner) (တည်းဖြတ်) ၂၀၀၈၊ သခင်စိုး၊ ဆိုရှယ်လစ်၀ါဒနှင့် ချစ်လှိုင် အမှတ်တရများ။ မြန်မာစာပေစီမံကိန်း၊ အတွဲ (၁၀)၊ ပါ့ဆောင်းမြို့ (Passau)၊ Lehrstuhl für Südostasienkunde: 5-13  (http://www.burmalibrary.org/docs11/mlp10.10-op.pdf).

Who’s Who in Burma 1961 ရန်ကုန်၊ ပြည်သူ့စာပေရေးရာကော်မတီ

(၁) Who’s Who in Burma, 1961 (ပြည်သူ့စာပေရေးရာကော်မတီ)။ စာ-၁၅၆။ ၀ီကီပိဒီယက သူ့မွေးသက္ကရာဇ်ကို ၁၉၀၆ ခုဟုလည်း ပြထားသည်။

(၂)  အမေရိကန်ပြည်ထောင်စုရှိ ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင် Browderist ကို အစွဲပြုမှည့်ခေါ်ထားသည့် Browderist လမ်းစဥ်။ အယူဝါဒအရ အယူအဆမတူသူ ရန်သူများနှင့် ခေတ္တခဏပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းသည့် တိုးတက်မှုများ ဖြစ်စေသည့် လမ်းစဥ်။ ထိုလမ်းစဥ်ကို သခင်စိုးက ငြင်းဆိုသည်။

(၃) ဦးနုအစိုးရက သခင်စိုးကို အသေရရ၊ အရှင်ရရ ဆုတော်ငွေ တစ်ထောင်ကျပ် ထုပ်ခဲ့သည်။ ထိုစဥ်က အင်မတန်များပြားလှသည့် ငွေပမာဏဖြစ်သည်။ (Who’s Wo in Burma 1961: 156).

(၄) ဆိုရှယ်လစ်ဝါဒ (၁၉၃၈)၊ ဗမာ့တော်လှန်ရေး (၁၉၃၉)၊ အလုပ်သမားတို့ ကမ္ဘာ (၁၉၄၀)။ ပထမစာအုပ်ကို နဂါးနီစာအုပ်အသင်းက ထုတ်၀ေပြီး၊ နောက်စာအုပ်နှစ်အုပ်ကို နဂါးနီစာအုပ်အသင်း ပူးတွဲတည်ထောင်သူ ဦးထွန်းအေးက (၁၉၃၉)ခုနှစ်တွင် တည်ထောင်သည့် မြန်မာစာအုပ်တိုက်က ထုတ်၀ေသည်။ ဦးထွန်းအေးသည် သခင်စိုးနှင့် သခင်သန်းထွန်းတို့ကဲ့သို့ပင် ကွန်မြူနစ်ဝါဒကို စွဲမြဲယုံကြည်သူတစ်ဦးဖြစ်သည်။ စာအုပ်တိုက်တွင် ပါဝင်သော ဦးနု၏ ရှယ်ယာများကို အသုံးပြုရခြင်းသည် အရင်းရှင်ဆန်လွန်းသည်ဟု ထင်မြင်သဖြင့် စာအုပ်တိုက်မှ ထွက်ခဲ့သည်။

(၅) (၁၉၇၁)ခုနှစ် စီအိုင်အေ မှတ်တမ်းတွင် သူ၏ လက်နက်ကိုင်အဖွဲ့မှာ အဖွဲ့ဝင် ၂၀၀၊ ၃၀၀ ထက်မပိုကြောင်း ခန့်မှန်းပြထားသည်။ (https://www.cia.gov/library/readingroom/docs/esau-52.pdf: 2)(၆) ချစ်လှိုင်။ ၂၀၀၈၊ ၁၂၄

အောင်စိုးမင်း (၁၉၇၀ မွေးဖွား)

Lilly Seiler
Translated by Lwin Lwin Mon

English Version of this article

မိတ်ဆက်ခြင်း

၂၀၁၈ ခုနှစ်။ မေလ(၁)ရက်နေ့တွင် မာတိကာအမည်ရှိ ရန်ကုန်မြို့၊ ၃၇ လမ်းအလယ်ဘလောက်တွင် မူရင်း ဆိုင်အစား ဖွင့်လှစ်ပြီး မြန်မာ့ရိုးရာအစားအစာများကို ရောင်းချလျက်ရှိပါသည်။ အထက်ဖေါ်ပြပါ ဓါတ်ပုံရိုက် ထားသည့် ဆိုင်အသစ်တည်ထောင်ခြင်း၊ အထိမ်းအမှတ်အနေနှင့် အတိတ်ပြူတင်းပေါက်ဟု အမည်ရသည့် မြန်မာတိုင်းဆောင်းပါးကို ဆိုင်ထဲတွင် ခင်းကျင်းပြသထားပါသည်။ ထိုဆောင်းပါးသည် တိုင်းပြည်၏ ကိုလိုနီ ခေတ်လက်ရာ အဆောက်အဦးဟောင်းထဲတွင် ခင်းကျင်းပြသထားသည့် ဆိုင်အသေးလေး၏ တစ်စိတ် တစ်ပိုင်းကိုသာ ဖေါ်ပြတိုင်ပါသည်။ မြန်မာနိုင်ငံ၏ စာအုပ်ဟောင်းများအပြင် မဂ္ဂဇင်းများ၊ ရုပ်ရှင်ပိုစတာများ၊ ဆိုရှယ်လစ်ခေတ် အမှတ်သင်္ကေတများကို လာရောက်လည်ပတ်သူ ဧည့်သည်များ တွေ့မြင်နိုင်ပြီး နံရံပေါ်တွင် ချိတ်ဆွဲထားသည့် ခေတ်ပေါ်ပန်းချီကားများ၊ အဝတ်အထည်များ၊ ငွေထည်၊ကြေးထည်လက်ဝတ်ရတနာ များကို ဝယ်ယူနိုင်ပါသည်။ အားလုံးသောပစ္စည်းများမှာ မြန်မာပြည်တွင် ထုတ်လုပ်ထားသောပစ္စည်းများ ဖြစ်ကြပြီး ပိုင်ရှင်အောင်စိုးမင်းကိုယ်တိုင် ဒီဇိုင်းထွင်ထားသည့် အနုပညာလက်ရာများဖြစ်ကြောင်း ဆောင်းပါး တွင် ဖေါ်ပြထားပါသည်။ ဆိုင်အသစ်သို့ လာရောက်သောဧည့်သည်သည် တစ်ခါတစ်ရံတွင် အနုပညာရှင် ကိုယ်တိုင် ဆိုင်အနောက်ဖက်ရှိ အခန်းထဲတွင် လက်ကောက်များ ပြုလုပ်နေသည်ကို တွေ့မြင်နိုင်ပါသည်။

အထ္ထုပတ္တိ

အောင်စိုးမင်းသည် မွေးချင်းညီအစ်ကိုသုံးဦးအနက် တစ်ဦးဖြစ်ပြီး ၁၉၇၀ ခုနှစ်၊ နိုဝင်ဘာလ၊ ဆိုရှယ်လစ် ခေတ်အတွင်း၊ ပုပ္ပါးတောင်အနီးရှိ ရွာငယ်လေးတစ်ရွာဖြစ်သည့် ကျောက်ပန်းတောင်းမြိုံတွင် မွေးဖွားခဲ့ပြီး ၁၉၈၆ ခုနှစ်အထိ ထိုမြို့တွင် ကျောင်းနေထိုင်ရင်း နေထိုင်ခဲ့ပါသည်။ ထိုစဉ်ကာလ ကတည်းက အောင်စိုး မင်းသည် တစ်ချိန်တွင် အနုပညာရှင်တစ်ယောက် ဖြစ်လာရမည်ဟူသည့် သေချာသောရည်မှန်းချက် ထားရှိခဲ့ ပါသည်။ ငယ်စဉ်ကလေးဘဝထဲက သူသည် ကဗျာ၊ ပန်းချီနှင့် စာရေးသားခြင်းများကို အထူးသဖြင့် စိတ်ပါဝင် စားခဲ့ပါသည်။ ဆိုရှယ်လစ်ခေတ်အတွင်း အောင်စိုးမင်းအပါအဝင် မြန်မာပြည်ရှိ မိသာစုအတော်များများမှာ ဘဝရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှား နေကြရပါသည်။ တိုင်းပြည်၏ စီးပွားရေးကျဆင်းမှုမှာ ၁၉၈၇ ခုနှစ်တွင် အထွဋ်အထိတ်သို့ ရောက်လာခဲ့ပြီး ထိုရလဒ်သည် ဆိုရှယ်လစ်အစိုးရ၏ ချမှတ်ထားသည့် စီးပွားရေး စနစ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် လိုက်နာဆောင်ရွက်စေခဲ့ပါသည်။ ထို့အပြင် လူငယ်များအနေနှင့် ထိုအချိန် ကာလများတွင် ပညာရေးဆိုင်ရာ အခွင့်အလမ်းများလည်း များများစားစားမရှိသေးပေ။ ထိုအကြောင်းရင်း ကြောင့် အောင်စိုးမင်းအနေနှင့် အင်ဂျင်နီယာဘာရပ်ကို ကျောက်ပန်းတောင်းမြို့အနီး မြန်မာ့ရေနံလုပ်ငန်း၏ အချက်အချာဖြစ်သည့် ချောက်မြို့တွင် ဖွင့်လှစ်ထားသည့် အစိုးရနည်းပညာတက္ကသိုလ်တွင် သင်ကြားခဲ့ ပါသည်။ သူ၏အနုပညာရှင်တစ်ဦးဖြစ်ရေး ရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖေါ်ရင်း အောင်စိုးမင်းသည် အနုပညာရှင်များ၊ စာအုပ်ရောင်းချသူများ၊ ပညာတတ်သူ အသိဉာဏ်ထွန်းကားသူများနှင့် သူငယ်ချင်းဖြစ်လာခဲ့ရင်း စာအုပ်၊စာပေများကို ဖတ်မှတ်ခြင်း၊ ကိုယ်တိုင်စုဆောင်းခြင်းများ စတင်ပြုလုပ်လာ ခဲ့ပါသည်။ အနုပညာလက်ရာ ပုံစံ အမျိုးမျိုးနှင့် စာအုပ်အမျိုးမျိုး ကျယ်ပြန့်စွာ မရရှိနိုင်အောင် တားမြစ်ထား သည့် ဆိုရှယ်လစ်ခေတ်အစိုးရ၏ တင်းကြပ်သော တည်းဖြတ်မူဝါဒအောက်တွင် ထိုသို့စုဆောင်းခြင်းမှာ လွယ်ကူသော ကိစ္စရပ်မဟုတ်ခဲ့ပါ။

သူစာသင်ကြားနေဆဲ ကာလအတွင်းမှာပင် ၁၉၈၈ ကျောင်းသားလှုပ်ရှားမှု ထွက်ပေါ်လာခဲ့ပြီး ရန်ကုန်မြို့ တွင်းသာမက တစ်ပြည်လုံးအတိုင်းအတာအထိ ကျောင်းသားများ၊ ရဟန်းသံဃာများပါဝင်ကာ စတင် ဆန္ဒပြ ခဲ့ကြပါသည်။ ကျောက်ပန်းတောင်းဒေသအတွင်းမှာပင်လျှင် နိုင်ငံရေး အင်အားစုများစွာ ဖွဲ့စည်းလာခဲ့ ကြပါသည်။ အောင်စိုးမင်းနှင့် သူ၏ညီအကိုများလည်း ပါဝင်ခဲ့ကြပြီး မြေအောက်တော်လှန်ရေးလှုပ်ရှားမှု အဖြစ် ဆိုရှယ်လစ်အစိုးရ၏ ဆိုးဝါးသောနည်းလမ်းများနှင့် မည်သို့ဆန်ကျင့်တော်လှန်ကြမည်ဖြစ်ကြောင်း လူထုကို သတင်းပေးမည့်လက်ကမ်းစာစောင်များ၊ စာရွက်စာတမ်းများကို ဖြန့်ဝေခဲ့ကြပါသည်။ သူတို့သည် လူထုအုံကြွမှု တော်တော်များများနှင့် ဆန္ဒပြပွဲ တော်တော်များများမှာလည်း ပါဝင်ခဲ့ကြပါသည်။ ရှစ်လေးလုံး ပူးသောနေ့တွင် ငယ်ရွယ်သော အောင်စိုးမင်းသည် ဒေသတွင်း ရဲစခန်းရှိ အချုပ်ခန်းတွင် တစ်ညအိပ်ခဲ့ ရပါသည်။

ပထမပိုင်းတွင် သူ့အနနှင့် ထိုလူထုအုံကြွမှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ပညာဆက်လက် ဆည်းပူးခွင့် ရ၊ မရ မသေချာခဲ့ပေ။ ရှစ်လေးလုံး လူထုအုံကြွမှု အပြီးကာလတစ်လျှောက်တွင် အမျိုးမျိုးသော လူထုအုံကြွမှု များနှင့် အစိုးရ၏ တန်ပြန်ထိန်းချုပ်မှုများကြောင့် ကျောင်းများ မကြာခဏ ပိတ်သောကြောင့် သူ၏ပညာရေး မှာလည်း အကြိမ်ပေါင်းများစွာ ရပ်တန့်သွားခဲ့ရပြီး ၁၉၉၂ ခုနှစ် ရောက်မှသာ ပြီးဆုံးသွားခဲ့ပါသည်။ ထို့နောက် အောင်စိုးမင်းသည် ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွေ့လာခဲ့ပြီး အင်ဂျင်နီယာတစ်ဦးအဖြစ် အချို့ လုပ်ငန်းငယ်လေးများကို လုပ်ကိုင်ရင်း ဝင်ငွေရှာခဲ့ပါသည်။ သူ၏ဘဝတွင် အရေးကြီးသောကဏ္ဍတစ်ခု ဖြစ်သည့် စာအုပ်ဆိုင်များနှင့် ပုံနှိပ်ထုတ် ဝေရေးဆိုင်ရာ စီးပွားရေးသမားတစ်ဦးအဖြစ် စတင်နိုင်ခဲ့ပါသည်။ ထို့အပြင် စာအုပ်ဆိုင်နှင့် စာကြည့်တိုက် အတော်များများတွင် ပါဝင်လုပ်ဆောင်ရင်း သူသည် ကိုယ်တိုင်စာရေး သားခြင်းနှင့် ပုံနှိပ်ထုတ်ဝေခြင်းများကို ပါဝင်လုပ်ဆောင်လာနိုင်ခဲ့ပါသည်။

၁၉၉၅ ခုနှစ်တွင် အောင်စိုးမင်းသည် ကျောက်ပန်းတောင်မြို့သို့ သူ၏မသားစုကို ကူညီပံ့ပိုးပေးရန် ပြန်လည် ရောက်ခဲ့ရပါသည်။ ထိုစဉ်အချိန်က ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် ဆက်စပ်ပြီး မိသားစုအနေနှင့် ငွေကြေးအခက်အခဲများကို ရုန်းကန်နေရဆဲဖြစ်သောကြောင့် ဖြစ်ပါသည်။ ထိုမြို့ မှာပင် အောင်စိုးမင်း၏ ပထမဆုံးသော စာအုပ်ဆိုင်နှင့် ကျောက်ပန်းတောင်းမြို့၏ ပထမဆုံး စာကြည့်တိုက်ကို နှစ်ပေါင်းသုံးဆယ် ကြာပါမှ စတင်တည်ထောင်နိုင်ခဲ့ပါသည်။ ယခုအချိန်တိုင် ထိုစာအုပ်ဆိုင်နှင့် စာကြည့်တိုက်တို့သည် ဆက်လက်တည်ရှိနေပြီး အောင်စိုးမင်း၏ပူးတွဲ တည်ထောင်သူများအဖြစ် ရှိနေဆဲဖြစ်ပါသည်။ ထိုစဉ်အချိန် ကတည်းက သူ၏ကိုယ်ပိုင် အယူအဆ နှင့်နည်းလမ်းများအရ ထိုသို့ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းတစ်ခုကို စတင်ရင်း လုပ်ဆောင် လာခဲ့သည်မှာ အကြိမ်ပေါင်းသုံးဆယ်တိုင် ရှိလာခဲ့ပြီး ဖြစ်ပါသည်။

သူ၏နည်းလမ်းတွင် ပါဝင်ရမည့်အချက်များမှာ – စိတ်ကူးစိတ်သန်းတစ်ခု ရှိရမည်ဖြစ်ပြီး ထိုစိတ်ကူး အပေါ် အခြေခံ၍ရလာသည့် ဗဟုသုတကိုလည်း ပြီးမြောက်အောင် အကောင်အထည် ဖေါ်နိုင်ရမည်ဖြစ်ကာ လူမှု ကွန်ယက်တစ်ခုကိုလည်း တည်ထောင်နိုင်ရပါမည်။ ထို့အပြင် အချို့သောကိစ္စ ရပ်များတွင် လုပ်ငန်းငယ်လေး ဆက်လက်ရပ်တည်နိုင်အောင် လိုအပ်သောငွေကြေး ထောက်ပံ့မှုရရှိရန်လည်း လိုအပ်ပါသည်။ ထိုသို့ လုပ်ဆောင်ရင်း နောက်ပိုင်းတွင် သူသည် ကျောက်ပန်းတောင်း မြို့တွင်သာမကဘဲ ရန်ကုန်မြို့နှင့် မြန်မာနိုင်ရှိ အခြားမြို့များသို့ပါ လုပ်ငန်းများ ဆက်လက် တိုးချဲ့သွားနိုင်ခဲ့ပါသည်။ သူတည်ထောင်သော လုပ်ငန်းနှင့် ပူးတွဲ တည်ထောင်သော လုပ်ငန်းများ၏ နယ်ပယ်များမှာ-စာအုပ်ဆိုင်နှင့် စာကြည့်တိုက်များ၊ ဆံပင်ညှပ်ဆိုင်များ၊ အယ်လ်အီးဒီ မီးအိမ်များ ထုတ်လုပ်သောလုပ်ငန်းများအထိ ကျယ်ဝန်းလာခဲ့ပါသည်။

Pansodan Gallery (2017), (c) Hans-Bernd Zöllner

ကျောက်ပန်းတောင်မြို့တွင် နေထိုင်စဉ်ကာလအတွင်း အောင်စိုးမင်းသည် သူ၏ဇနီးလောင်း၊ ကနေဒီးယန်း လူမျိုးဖြစ်သည့် နန်စီကူနင်းဟမ်နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုစဉ်အချိန်က သူမသည် မြန်မာနိုင်ငံတွင် လူထု ကျန်းမာရေးစီမံကိန်း လာရောက်လုပ်ဆောင်နေစဉ် ဖြစ်ပါသည်။ နန်စီသည် မြန်မာနိုင်ငံသို့ အမြဲတမ်းနေ ထိုင်ရန် ပြောင်းရွေ့လာသူဖြစ်သော်လည်း သူမ၏ဗီဇာသက်တမ်းကို သုံးလတစ်ကြိမ် အသစ်ပြန်လည် သက်တမ်းတိုးရန် နိုင်ငံမှ မကြာခဏ ပြန်လည်ထွက်ခွာရပါသည်။ ထိုစဉ်အချိန်ကတည်းက နိုင်ငံခြားသား တစ်ဦးအနေနှင့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်နိုင်ရန် မလွယ် ကူပါ။ သူမသည် မြန်မာဘာသာစကားသာမကဘဲ အခြားတိုင်းရင်းသာ ဘာသာစကားဖြစ်သော ရှမ်းဘာသာစကားနှင့် ထိုင်း၊ ပြင်သစ်၊ ဂျာမန်ဘာသာစကား များကိုပါ ပြောဆိုနိုင်သူ တစ်ဦးဖြစ် ပါသည်။ သူမ၏ မြန်မာစစ်အစိုးရအပေါ် ပွင့်လင်းစွာ ဝေဖန်ပြောဆို တတ်မှုကြောင့် အာဏာပိုင်များက သူမ၏အမည်ကို နာမည်ဆိုးစာရင်း သွင်းခြင်းကို ခံထားရပါသည်။ အကျိုးဆက်အနေနှင့် သူမသည် မြန်မာပြည်တွင်းသို့ ဝင်ရောက်ခွင့် မရတော့သောကြောင့် ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံတွင် နှစ်အတော်များများ နေထိုင်ခဲ့ရပါသည်။ ထိုမြို့တွင် သူမသည် အနုပညာပြခန်းနှင့် ကော်ဖီဆိုင် တစ်ခုကို တွဲဖက်ဖွင့်လှစ်ရန် စီစဉ်နိုင်ခဲ့ပါသည်။ နန်စီသည် အောင်စိုးမင်းနှင့် ရန်ကုန်မြို့တွင် အလုပ်အတူ တွဲလုပ်ရင်း အပြည်ပြည်ဆိုင်ရာ ထူထုကျန်းမာရေးကဏ္ဍ စီမံကိန်းအတော်များများတွင် ပါဝင်ဆောင်ရွက် ခဲ့ပါသည်။ ဉပမာအားဖြင့် ၂၀၁၈ ခုနှစ်တွင် သူမသည် ပါကစ္စတန်နိုင်ငံတွင် ကိုးလကြာသွားရောက်နေထိုင်ပြီး ကနေဒီးယန်းအစိုးရ၏ ထောက်ပံ့ပေးမှုဖြင့် စီမံကိန်းတစ်ခုကို လုပ်ဆောင်ခဲ့ပါသည်။

၁၉၉၉ ခုနှစ် အောင်စိုးမင်း ရန်ကုန်မြို့သို့ ပြန်ရောက်လာပြီးနောက် သူနှင့်နန်စီသည် ရန်ကုန်မြို့လယ်၊ ဆိပ်ကမ်းသာလမ်းရှိ ဓါတ်လှေခါးမပါသော ရှစ်လွှာတိုက်ခန်းဟောင်းသို့ ပြောင်းရွှေ့လာခဲ့ ကြပါသည်။ အစပိုင်းတွင် ထိုနေရာကလေးမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် သူတို့၏နေထိုင်သော နေရာလေးဖြစ်သကဲ့သို့ အခြားတစ်စိတ်တစ်ပိုင်းအားဖြင့် မြန်မာ့သမိုင်းနှင့်ယဉ်ကျေးမှုကို စိတ်ဝင်စားသူတိုင်းအတွက် ဘဏ္ဍာတိုက်                                           တစ်ခုလည်း ဖြစ်လာခဲ့ပါသည်။ ထိုတိုက်ခန်းလေးတွင် ကြီးမားပြီး အမျိုးအားစုံလင်သည့် မော်ကွန်းဝင် တံဆိပ်ခေါင်းများ၊ အကြွေစေ့များ၊ စာအုပ်များ၊ ပန်းချီများ၊ အခြားသော အနုပညာလက်ရာများ၊ ပို့စကတ်များ၊ သတင်းစာများ၊ စာအုပ်များ၊ သမိုင်းဝင်ဖလင်များ၊ ကိုလိုနီခေတ်မှတ်တမ်းဖိုင်များ၊ ရှေးဟောင်းပစ္စည်းများကို ခင်းကျင်းပြသထားပါသည်။ သူတို့ နှစ်ဦးသည် ထိုနေရာမှစတင်ကာ ယဉ်ကျေးမှုဆိုင်ရာ စီမံကိန်းများကို ရင်းနှီးမြှုပ်နှံ့ခဲ့ကြပါသည်။ များလှစွာသော ထိုပစ္စည်းများသည် သူတို့ဇနှီးမောင်နှံ၏တိုက်ခန်းတွင် ယခုတိုင် ရှိနေဆဲဖြစ်ပြီး အချို့မှာလည်း အခြားနေရာများသို့ ရွှေ့ပြောင်းပြသခဲ့ကြပါသည်။ အချို့မှာမူ ၂၀၁၈ ခုနှစ်တွင် မာတိကာဆိုင်သို့ ပြောင်းရွှေ့ပြသထားပါသည်။

ထိုသို့ ဖရိုဖရဲဖြစ်နေရသည့် မော်ကွန်းတိုက်ကလေးသည် နောင်တွင် ထင်ရှားလာမည့် ရန်ကုန်မြို့၏ သက်ဝင်လှုပ်ရှားပြီး မတူကွဲပြားသည့် သမိုင်းကြောင်းများ၊ ယဉ်ကျေးမှုနှင့် အနုပညာမြင်ကွင်းတို့ စုစည်းရာ ပထမ်ခြေလှမ်းအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။ ထိုသို့ ပစ္စည်းများကို စုဆောင်းခြင်းအပြင် အောင်စိုးမင်းသည် ပန်းချီနှင့် ဂီတအနုပညာရှင်၊ ဒါရိုက်တာ၊ စာရေးဆရာနှင့် ထုတ်ဝေသူတစ်ဦးပါ ဖြစ်လာပါသည်။

၂၀၀၈ ခုနှစ်၊ ဩဂုတ်လတွင် သူတို့ဇနီးမောင်နှံသည် ပန်းဆိုးတန်းအနုပညာခန်းမကို စတင်ဖွင့် လှစ်ခဲ့ပြီး အောင်စိုးမင်း၏အပြေအရ-“မြန်မာ့အနုပညာရှင်များ၏ လက်ရာများကို ပြည်တွင်းပြည်ပ မျက်မှောက်ဈေး ကွက်များတွင် တင်ပြနိုင်စေရန် ထောက်ပံ့စီစဉ်ပေးလို သောကြောင့်” ဖြစ်ပါသည်။ ဤအနုပညာနေရာ လေးတွင် မြန်မာ့ပန်းချီပညာ ရှင်များ၏ ပန်းချီကားပေါင်း(၂၀၀)ကျော် ခင်းကျင်းပြသထားပါသည်။ အများ စုမှာ ခေတ်ပြိုင်လက်ရာများ ဖြစ်ကြသော်လည်း တဖြေးဖြေးလက်ဆင့် ကမ်းလာကြရင်း မော်ကွန်း တိုက်နှင့် အနုပညာခန်းမများအဖြစ် တိုးတက်လာကာ များပြားလှသော ရှေးကျပြီး ရှားပါးသည့်ပန်းချီဆရာကြီးများ ဖြစ်ကြသော ခင်မောင်ရင် သို့မဟုတ် ပန်းချီ ဗဂျီ အောင်စိုး၏ လက်ရာများပါ တွေ့ရှိနိုင်ပါသည်။ အနုပညာ ခန်းမတည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ မည်သည့်မြန်မာ့အနုပညာရှင်အတွက်ကိုမဆို သူတို့၏အနုပညာ လက်ရာများကို ခင်းကျင်းပြသပြီး ရောင်းချနိုင်သည့် အခွင့်အရေးရရှိစေရန် ထောက်ပံ့ပေးနိုင်သော နေရာလေး တစ်ခု ဖြစ်စေချင်သောကြောင့် ဖြစ်ပါသည်။

လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စွန့်ဦးတီထွင်လုပ်ကိုင်ခြင်း

ဆိုရှယ်လစ်ခေတ်တွင် မွေးဖွားလာသူဖြစ်သော အောင်စိုမင်းသည် ခေါင်းဆောင်ကဏ္ဍမဟုတ်သော်လည်း တိုင်းပြည်၏ကျော်ကြားသည် ၁၉၈၈ လူထုအုံကြွမှုတွင် ပါဝင်ခဲ့ပြီး တိုင်းပြည်အနေနှင့် နောက်ထပ်စစ်အာ ဏာရှင် အုပ်ချုပ်မှုအောက်သို့ ကျရောက်နေသည်ကို မြင်ရသောကြောင့် တိုးတက်လာသည့် သူ၏စိတ်ကူး စိတ်သန်းတို့ကို သက်ဝင်လှုပ်ရှားလာသည့် နိုင်ငံရေးယဉ်ကျေးမှုများတွင် ဖြန့်ဝေရင်း ဒီမိုကရေစီအစိုးရ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အောက်ခြေမှ အထက်သို့တင်ပြသည့် အပြအမူမျိုးကိုလည်း ထောက်ပံ့ကူညီ ပေးလျက် ရှိပါသည်။ သူ၏အမြင်အရ လေးစားအပ်သည့် အစိုးရ၏မူဝါဒ သဘောတရားအစား အမျိုးမျိုးသော သွင်ပြင်ဖြင့်ရှိနေသော တိုင်းပြည်၏သမိုင်းကို သတိမူလျက် တိုင်းပြည်၏တည်ငြိမ်သော လူ့အဖွဲ့အစည်းကို အားထားစေချင်ပါသည်။ ဤသို့ ပြုလုပ်ခြင်းမှာ အလှမ်းကျယ်သော စီမံကိန်းဖြစ်ပြီ မြန်မာနိုင်ငံအနေနှင့် အောင်မြင်ရန် မဖြစ်နိုင်မှန်း အောင်စိုးမင်းအနေနှင့်သိသော်လည်း ဤစိတ်ကူးမီးဖွားလေးကို စုဆောင်းသည့် ပစ္စည်းများအတွက် အဆောက်အဦး တည်ဆောက်ခဲ့ရင်း ယခုအခါ တိုင်းပြည်၏အကြီးများဆုံး ကိုယ်ပိုင်မော် ကွန်းတိုက် ဖြစ်လာခဲ့ပြီး လူထု၏စိတ်ဝင်စားမှုများကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပါသည်။

အထက်ဖော်ပြပါ အောင်စိုးမင်း၏ စိတ်ကူးဖြစ်သည့် စွန့်ဦးတီထွင်ခြင်း စံနမူနာအရ အချို့သော တိုးတက်ဖွံ့ ဖြိုးရေးလုပ်ငန်းများကို အဓိကအားဖြင့် သူငယ်ချင်းမိတ်တွေများ၊ မိသားစုဝင်များအကြားတွင် အကောင် အထည်ဖေါ် လုပ်ဆောင်ခဲ့သော်လည်း လူများက သူ့အား သူတို့၏ပြဿနာများနှင့် စိတ်ကူးများကို ဆွေးနွေး တိုင်ပင်ပြီး အကြံဉာဏ်တောင်းခံကြကြောင်း တွေ့ရပါသည်။ ဤစီမံကိန်းဆိုင်ရာစိတ်ကူး တဖြေးဖြေး ကြီးထွားလာသကဲ့သို့ သူ၏ကိုယ်ပိုင်ရပ် တည်မှုနှင့် အခြေခိုင်စေရန် ဖြစ်လာခဲ့ပြီး အခြားသောသူများ သည်လည်း သူတို့နည်းသူတို့ဟန်နှင့် ယုံကြည်ချက် ရှိရှိ ဆက်လက်အကောင်အထည်ဖေါ်လျက် ရှိသောကောင့် ထိုလုပ်ငန်းမှ အောင်စိုးမင်းအနေနှင့် တဖြေးဖြေး ဆုတ်ခွာစေပါသည်။  ဤအတွေးအခေါ်ကို ကောင်းကောင်း အဖြေရှာ မရပေ။ အကြောင်းမှာ သူ့အနေနှင့် တစ်ဦးဦးလိုချင်သော ငွေကို ထောက်ပံ့ပေးနိုင်သော်လည်း သူသတိမူမိသည်မှာ အချို့သော စီးပွားရေးလုပ်ငန်းများကို သူသည် ကျပ်ငွေ ၅၀၀ ထက်မပိုသော ငွေဖြင့် စတင်နိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း အောင်စိုးမင်းသည် ထိုသို့ စွန့်ဦးတီထွင်လုပ်ကိုင်ရန် ထိုစဉ်က လုံလောက်သော သတ္တိရှိဲ့သောကြောင့် ဖြစ်နိုင်ပါသည်။

သို့ပါသော်လည်း အချို့သောအခြေခံစီးပွားရေး လုပ်ငန်းများဖြစ်သည့် ပန်းဆိုးတန်းနှစ်နေရာရှိ လုပ်ငန်းမျိုးတွင် သူနှင့်နန်စီတို့၏ တိုက်ရိုက်လမ်းညွှန်မှုအောက်တွင် ရှိနေဆဲဖြစ်ပါသည်။ အနုပညာ ပြခန်းများသည် မြန်မာနိုင်ငံတွင် ရှည်ကြာသော ရိုးရာဓလေ့များအောက်တွင် ရှိနေခဲ့ပြီး တင်းကြပ်သောတည်းဖြတ်ခြင်း မူဝါဒများကြောင့် အတိတ်တွင် ပြသခဲ့သော အနုပညာလက်ရာ များသည် ရိုးရာစစ်စစ်များသာ ပြသတိုင်ခဲ့ပြီး ခေတ်သစ်အနုပညာလက်ရာများက ပြသနိုင်ခြင်းမှာ ကာလကြာရှည်စွာ မဖြစ်နိုင်သလောက် ဖြစ်ခဲ့ရပါသည်။  ပြသမည့် အနုပညာလုပ်ငန်းအားလုံးသည် အစိုးရ၏ တရားဝင်စီစစ် စစ်ဆေးပြီးမှ ပြုလုပ်နိုင်သောကြောင့် ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်ရခြင်း၏ အကျိုးရလဒ်မှာ ခင်းကျင်းပြသမည့် အနုပညာလက်ရာ တစ်စိတ်တစ်ပိုင်း မကျန် အစိုးရ၏အာဘော်အောက်တွင် ပြသရပြီး အနောက်တိုင်း ယဉ်ကျေးမှုကို ခင်းကျင်းပြသခြင်းကို သူများနှင့်မတူဘဲ တစ်မူထူးသောသူအဖြစ် ထင်မြင်ယူဆခံ ရပါသည်။ ၂၀၀၈ ခုနှစ်တွင် ပန်းဆိုးတန်း အနုပညာ ပြခန်းကို ဖွင့်လှစ်ပြီး မကြာခင်မှာပင် တင်းကြပ်သော တည်းဖြတ်ခြင်း မူဝါဒဖြေလျော့ခြင်းကို ခံခဲ့ရပြီး ခေတ်ပြိုင်မြန်မာ့အနုပညာရှင်များ၏ အနုပညာလက်ရာ များက ကျယ်ပြန့်သောအကျယ် အလှမ်းဖြင့် ပြသတိုင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော အနုပညာပြခန်း ဖြစ်လာခဲ့ပါသည်။

အောင်စိုးမင်း၏ ပြောကြားချက်အရ-အနုပညာပြခန်းနှင့် မော်ကွန်းတိုက်နှစ်ခုစလုံးတွင် သူ၏ ကိုယ်ပိုင် အဓိပ္ပါယ်ဖြင့် ဖွင့်ဆိုထားသော ရှစ်လေးလုံးမှ ထွက်ပေါ်လာသည့် လွတ်လပ်သောအနု ပညာ၊ လွတ်လပ်ခြင်း၊ ခံစားမှုရသပေါ်လွင်စေခြင်းစသည့် စိတ်ကူးစိတ်သန်းများကို ဆက်လက်ကြိုးစားလုပ်ဆောင်ခဲ့ပြီး အတွေး အခေါ် အမျှော်အမြင်နှင့် ဆန်းသစ်တီထွင်နိုင်သော လူ့အဖွဲ့အစည်း တစ်ခု ထွက်ပေါ်လာအောင် ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရကာ ဆက်လက်တည်တန့်ခိုင်မြဲစွာ ရပ်တည်နိုင်အောင် ကြိုးစားကူညီထောက်ပံ့ တည်ဆောက်ပေးလျက် ရှိပါသည်။ သူကိုယ်တိုင်လည်း ဆက်လက်၍ ပန်းချီရေးဆွဲခြင်း၊ ပန်းပုထုခြင်း၊ ကဗျာရေးသားခြင်း၊ ရုပ်ရှင်ဇာတ်ညွှန်းရေးသားခြင်း၊ တေးဂီတရေးသားခြင်းနှင့် ထုတ်လုပ်ခြင်း၊ ထူးခြားသည့် ရုပ်ရှင်ဇာတ်ကားရှည်များကို ရိုက်ကူးခြင်း စသည်တို့တွင် ပါဝင်လျက်ရှိနေပါသည်။

သူ၏များစွာသော ကိုယ်ကျိုးမငဲ့သည့် လှုပ်ရှားမှုများအပြင် အောင်စိုးမင်းနှင့်သူ၏ဇနီးတို့သည် စွန့်ဦးတီထွင် လုပ်ငန်းများအတွက် သိသာထင်ရှားစွာ ကူညီခဲ့ကြပါသည်။ သူတို့သည် အငယ်စားလုပ်ငန်းအဖွဲ့အစည်း တစ်ခုကို တည်ထောင်ပြီး ရန်ကုန်မြို့၏ အပြင်ဖက်နှင့် မြို့တွင်းတို့တွင် ပိုမိုကျယ်ပြန့်သော ကွန်ယက် တစ်ခုကို စီစဉ်ခဲ့ပါသည်။ သူသည် ငွေရေးကြေးရေးအကြောင်း ပြောဆိုခြင်းကို မနှစ်သက်ဘဲ သူ၏စိတ်ကူး စိတ်သန်းများအားလုံးသည် ငွေကြေးမတည်ပေး သကဲ့သို့ဖြစ်ကြောင်းနှင့် လူတစ်ဦးတစ်ယောက်အနေနှင့် အချို့သော ငွေကြေးများသည် သူတည်ထောင်ထားသည့် မတူကွဲပြားသည့် စွန့်စားလုပ်ကိုင်ခြင်းများမှ လာကြောင်း ယူဆနိုင်ပြီး တစ်ချို့သောကိစ္စရပ်များတွင်မူ နောက်ပိုင်းတွင် သူဆုတ်ခွာခဲ့ပါသည်။ အောင်စိုး မင်းသည် အရေးကြီးသည့် ရှာဖွေစုဆောင်သူနှင့် အနုပညာရှင်နှစ်မျိုးလုံးတွင် ပါဝင်နေဟန်ရှိပြီး သူ၏စိတ်ကူး စိတ်သန်းများမှ ယဉ်ကျေးမှုဆင်ရာ မြင်ကွင်းများနှင့် အတွေးအခေါ်များ ပေါ်ထွက်လာပြီး ရန်ကုန်မြို့တွင် သာမက မြန်မာတစ်နိုင်ငံလုံးကိုပါ ဖြန့်ဝေလျက်ရှိကာ လိမ္မာပါးနပ်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါသည်။ သူသည် ပြိုင်စံရှားသည့် အခွင့်အရေးများကို မည်သို့မည်ပုံသုံးရန် သိရှိနားလည်ပြီး မြန်မာနိုင်ငံ၏ အတိတ်နှင့် မျက်မှောက်ခေတ်ကာလများကို တင်ပြနိုင်သူလည်း ဖြစ်ပါသည်။

ယဉ်ကျေးမှုချင်း ဖလှယ်ခြင်း

ယခုအခါ ပန်းဆိုးတန်း အနုပညာခန်းမသည် ပြောင်းလဲတိုးတက်လျက်ရှိပြီး မြန်မာ့အနုပညာ ရှင်များ၊ အတွေး အခေါ်ရှင်များနှင့် နိုင်ငံခြားသားများ၊ ခရီးသွားဧည့်သည်များ၊ ကျွမ်းကျင်ပညာရှင်များ တွေ့ဆုံကြရာနေရာ လေးတစ်ခု ဖြစ်လာခဲ့ပါသည်။ ထိုသို့ ပြောင်းလဲတိုးတက်လာရခြင်း၏ အကြောင်းရင်းတစ်ခုမှာ အပတ်စဉ်အ င်္ဂါနေ့ညတိုင်း နန်စီနှင့် အောင်စိုးမင်းတို့ ကြီးမှုးကျင်းပလျက်ရှိသော ပါတီပွဲများလည်း ပါဝင်ပါသည်။ ထိုပါတီ ပွဲများတွင် နိုင်ငံခြားသားများနှင့ မြန်မာများ သောက်ကြစားကြရင်း တွေ့ဆုံစကားစမြည် ပြောခွင့်ရကြ ပါသည်။ လျှင်မြန်သော အရှိန်အဟုန်နှင့် ထိုသတ်မှတ် ဆုံရပ်ကလေးသည် ရန်ကုန်မြို့လုံးသို့ ထင်ရှား ကျော်ကြား လာပါတော့သည်။ ထိုရိုးရာ ဓလေ့လေးသည် ၂၀၁၈ ခုနှစ်တွင် ရပ်ဆိုင်းလိုက်သော်လည်း စီမံကိန်း ဒီဇိုင်နာ၏ နောက်ထပ် ရွှေ့ရှားမှုလက္ခဏာရပ် ဖြစ်ပေါ်လာပါတော့သည်။

အောင်စိုးမင်းနှင့် နန်စီကူနင်းဟမ်တို့၏ ယဉ်ကျေးမှုဖလှယ်ခြင်း အထူးနည်းလမ်းများအဖြစ် ပန်းဆိုးတန်းရှိ နေရာနှစ်နေရာစလုံးကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ဤနေရာများမှ ခင်းကျင်း ပြသထားသည့် အဖြစ် အပျက် အကြောင်းအရာများကို လူမှုကွန်ယက်ဖြစ်သည့် ဖေ့စ်ဘုတ်နှင့် အခြားသတင်းမီဒီယာများမှတစ်ဆင့် သိရှိပြီး လာရောက်ကြည့်ရှုကြသည့် လူများသည် မြန်မာ့ သမိုင်းကြောင်း၊ မျက်မှောက်ရေးရာ ကိစ္စရပ်များ၊ အနုပညာရှင်များအကြောင်း တို့နှင့်ပတ်သက်၍ သတင်းအချက်အလက်များနှင့် ရှင်းလင်းတင်ပြချက်များကို သိရှိခွင့် ရနိုင်မည်ဖြစ်ပါသည်။ ထင်ရှားသည့် အနောက်တိုင်းသိပ္ပံပညာရှင် အတော်များများသည် မြန်မာနိုင်ငံ နှင့်ပတ်သက်ပြီး ပြုလုပ်သော သုတေသနများတွင် ပန်းဆိုးတန်းမြင်ကွင်းအကြောင်း ဆွေးနွေးပြောဆိုကြမြဲ ဖြစ်ပါသည်။ ထို့ပြင် နန်စီနှင့်အောင်စိုးမင်းတို့သည် အင်္ဂလိပ်-မြန်မာအဘိဓာန်ကို ထုတ်ဝေခဲ့ပြီး မြန်မာ စကားလုံး တစ်လုံးတိုင်းကို အသံထွက်နိုင်စေရန် သီးခြားကဏ္ဍတစ်ရပ်ပါ ထည့်သွင်းဖော်ပြ ထားပါသည်။ ထပ်မံ၍ အပတ်စဉ်တွေ့ဆုံပွဲများတွင် မြန်မာဘာသာစကားကို လေ့ကျင့်သင်ကြားပေးပြီး နန်စီကိုယ်တိုင် အစပြုကာ သူမမြို့တွင်း ရှိချိန်များတွင် ပါဝင်ခဲ့ပါသည်။ ထိုတွေ့ဆုံပွဲများသည် အောင်စိုးမင်း၏ ကူညီ ထောက်ပံ့မှုဖြင့် အတွင်းဝန်ရုံး အဆောက်အဦးအနီး၊ ဘိုကလေးဈေးလမ်းပေါ်တွင် နောက်ထပ် တည်ထောင် ထားသည့် ပန်သူရိယယဉ်ကျေးမှုပြခန်းတွင် ကျင်းပလျက်ရှိပြီး နိုင်ငံခြား သားများမကြာခဏ လာရောက်လေ့ ရှိကြကာ အစားအစာများ၊ အနုပညာလက်ရာများ၊ သမိုင်းဝင်ဓာတ်ပုံများနှင့် ပန်းချီကားများကိုလည်း ခင်းကျင်း ပြသထားပါသည်။ နောက်ထပ် ပြောင်းလဲလွယ်သော စွန့်စားလုပ်ကိုင်သည့် လုပ်ငန်းသစ်တစ်ခုကို ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ၊ အနုပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်စသူတို့၏ လမ်းညွှန်မှုအောက်တွင် ဖွင့်လှစ်ကာ ၂၀၁၉ ခုနှစ် အစောပိုင်းကာလများတွင် ပန်းဆိုးတန်းမြင်ကွင်းကို အနု ပညာကော်ဖီဆိုင်အဖြစ် ပုံစံပြောင်းပြီး အစားအသောက်များကို ရောင်းချပေးနေပါသည်။ ၃၇ လမ်း စားသောက်ဆိုင်မှ ထိုင်ခုံများနှင့် စားပွဲများကိုလည်း ပြောင်းရွှေ့ပြီး ယခုအခါ မာတိကာအမည်ရှိ အနုပညာနှင့် စာအုပ်ဆိုင်အဖြစ် ပြောင်းလဲဖွင့်လှစ်ထားပါသည်။

အကဲဖြတ်ခြင်း

အောင်စိုးမင်းနှင့်ပတ်သက်၍ ယခုအခါ တစ်စုံတစ်ရာ ကောက်ချက်ချအကဲဖြတ်ရန် မဖြစ်နိုင်သေးပါ။ ရိုးရှင်းစွာ ပြောရလျှင် ယခုတိုင် လုံးလုံးလျားလျား မပြီးပြတ်သေးသောကြောင့် ဖြစ်ပါသည်။ မြန်မာအမျိုးသား အများစု ကဲ့သို့ပင် သူသည် ထူးချွန်သောပါရမီများစွာ ရှိသောအမျိုးသား တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာ၏အမြင့်ဆုံး ကုသိုလ် ကောင်းမှုဖြစ်သည့် ဒါနပါရမီကို သူ့နည်းသူ့ဟန်ဖြင့် တင်ဆက်ပြသနိုင်သူတစ်ဦးသာ ဖြစ်ပါတော့သည်။

ကိုးကားချက်များ

ဤအတ္ထုပတ္တိသည် စာရေးသူ ပန်းဆိုးတန်း ပန်းချီပြခန်းနှင့် ပန်းဆိုးတန်းမြင်ကွင်းတို့တွင် အလုပ်သင်အဖြစ် လုပ်ဆောင်နေစဉ် အောင်စိုးမင်းနှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်းနှင့် ၂၀၁၆ ခုနှစ် နောက်ပိုင်းနှင့် ၂၀၁၇ ခုနှစ် အစောပိုင်းကာလများတွင် သူအားသိသူတို့၏ သတင်းပေးချက်များ အပေါ် အခြေခံ၍ ကိုးကားရေးသားထားခြင်း ဖြစ်ပါသည်။

အခြားကိုးကားချက်များကို အောက်ဖော်ပြပါ လင့်ခ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.mmtimes.com/news/something-everyone-myanmar-matika.html (accessed 25.2.2019).

ဦးချစ်လှိုင် – ဗမာ့ဆိုရှယ်လစ် စနစ် အစပျိုးသူ

Rodion Ebbighausen
Translation by Nang Lao Kham
English version of this article

မိတ်ဆက်

မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စနစ် သေဆုံးခဲ့ပြီးပါပြီ။ နိုင်ငံအတွင်းရှိ ဆိုရှယ်လစ်ဝါဒီ သမားများကို တွေ့ဆုံလိုသူ မည်သူမဆို ရန်ကုန်မြို့၏ ဗဟန်းမြို့နယ်တွင် ရှိသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (National Unity Party) ကို သွားရောက်လည်ပါတ်သင့်ပါသည်။ 

ဟောင်းနွမ်းနေသော အလံတိုင်အနီးရှိ သစ်သားဖြင့်ဆောက်လုပ်ထားသောအဆောက်အအုံ တန်းလျား အတွင်းတွင် ဆိုရှယ်လစ်စနစ်လက်ကျန်အား ပါတီခေါင်းဆောင်များမှ ထိန်းသိမ်းလျက်ရှိသည်။ 

ထိုပါတီဝင်များထဲတွင် ဦးနေဝင်းလက်ထက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဟောင်း တဖြစ်လဲ ဗမာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ (Burma Socialist Program Party) ၏ ခေါင်းဆောင်အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်သူ ဦးခင်မောင်ကြီး ကဲ့သို့သော အသက်အရွယ်ကြီးရင့်သူများလည်း ပါဝင်ပါသည်။  မြန်မာတို့ရဲ့ ဆိုရှယ်လစ်စနစ်ဆီသို့ ခရီးစဥ် အဆုံးသတ်သွားသည့် ၁၉၈၈ခုနှစ်တွင် BSPP ကိုလည်းပဲ တရားဝင်ဖျက်သိမ်းခဲ့သည်။ ဆိုရှယ်လစ်ဝါဒ“ ဟူသောအသုံးအနှုန်းသည် နိုင်ငံရေးလောကထဲမှ တဖြည်းဖြည်းပျောက်ကွယ်လုဖြစ်လာပါသည်

ဦးခင်မောင်ကြီး အနေဖြင့် ပါတီနှင့် ရာထူးမှထုတ်ပါယ်ခံလိုက်ရချိန်တွင် ၎င်း၏ နိုင်ငံရေးအသိုက်အမြုံကိုပါ ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲကာလတွင် ဆိုရှယ်လစ်ဝါဒီများသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(NUP) တွင်ပြန်လည်စုံစည်းခဲ့ကြသည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီ(NUP) ကို ၁၉၈၈ခုနှစ် အောက်တိုဘာလ ၁၂ရက်နေ့တွင် တည်ထောင်ခဲ့ပါသည်။ မြန်မာ့ဆိုရှယ်လစ် ဝါဒ အတွေးအခေါ်ပညာရှင်ဖြစ်သူ ဦးချစ်လှိုင်သည် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) သည် ဗမာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(BSPP) အားတိုက်ရိုက် အရိုက်အရာခံယူသည့်ပါတီအဖြစ် ရှုမြင်နိုင်ပါသည်။

ဗဟိုမှခွဲထွက်ခဲ့သည့် ပါတီတစ်ခုအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) အား သီးသန့်ရှုမြင်ရန် ကုန်သွယ်ရေး ဝန်ကြီးဟောင်းမှ ၂၀၁၃ခုနှစ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ စီးပွားရေးစံစနစ် စီမံချက်အား သွေဖယ်ခဲ့သည်မှအပ ပါတီတွင်းစည်းမျဉ်းစည်းကမ်းများသည် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP) ၏ ဆိုရှယ်လစ် လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာစောင့်ထိန်း လျက်ရှိသည်။ ၂၀၁၃ခုနှစ်တွင် ဦးခင်မောင်ကြီးသည် အနာဂါတ်အတွက် အကောင်းမြင်ဆဲပင်ဖြစ်သည် နှင့်အမျှ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အောင်နိုင်ပြီး လွတ်တော်အတွင်းဝင်ရောက်ရန် မျှော်လင့်လျက်ရှိသည်။ သို့သော်လည်းမျှော်လင့်ထားသကဲ့သို့ဖြစ်မလာခဲ့ပေ။၂၀၁၅ခုနှစ်တွင်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(NUP)သည် အမျိုးသားလွှတ်တော်တွင် တစ်နေရာသာ အနိုင်ရရှိခဲ့ပါသည်။ ဆိုရှယ်လစ်ဝါဒနှင့် ၎င်း၏ နောက်ဆုံးဆက်ခံသူများသည် လာမည့်နှစ်များတွင် ကွယ်ပျောက်လာနိုင်ဖွယ်ရှိပါသည်။ လူအများစုအတွက် အထူးသဖြင့် ငယ်ရွယ်သူမျိုးဆက်သစ်များ အတွက် ယနေ့ဆိုရှယ်လစ်ဝါဒသည် လုံးဝကျရှုံးသောအတွေးအခေါ်တစ်ခုအဖြစ် ကျန်ရှိနေပါသည်။ 

ဆိုရှယ်လစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒတို့သည် မြန်မာနိုင်ငံလွပ်လပ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည့် ၁၉၃၀ နှင့် ၁၉၄၀ အချိန်ကာလများတွင် အဓိကနေရာမှ ပါဝင်ခဲ့ကြသည်။ လွပ်လပ်ရေးသူရဲကောင်းဖြစ်သော အောင်ဆန်းသည်လည်းပဲ နိုင်ငံ၏ပထမဆုံးသော ကွန်မြူနစ်ပါတီတွင် တည်ထောင်သူတစ်ယောက် အဖြစ်ပါဝင်ခဲ့သည်။ ၎င်း၏မိန့်ခွန်းများနှင့် အရေးအသားများသည် ဆိုရှယ်လစ် အတွေးအခေါ်များနှင့် မာတ်စ်ဝါဒဆိုင်ရာအသုံးအနှုန်း တို့ဖြင့် ပြည့်နှက်လျက်ရှိပါသည်။

ဦးချစ်လှိုင်၏ အစောပိုင်းကာလများ

ဗမာ့ဆိုရှယ်လစ်ဝါဒီ၏ ဒုတိယမျိုးဆက်အတွက် အရေးပါဆုံးသော ဝါဒခေါင်းဆောင်များထဲတွင် ဦးချစ်မောင်တစ်ယောက် အပါအဝင်ဖြစ်သည်။ ဦးချစ်မောင်ကို ၁၉၂၆ခုနှစ် မတ်လ ၁၅ရက်နေ့တွင် ကသာခရိုင်၌ မွေးဖွားခဲ့သည်။ ကသာဒေသသည် စစ်ကိုင်းတိုင်းအတွင်းရှိ ဧရာဝတီအထက်ပိုင်းဒေသတွင် တည်ရှိပါသည်။ ၁၉၄၂ခုနှစ်တွင် ဗြိတိသျကိုလ်ိုနစ်စနစ်အားတိုက်ခိုက်ရန်အတွက် ၁၆နှစ်အရွယ် ကျောင်းသား ချစ်လှိုင်သည် ဗမာ့လွပ်လပ်ရေးတပ်မတော် (BAI) သို့ဝင်ရောက်ခဲ့သည်။ ဂျပန်တို့၏အကူအညီဖြင့် ဗြိတိသျများကို တိုက်ထုတ်ခဲ့ပြီးနောက်ပိုင်းတွင် ဗမာ့လွပ်လပ်ရေးတပ်မတော် (BAI) အား ဗမာ့ကာကွယ်ရေးတပ်မတော် ( BDA) အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့ချိန်တွင် ချစ်လှိုင်သည် ၆လတာ အရာရှိသင်တန်းအားတတ်ရောက်ခွင့်ရခဲ့သည်။ မြန်မာနိုင်ငံအား ဂျပန်တို့ သိမ်းပိုက်ချိန်ကာလတွင် ချစ်လှိုင်သည် တပ်ကြပ်ကြီးအဆင့်သို့ ရောက်ရှိခဲ့သည်။

၎င်း၏ စစ်ဘက်ဆိုင်ရာပညာရေးအပြင် ဆယ်ကျော်သက်ကျောင်းသူတစ်ယောက်ဖြစ်သော ချစ်လှိုင်သည် ကွန်မြူနစ်ဝါဒ နှင့် မာက့်စ်-လီနင်ဝါဒ များဖြင့်လည်း ကြုံကြိုက်ခဲ့ရသည်။ နဂါးနီ စာချစ်သူများအဖွဲ့၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည့်အလျောက် လက်ဝဲဆိုရှယ်လစ် ဆိုင်ရာအရေးအသားများကိုလည်း လေ့လာခဲ့သည်။ ချစ်လှိုင်ကိုယ်တိုင်မှ ၎င်းပထမအကြိမ် ပုံနှိပ်ထုတ်ဝေသည့် မာ့က်စ်၊ Engels၊ လီနင် နှင့် အခြားသောမြန်မာဘာသာဖြင့်ထုတ်ဝေမှုများတွင်  ၁၉၃၉တွင် “ဆိုရှယ်လစ်ဝါဒ” ဟူသောစာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည့် သခင်စိုး၏ လွှမ်းမိုးမှုကို ကြီးစွာခံရကြောင်း ဝန်ခံထားပါသည်။ အခြား လွှမ်းမိုးမှုရှိသူတစ်ယောက်မှာ ဆိုရှယ်လစ်ဝါဒီတစ်ယောက်ဖြစ်သူ သခင်တင်မြဖြစ်ပါသည်။ ၎င်း၏ဆရာများမှတစ်ဆင့် ချစ်လှိုင်သည် ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးသူတစ်ယောက်ဖြစ်လာခဲ့ပြီး ဗမာကွန်မြူနစ်ပါတီ (BCP)သို့ဝင်ရောက်ကာ တပ်မတော်အတွင်း ကွန်မြူနစ်သမားများ များပြားလာအောင် အားထုတ်ခဲ့ပါသည်။ 

ချစ်လှိုင်၏ အသက်မွေးဝမ်းကြောင်းအစတွင် နောက်ပိုင်းတွင် ခါးခါးသီးသီးရန်သူဖြစ်လာနိုင်သည့် စခန်း၃ခုတွင် ရှိခဲ့ပါသည်။ ပထမပိုင်းတွင် ၎င်းသည် အောင်ဆန်း၏ခေါင်းဆောင်မှုဖြင့် ဂျပန်တို့ဖြင့် ပူးပေါင်းခဲ့သော တပ်မတော်အတွင်းတွင် ရှိခဲ့ပါသည်။ ဒုတိယနေဖြင့် ၎င်းသည် ဂျပန်စစ်အစိုးရနှင့် ပူးပေါင်းမှုကိုတော်လှန်သည့် ကိုယ်စားလှယ်များပါဝင်သော ကွန်မြူနစ်ဝါဒီအုပ်စုတွင် ရှိနေခဲ့ပါသည်။ တတိယနေဖြင့် ၎င်းသည် သခင်တင်မြ၏ ဆိုရှယ်လစ်ဝါဒီသမားများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ 

နောက်ပိုင်းတွင် ၎င်း၏ဆရာဖြစ်သူ သခင်စိုး၏ အလံနီကွန်မြူနစ်ဝါဒီအစား နှစ်ပေါင်းများစွာကြာမြင့်သော လွပ်လပ်ရေးလှုပ်ရှားမှုတွင် အတူတကွတိုက်ပွဲဝင်ခဲ့သော ဩဇာသက္ကမကြီးမားသည့် အောင်ဆန်း၏ စစ်စခန်းနှင့် ၎င်း၏ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွပ်လပ်ခွင့်အဖွဲ့ (AFPFL) သို့ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၄၂ ခုနှစ် နှင့် ၁၉၄၃ ခုနှစ်အကြားတွင် အောင်ဆန်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ချစ်လှိုင်သည် အောင်ဆန်းနှင့် သခင်စိုး နှင့် အခြားသော ကွန်မြူနစ်ခေါင်းဆောင်များအကြား သတင်းစကားပေးပို့သူအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ဦးချစ်လှိုင်အနေဖြင့် ၎င်း၏ ထင်မြင်ယူဆချက်ကို ပြောင်းလဲခဲ့သည်။ “ သူက အယူသန်တဲ့ စစ်ဝါဒီသမားလို့ထင်ခဲ့တာ။ အခုတော့ သူက ဒီမိုကရေစီဝါဒီသမား တစ်ယောက်ဆိုတာ သိခဲ့ရတယ်။ သူကို မာ့က်စ်ဝါဒရဲ့ ရန်သူတစ်ယောက်လို့လည်းထင်ခဲ့သေးတယ်။ ခုတော့ သူ့ကို ကျွန်တော် ရိုးသားစစ်မှန်တဲ့ ဆိုရှယ်လစ်ဝါဒီသမား စစ်စစ်အဖြစ် လေးစားတယ်” ဟုပြောဆိုခဲ့သည်။ 

၁၉၆၄ခုနှစ်မှာ အောင်ဆန်းမှ ဆိုဗီယက် ယူနီယံ၏ ခေါင်းဆောင်မှုအောက်တွင် ကမ္ဘာ့လုံးဆိုင်ရာ တော်လှန်ရေး ဟုကိုယ့်ကိုယ်ကို ဝန်ခံသော ကွန်မြူနစ်ဝါဒီသမားများနှင့် ကွာပြဲသောအခါ ဦးချစ်လှိုင်မှ နှုတ်အားဖြင့် ကွန်မြူနစ်ဝါဒီသမားအဖြစ်မှ နှုတ်ထွက်ခဲ့သည်။ ၎င်းကိုယ်တိုင်ပြောသောစကားမှ ၎င်းသည် ကွန်မြူနစ်ဝါဒီသမားအဖြစ်မှ ဒီမိုကရေစီဝါဒီသမားအဖြစ်သို့ ပြောင်းလဲခဲ့ကြောင်း ပါရှိပါသည်။ စိတ်သဘောထားတူညီသူများဖြင့် အတူတကွ ပြည်သူ့စာပေ ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ထို့နောက် ဦးချစ်မောင်သည် Marx and Mao ကဲ့သို့သော ကြော်ကြားသည့်စာပေ များအား ဘာသာပြန်ခဲ့သည့်အပြင် မောင်ချစ်ကြီး (နောက်ပိုင်းတွင် ကိုကိုမောင်ကြီး ဟူသောကလောင်အမည်ကို အသုံးပြုခဲ့သည်။) နှင့်လည်း ကလောင်အမည်ခံရေးသားခဲ့သည်။

 ၁၉၅၁ ခုနှစ်တွင် ဦးချစ်မောင်သည် အရှေ့ဘာလင်အား နိုင်ငံတကာလူငယ်အစည်းအဝေးအတွက် AFPFL ကိုယ်စားလှယ်အနေဖြင့် သွားရောက်ခဲ့ပါသည်။ အစည်းအဝေးအား ဆိုဗီယက် ယူနီယံမှ ပံ့ပိုးကူညီခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဦးချစ်လှိုင်သည် ဆိုဗီယက်ယူနီယံတွင် ၎င်း၏ပညာရေးအားဆက်လက် သင်ယူချင်ခဲ့သော်လည်း ဦးချစ်လှိုင်၏ကြိုးပမ်းမှုကို ဗမာ့ကွန်မြူနစ်ပါတီ (BCP) မှ ဦးထွန်းစိန်မှ ဦးချစ်လှိုင်၏ ကွန်မြူနစ်ဝါဒီသမား စစ်စစ်မဖြစ်ခဲ့ခြင်းကြောင့် ဆန့်ကျင်ခဲ့သည်။ နောက်ဆုံးတွင် ဦးချစ်လှိုင်သည် ဆိုဗီယက်ယူနီယံ၏ ကွန်မြူနစ်ပါတီမှ ခွင့်ပြုချက်မရရှိခဲ့ပေ။ မော်စကိုအစား ပါရီတွင် ၁၉၅၅ ခုနှစ်အထိ နေထိုင်ခဲ့ပြီး ဒဿနိကဗေဒ ဘာသာရပ်ကို လေ့လာခဲ့သည်။ ၎င်း၏ကိုယ်ပိုင်အကောင့်အရ ဦးချစ်လှိုင်သည် ပါရီမြို့တွင် နေထိုင်စဉ်ကာလအတွင်း လျို့ဝှက်ရဲများနှင့် တက္ကသိုလ်ပညာသင်ခွင့် မရရှိမည်ကို စိုးရိမ်သောကြောင့် နိုင်ငံရေးဆိုင်ရာလုပ်ငန်းများ ကို ရှောင်ကျဉ်ခဲ့သည်။ 

တစ်ပြိုက်နက်တည်းမှာပဲ ဦးချစ်လှိုင်ဟာ ဆိုရှယ်လစ်ဝါဒအတွေးအခေါ်အသစ်များနဲ့ ကြုံကြိုက်ခဲ့ပါသည်။ သမ္မတ မာရှယ်တီတို လက်အောက်က ယူကိုဆလားဗီးယားမှာရှိတဲ့ အထူးလမ်းကြောင်းတစ်ခုကို သူငယ်ချင်းတစ်ယောက်မှတစ်ဆင့် သိရှိခဲ့ပါသည်။ ၁၉၄၈ခုနှစ်မှာ ကွန်မြူနစ်တစ်ယောက်ဖြစ်တဲ့ တီတိုဟာ စစ်အေးတိုက်ပွဲမှာ အနောက်နိုင်ငံစစ်စခန်းတွေမှာ ပါဝင်ခြင်းမရှိဘဲ စတာလင်ကို အာဏာဖီဆန်ခဲ့ပါသည်။

 ၁၉၆၁ခုနှစ် ဘော်လကန်ဒေသတွင် တည်ထောင်ခဲ့သည့် ဘက်မလိုက်နိုင်ငံများအုပ်စု၏  ခေါင်းဆောင်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ခဲ့သည်။ ဘက်မလိုက်နိုင်ငံများအုပ်စု နှင့် ၎င်း၏ရှေးဦးဖြစ်သော ၁၉၉၅ခုနှစ် ဘန်ဒေါင်းမူ ကို မြန်မာနိုင်ငံမှ ကောင်းမွန်စွာ လက်ခံခဲ့သည်။ တီတိုဥပမာသည် ရှေးရိုးစွဲကွန်မြူနစ်သမားများသာမက ဆိုဗီယက်ယူနီယံ၏ မာ့က်စ်-လီနင် ဝါဒီသမားများ လည်းဝေဖန်ခံရနိုင်ကြောင်း ပြသခဲ့သည်။ ထိုအမြင်ရှုထောင့်အသစ်နှင့်အတူ ဗိုလ်မှူးချုပ်အောင်ကြီး၏ ခေါ်ယူမှုကြောင့် ၁၉၅၅ခုနှစ်တွင် ၎င်း၏ဆန္ဒမပါရှိပဲ မြန်မာနိုင်ငံသို့ပြန်လာခဲ့သည်။ ဗိုလ်မှူးချုပ်အောင်ကြီး သည် ကိုလိုနီခေတ်အလွန်ကာလများတွင် အလွန်အရေးပါသော သူတစ်ယောက်ဖြစ်ခဲ့သည်။ ၁၉၅၀ ခုနှစ်နှောင်းပိုင်းများတွင် မောင်မောင်နှင့်အတူ တပ်မတော်တွင် ခေါင်းဆောင်အဖြစ်အတူတကွလုပ်ကိုင်ခဲ့ ကြသည်။

ဗိုလ်မှူးချုပ်အောင်ကြီး၏ တောင်းဆိုချက်ကြောင့် ဦးချစ်လှိုင်သည် တပ်မတော်ပညာရေးနှင့် စိတ်ဓါတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတွင် စစ်ရေးအယူဝါဒနှင့် ကွန်မြူနစ်ဝါဒဆန့်ကျင်ရေး ဝါဒဖြန့် လုပ်ဆောင်ရသည့် ဒါရိုက်တာအဖွဲ့ဝင်အဖြစ်လုပ်ကိုင်ခဲ့သည်။ ထိုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရဲအရာရှိများအား သင်တန်းများပေးခြင်း၊ ဝါဒဖြန့်ချီရေးဆိုင်ရာ လက်ကမ်းစာစောင်၊ ရေဒီယိုနှင့် ရုပ်သံထုတ်လွှင့်မှုများ ဖြန့်ဝေခြင်းစသည်တို့ပါဝင်ပါသည်။

 ရည်ရွယ်ချက်နှင့် ပြီးမြောက်မှုများ

မောင်မောင်၏ စီမံမှုဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့သော တပ်မတော်ရာထူးအသစ်တွင် ဦးချစ်လှိုင် ရေးသားခဲ့သော ပထမဆုံးအရေးပါသည့် စာဆောင်မှာ “နိုင်ငံတော်၏ အတွေးအခေါ်နှင့် တပ်မတော်၏အခန်းကဏ္ဍ” ဖြစ်ပါသည်။ ထိုစာဆောင်သည် တပ်မတော်နှင့် နိုင်ငံရေးအကြားရှိ ပါတ်သတ်ဆက်နွယ်မှုများကို ဖော်ပြထားပါသည်။ တပ်မတော်၏လုပ်ငန်းဆောင်တာမှာ နိုင်ငံ၏ အမြင်သဘောထားများကို ကာကွယ်ရန်အတွက် ဖြစ်သည်။ နိုင်ငံ၏အမြင်သဘောထားဟုဆိုရာတွင် ငြိမ်းချမ်းရေးသို့ပန်းတိုင်၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် ဆိုရှယ်လစ်စီးပွားရေးစနစ် စသည်တို့ဖြစ်ပါသည်။ 

နိုင်ငံ၏အမြင်သဘောထား အတွက် လုပ်ဆောင်ခြင်းအပြင် စစ်တပ်မှထုတ်ဝေသော မြဝတီ မဂ္ဂဇင်းတွင် ချစ်လှိုင်သည် အရေးပါသော စာရေးဆရာတစ်ယောက်လည်း ဖြစ်ခဲ့ပါသည်။ ထိုမဂ္ဂဇင်းသည် ၁၉၅၂ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ၁၉၅၆ခုနှစ်တွင် စောင်ရေ ၁၈၀၀၀ အထိထုတ်ဝေနိုင်ခဲ့ပါသည်။ ဦးချစ်လှိုင်၏ ဆောင်းပါးများထဲတွင် ဗမာ့ကွန်မြူနစ်ပါတီ (BCP) နှင့် စတာလင်၏အယူဝါဒတို့ကို ဝေဖန်ခဲ့ပြီး ၎င်း၏ကိုယ်ပိုင်နိုင်ငံရေးအယူဝါဒ ဖြစ်သော နမာရူပ ဝါဒကို မိတ်ဆက်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရန် ဦးချစ်လှိုင်သည် ရိုးရာဗုဒ္ဓဘာသာအသုံးအနှုန်းများ အသုံးပြု၍ အဓိပ္ပါယ်ဖွင့်ဆိုချက် အသစ်များ ပေးရန်ကြိုးစားခဲ့သော်လည်း မာ့က်စ်နှင့် ဆိုရှယ်လစ်ဝါဒများကဲ့သို့ တည်မြဲသည့်အသုံးအနှုန်းအဖြစ် မတည်ရှိနိုင်ခဲ့ပါ။

နာမရူပ ဆိုသည်မှာ ပါဠိအသုံးအနှုန်းတစ်ခုဖြစ်ပြီး နာမ နှင့် ရူပကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ နာမဆိုသည်မှာ စိတ်၏ကျယ်ပြန့်သည့်သဘောကို ဆိုလိုပြီး ရူပဆိုသည်မှာ ရုပ်ဝတ္ထု ကိုဆိုလိုပါသည်။ ဦးချစ်လှိုင်သည် ထိုအသုံးအနှုန်း ၂ခုကို တွဲဆက်၍ “အသိတရား” နှင့် “အကြောင်းကိစ္စ” မူကွဲပြားခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ဝါဒဆိုသည်မှာ (ကွန်မြူနစ်ဝါဒ၊ အရင်းရှင်ဝါဒ စသည်ကဲ့သို့သော) သဘောထားများကို ဆိုလိုပါသည်။ ထိုကြောင့် နာမရူပဆိုသည်မှာ စိတ်ကူးစိတ်သန်းတစ်ခုပင်ဖြစ်ပါသည်။  

ဦးချစ်လှိုင်၏ တွေးမြင်ပုံအရ နာမရူပ ဝါဒသည် အနာဂါတ်ဆိုရှယ်လစ်နိုင်ငံတည်ဆောက်ရေးအတွက် အခြေခံလမ်းညွှန်သဘောတရားဖြစ်ပါသည်။ သူ၏မျှော်လင့်ချက်မှာ မာ့က်စ်ဝါဒ၏ ရုပ်ဝတ္ထုဝါဒနှင့် ဗုဒ္ဓ၏ ဝါဒများကို ရောမွေ၍ နိုင်ငံ၏စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန်ဖြစ်ပါသည်။ နာမရူပဝါဒသည် ကွန်မြူနစ် ဝါဒနှင့် အမျိုးသားရေးဝါဒကို တိုက်ရိုက်ဆန့်ကျင်သည့် ဝါဒတစ်ခုဖြစ်သည်။ အနောက်တိုင်း အတွေးအခေါ်ပညာရှင်များ၏ အမြင်အရ ဦးချစ်လှိုင်၏ အတွေးအခေါ်သည် ဗန်းစကားများနှင့် ဒွိဟဖြစ်စေသော ပါဠိစကားလုံးများဖြင့်သာပြည့်နှက်နေသော စိတ်ကူးစိတ်သန်းတစ်ခုမျှသာဖြစ်ပြီး အလွန်အမင်းရှုပ်ထွေးသည်ဟု နာကာနီရှီမှ ဝေဖန်ထားပါသည်။

၁၉၅၇ ခုနှစ်နှောင်းပိုင်းတွင် တပ်မတော်ပညာရေးနှင့် စိတ်ဓါတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတွင် နိုင်ငံရေးအတွေးအမြင် ဘာသာရပ်သင်ကြားပို့ချသူအဖြစ် တာဝန်ယူခဲ့သည်။ “လူ့သဘာ၀နှင့် ဒီမိုကရေစီတို့၏ ဖွံ့ဖြိုးတိုးတတ်ရေးအတွက်ဝေဖန်ထားသည့် အတွေးအခေါ်များ” ဆိုသည့်လက်စွဲစာအုပ် တွင် ၎င်း၏ဆောင်းပါးများနှင့် အတွေးအခေါ်များကို အကျဉ်းချုံးဖော်ပြထားပါသည်။ ထိုသီအိုရီရေးသား ချက်များသည် နောက်ပိုင်းတွင် အရာရှိများနှင့် စာပေပညာရှင်များသာလျှင် သိရှိခဲ့ကြသည်။ 

 နောက်ပိုင်းအာဏာပြိုင်ဆိုင်ကြသည့်နှစ်များ နှင့် ၁၉၅၄ခုနှစ်တွင် AFPFL ပြိုကွဲသည့်အချိန်နှင့် တစ်ပြိုက်နက်တည်း တပ်မတော်အတွင်း ဆိုရှယ်လစ်ဝါဒသည် အလယ်အလတ်လမ်း စဉ်အားပေးသော မောင်မောင်နှင့် အောင်ကြီးတို့ထက် ရေပန်းစားနာမည်ကြီးလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုကိစ္စများ အားလုံးတွင် ဦးချစ်လှိုင်သည် အသေးအဖွဲအနေနှင့်သာ ပါဝင်ခဲ့ပါသည်။ သူ၏အရေးပါသော အချိန်ကာလသည် ၁၉၆၂ခုနှစ် မတ်လအာဏာသိမ်းမှုနှင့် တော်လှန်ရေးကောင်စီ ဖွဲ့စည်းချိန်တွင်  ဖြစ်ပါသည်။ အုပ်ချုပ်သူအသစ်များသည် နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်များ မရှိကြပေ။ နေဝင်းသည် အလျှင်အမြန်ပင် ချစ်လှိုင်အပါအဝင်အခြားသောရဲဘော် ၂ယောက်အား အတွေးအခေါ်အသစ် ပေါ်ပေါက်လာစေရန် လုပ်ပိုင်ခွင့်ပေးခဲ့သည်။ တပ်မတော်ထဲတွင် ထိုသို့သော ဗဟုသုတ များနှင့် စာရေးသည့်အရည်အချင်းရှိသူများ အလွန်နည်းပါသည့်အနက် ချစ်လှိုင်သည်တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ ထိုအတွေးအခေါ်အသစ်သည် တော်လှန်ရေးကောင်စီကိုလည်း တရားဝင်ဖြစ်စေရမည်။ စစ်အေးတိုက်ပွဲ၏ နိုင်ငံရေးပိတ်ဆို့မှုများနှင့် အတူ မြန်မာနိုင်ငံအား အထူးအခြေအနေသို့ ရောက်ရှိစေရန် ရည်ရွယ်သည့် အထူး သဘောတရားအမြင် တည်ဆောက်မှုကို နေဝင်းမှ အားပေးခဲ့ပါသည်။  

ထိုကြောင့် ဦးချစ်လှိုင်အနေဖြင့် တော်လှန်ရေးကောင်စီ၏ မူဝါဒ (မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်) ကို ရေးသားခွင့်ရရှိခဲ့ပါသည်။ နောက်ပိုင်းတွင် (လူနှင့်ပါတ်ဝန်းကျင်တို့၏ အညမည သဘောတရား) ဟူ၍ ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တရားဝင် အတွေးအခေါ် ဖြစ်လာခဲ့သည်။ ထို နေဝင်းလက်ထက်ရှိ ထင်ရှားသော အတွေးအခေါ် ၂ခုအား ဖန်တီးရာတွင် ဦးချစ်လှိုင်သည် ၁၉၅ဝခုနှစ်နှောင်းပိုင်းတွင် ကြိုတင်ပြင်ဆင်ခဲ့သည့် အတွေးအခေါ်ဆိုင်ရာ စာတမ်းများပေါ်အခြေခံ၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

အရေးပါသော သဘောတရားဆိုင်ရာလုပ်ငန်းများ

ထိုသဘောတရားများကို ဖတ်ရှုရာတွင် မာ့က်စ်အသုံးအနှုန်းများနှင့် ဗုဒ္ဓဘာသာယုံကြည်မှုသီအိုရီများ နှင့် ပါဠိအသုံးအနှုန်းများ ရောနှောပါဝင်နေခြင်းသည် အခက်အခဲတစ်ခုဖြစ်သည်။ ထိုစနစ်ကို တစ်ဆင့်ချင်းစီ ချဉ်းကပ်သည့်နည်းလမ်းဖြင့်ဖွဲ့စည်းထားသည်။ ပထမဦးစွာ သဘာ၀၏ဖွဲ့စည်းပုံကို သတ်မှတ်ထားသည်။ ထို့နောက် လူ၏သဘာ၀ နောက်ဆုံးတွင် လူ့ပါတ်ဝန်းကျင်၏ သဘာဝတို့ပါဝင်သည်။

အခြေခံတွင် ရုပ်ဝတ္ထုဆိုင်ရာလောက၊ သက်ရှိလောက နှင့် နောက်ဆုံးတွင် လူ့လောကသဘာဝတွင် ဖြစ်ပေါ်တတ်သောဖြစ်ရပ်များဟု ဖေါ်ပြထားသော ထိုလောကသုံးခုအား တစ်ခုတည်း အဖြစ်  ဖော်ပြချက်ပါရှိသည်။ လူ့လောကသဘာဝတွင် ဖြစ်ပေါ်တတ်သောဖြစ်ရပ်များ ဟုဆိုရာတွင် စိတ်နှင့်အကြောင်းအရာများအကြား အပြန်အလှန်အကျိုးပြုဖြစ်စဉ်ကို ဆိုလိုခြင်းဖြစ်သည်။ ဦးချစ်လှိုင်သည် ထိုစကားလုံး များကိုဖော်ပြရန် ဗုဒ္ဓဘာသာမှ အသုံးအနှုန်းများကို အသုံးပြုခဲ့သည်။ ဥက္ကစလောက (ရုပ်ဝတ္ထုဆိုင်ရာလောက)၊ စိတ္တလောက (သက်ရှိလောက)၊ “မမြဲခြင်းသဘောတရား” သို့မဟုတ် “ပြောင်းလဲခြင်းသဘောတရား” စသည်ကဲ့သို့သော အသုံးအနှုန်းများပါရှိသည်။ 

လူသားအား အကောင်းဆုံးသောဖန်တီးမှုအဖြစ် သတ်မှတ်ထားပြီး အရားအားလုံးကို စတင်သူအဖြစ် သတ်မှတ်ထားသည်။ “လူသာလျှင်အဓိက” ဟုဖော်ပြထားသည်။ လူသည် လောက၃ခုစလုံး၏ ပုံရိပ်ဖြစ်သည့်အလျောက် လူများသည် ပါတ်ဝန်းကျင်စနစ်ကို ဖန်တီးသည်၊ ပြောင်းလဲသည်။ ကိုယ်ကျိုးကြည့်မှုနှင့် ပရဟိတဝါဒ နှစ်ခုစလုံးကို သိရှိပြီး ပါတ်ဝန်းကျင်ကို ပုံဖော်သည့် သက်ရှိများအဖြစ် လူကို အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ 

ဦးချစ်လှိုင်သည် တည်ထောင်ခြင်းနှင့် ပါတ်ဝန်းကျင်ဆိုင်ရာဥပဒေများ ကဏ္ဍတွင် မာ့က်စ်ဝါဒဆိုင်ရာအသုံး အနှုန်းများအကို အလွန်အမင်းအသုံးပြုထားပါသည်။ ၎င်းသည် ထုတ်ကုန်တိုးမြှင့်ရေးနှင့် ရုပ်ဝါဒဆိုင်ရာ ဥပဒေများ ကိုအသားပေးသည့် အရင်းရှင်စနစ်ကို  သွယ်ဝိုက်၍ ဝေဖန်ထားပါသည်။ ဦးချစ်လှိုင်သည် ယုတ္တိဗေဒကျကျစဉ်းစားဆင်ခြင်မှု (ဒိုင်ယာလက်တစ်ကယ်)နည်းလမ်းသို့မဟုတ် ဒိုင်ယာလက်တစ်ကယ် ဥပဒေအကြောင်းပြောရာတွင် ပါဠိစကားလုံး ပဋိစ္စသမုပ္ပါဒ် (သက်ရှိအားလုံး၏ဖြစ်ပျက်ပုံတရား) ဟုသုံးနှုန်းထားသည်။ တော်လှန်ရေးတစ်ခုလည်း ဖြစ်ပွားခဲ့ပါသည်။ ဤအခန်း၏အဆုံးတွင် ဦးချစ်လှိုင်သည် ဗမာဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဒဿနိကစီမံကိန်း နှင့် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်၏ စီးပွားရေးဥပဒေ ၆ခုကို သတ်မှတ်ခဲ့ပါသည်။

ထိုအထဲတွင် မြန်မာပြည်အသစ်ရှိ အလုပ်သမားများအတွက် အခိုင်အမာချမှတ်ထားသည့် အခန်းကဏ္ဍများ နှင့် ပါတီများသို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အတွေးအခေါ်များရှိ ၎င်းတို့၏အပြုအမှုများကို ထင်ဟပ်စေပါသည်။ ထိုစာတမ်း ၂ခုစလုံးကို ပြင်ဆင်ပြောင်းလဲမှုမပြုလုပ်ဘဲ တော်လှန်ရေးကောင်စီသို့ တင်ပြခဲ့သည်။

ထိုစာတမ်း ၂ခုစလုံး၏ အကျိုးသက်ရောက်မှုမှာ နားလည်လက်လှမ်းမှီနိုင်ရန်ခက်ခဲခြင်းဖြစ်သည်။ သို့သော်အလွန်အမင်းမဟုတ်ပါ။ ပြန်လည်၍ ခြေရာကောက်ကြည့်လျင် “ကျွန်တော့်စိတ်ထဲမှာ ၁၉၆၂ခုနှစ် ဧပြီလ ၂၅ရက်နေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အပြောင်းအလဲဖြစ်ခဲ့တဲ့အချိန်ပဲ” ဟု ဦးချစ်လှိုင်မှ တော်လှန်ရေးကောင်စီမှ စနစ်ကို နိုင်ငံ၏အရေးပါဆုံးသောအရာအဖြစ် ထုတ်ပြန်ခဲ့ချိန်ကို  ဝေဖန်ခဲ့သေးသည်။  

ဦးချစ်လှိုင်၏ ထိုဝေဖက်ချက်၏ ကောက်နှုတ်ချက်သဘာ၀ကြောင့် ထိုစာတမ်းများ၏လွှမ်းမိုးနိုင်မှု သိပ်မကျယ်ပြန့်ခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ တပ်မတော်ပညာရေးနှင့် စိတ်ဓါတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတွင် သင်တန်းတတ်ခဲ့သူ ဗိုလ်မှူးချုပ် ခင်ညိုမှ ဗမာ့ဆိုရှယ်လစ်ဝါဒ ဒဿနိက အုတ်မြစ်အကြောင်းပြောကြားရာတွင် “ကျွန်တော့်အတွက်တော့ ဝန်ခံရမယ်ဆိုရင် နိုင်ငံရေးမှာ “စိတ်” နဲ့ “အကြောင်းတရား”တွေက ဘယ်လိုသက်ဆိုင်မှုရှိတယ်ဆိုတာ ကျွန်တော်နားမလည်နိုင်ဘူး”   ဟုပြောကြားခဲ့သည်။ အတွင်းလူမှပင် စနစ်၏ ဆက်စပ်မှုများကို နားလည်နိုင်ခြင်းမရှိသောကြောင့် ထိုအရာကို ပြည်သူလူထုမှ ၁၉၆၃ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့တွင် ရေဒီယိုမှ အသံထုတ်လွှင့်ခြင်းအားဖြင့် မည်သို့မျှနားလည်နိုင်မည်မဟုတ်ပါ။ ဒါဟာ ပါဝင်တဲ့အကြောင်းအရာတွေကြောင့် ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မည်ဟု နကာနီရှီမှ သံသယရှိခဲ့သည်။ “ နိုင်ငံတစ်နိုင်ငံရဲ့ အတွေးအခေါ်ဆိုတာ  အဲ့ဒီမှာပါဝင်တဲ့အကြောင့်အရာထက် အများကြီးအရေးပါတယ်” ဟုပြောကြားခဲ့သည်။ 

သမ္မတဟောင်းဖြစ်သူ ဒေါက်တာဘမော်မှ ၁၉၆၃ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် ဗြိတိသျှ သတင်းစာဖြစ်သော the guardian တွင် အနာပေါ်တုတ်ကျစေမည့် သုံးသပ်ချက်တစ်ခုကို ဖော်ပြခဲ့သည်။ “အခြေခံအားဖြင့်တော့ တော်လှန်ရေးကောင်စီ လုပ်တာမှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်မြင်တာကတော့ ဘာမှားသွားတာလဲဆိုရင် လူမျိုးနဲ့ ဘာသာရေး ဒါမှမဟုတ် ဘာသာရေးနဲ့ လူမှုအသိုင်းအဝိုင်းကို ထပ်ခါထပ်ခါ ရောထွေးသွားတာ ကမှားတာပဲ။  အဲ့ဒါက ဘာသာတရားတဲ့ အဆုံးအမတွေကို လူမှုအသိုင်းအဝိုင်းမှာရှိတဲ့ အမှန်တရားနဲ့ ဥပဒေတွေအဖြစ် ပြောင်းလဲစေလိုက်တာပဲ။ အဲ့လိုနဲ့ အစဉ်အမြဲပြောင်းလဲနေတဲ့ အခြေအနေနဲ့ ဥပဒေတွေအပေါ်မှာ အခြေခံထားတဲ့ လူမှုဒဿနိကတွေကို ဘယ်တော့မှ ပြောင်းလဲခြင်းမရှိဘဲ လုံးဝမှန်ကန်ပါတယ်လို့ ဆိုထားတဲ့ တသမတ်တည်းဖြစ်တဲ့ ဘာသာရေး နဲ့ချည်နှောင်လိုက်ပြီး ဒီကနေ့ခေတ်နဲ့ တိုင်းတာလို့တောင်မရတဲ့ ဟိုးရှေးနှစ်ပေါင်းများစွာကို နောက်ပြန်ဆုတ် နေတာပဲ”။  ဒီနေ့ခေတ်ကိုလည်းထင်ဟပ်စေတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါသည်။

ဆိုရှယ်လစ်ခေတ်ရဲ့အခြေခံအကျဆုံးသော စာတမ်းများဟာ နားလည်ရန်ခက်ခဲရုံ သာမက ရှေ့နောက်မညီ သောတွေးခေါ်မှု အကြံဥာဏ်များလည်း ပါဝင်နေသေးသည်။ အကြီးမားဆုံးကိစ္စကတော့ အတွေးအခေါ် နှင့် ဘာသာရေးဆိုသည်မှာ မတူညီသည့် ကိစ္စပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဦးချစ်လှိုင်သည် လိုက်ဖက်မညီသော ဘာသာရေးယုံကြည်ချက်၊ အတွေးအမြင်များနှင့် အတွေးအခေါ်များကို ညှိနှိုင်းရန်ကြိုးစားခဲ့သေးသည်။ သို့သော် မာ့က်စ်ဝါဒနှင့် ဗုဒ္ဓဝါဒ တို့တွင် ဘုံတူညီသည့် ပိုင်းခြေမရှိပါ။ နောက်ဆုံးတွင် စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုမရှိဘဲ တစ်ဖက်ဆီတွင် ရပ်တည်နေသော အဆိုအရအလွန်နက်နဲသော ရှုထောင့်များသာ ကျန်ရှိနေခဲ့ပါသည်။

အခြေခံစနစ်၏ မှုန်ဝါးနေသောအယူအဆသည်မြန်မာနိုင်ငံတွင် ပျက်သုန်းလာနေသည့် ဆိုရှယ်လစ်ဝါဒ အတွက်တော့ပြည့်စုံလုံလောက်သည့် ရှင်းပြချက်မပေးနိုင်ခဲ့ပါ။ သို့သော် လူမှုပါတ်ဝန်းကျင်ဆိုင်ရာ စမ်းသပ်ချက်၏ အစပိုင်းတွင် တသမတ်တည်းဖြစ်ခြင်းနှင့် ရှင်းလင်းခြင်းမရှိကြောင်း တိုင်းတာချက်တစ်ခုတော့ အနည်းဆုံးရှိခဲ့ပါသည်။ 

ဆိုရှယ်လစ်လမ်းစဉ် စည်းမျဉ်းများချဲ့ထွင်ခြင်း အဆုံးသတ်သည်နှင့်တစ်ပြိုင်နက်တည်း ဦးချစ်လှိုင်၏ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်လည်း ပြီးဆုံးခဲ့သည်။ သူ၏ သီအိုရီကို ကျစ်လစ်သောနိုင်ငံရေး တစ်ခုအဖြစ်သို့ ဘာသာပြန်ရန် တာဝန်မရှိတော့ပေ။ ၁၉၇၀ ခုနှစ်တွင် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ နှုတ်ထွက်ခြင်းမပြုမီ ပါတီအတွင်း ရဲဘော်များအား သင်ကြားပို့ချသူအဖြစ် ၈နှစ်ကြာတာဝန်ထမ်း ဆောင်ခဲ့ပြီး ၁၉၇၁ခုနှစ်တွင် အနားယူခဲ့သည်။ 

၁၉၈၈ခုနှစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(NUP) တည်ထောင်ခဲ့ပြီးနောက်တွင် ပါတီဝင်ဖြစ်လာခဲ့သည်။ သို့သော ၈၈ မတိုင်မီက ဦးချစ်လှိုင်၏ ရာထူးမှာ ဟောပြောသူ သို့မဟုတ် လူသိများသော ပညာရှင်တစ်ယောက်ဖြစ်ခဲ့ပြီး လွှမ်းမိုးနိုင်သော နိုင်ငံရေးသမားတစ်ဦးတော့မဟုတ်ခဲ့ပေ။ ဦးချစ်လှိုင်သည် အသက်၉၂ နှစ်အရွယ်တွင် ၂၀၁၈ခုနှစ် မတ်လ ၂၆ရက်နေ့တွင် ရန်ကုန်ဆေးရုံးကြီးတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။ 

သုံးသပ်ချက်

ခြုံငုံသုံးသပ်ရလျှင် ဦးချစ်လှိုင်သည် ကြော်ကြားသော အတွေးအခေါ်ပညာရှင် တစ်ယောက် ဖြစ်ခဲ့သော်လည်း လက်တွေ့သမားတော့ မဟုတ်ခဲ့ပေ။ သူ့ကိုယ်သူပြောခဲ့သော “ကျွန်တော်ကတော့ ကျွန်တော့ကိုပေးလာတဲ့တာဝန်ကို ကျေပွန်ခဲ့တာပဲ” ဆိုတဲ့အချက်လည်း မှားတော့မမှားခဲ့ပေ။  

မည်သို့ပင်ဆိုစေကာမူ ဦးချစ်လှိုင်သည် မျိုးဆက်သစ် အရာရှိများကို သင်ကြားလေ့ကျင့်ပေးခဲ့သူအဖြစ် မှတ်မိနေသင့်ပါသည်။ ထိုအထဲမှအချို့သူများသည် နောက်ပိုင်းတွင် သန်းရွှေ နိုင်ငံအကြီးအကဲအဖြစ်တာ ဝန်ယူချိန်တွင် ဝန်ကြီးများဖြစ်လာကြသည် ။ ၁၉၈၈ ကတည်းကမြန်မာနိုင်ငံတွင် ဆိုရှယ်လစ်ဝါဒကို နိုင်ငံရေးအတွေးအခေါ်တစ်ခုအဖြစ်အသိအမှတ်မပြုခဲ့ကြသော်လည်း မြန်မာနိုင်ငံရှိ အတန်းအစား တစ်ခုနှင့် တပ်မတော်တို့၏ စိတ်ထဲတွင်တော့ ဦးချစ်လှိုင်၏ အတွေးအခေါ်ယူဆချက်များ ရှင်သန်လျက်ရှိနေသေးသည်။

အကိုးအကားများ

Callahan, Mary P. 2003 Making enemies. War and state building in Burma. Ithaca [et.al.]: Cornell University Press, 2003.

Chit Hlaing 1963 The System of Correlation of Man and his Environment. The Philosophy of the Burma Socialist Programme Party.

Nakanishi, Yoshihiro 2013 Strong Soldiers, Failed Revolution. The State and Military in Burma. Singapore: NUS Press.

Taylor,  Robert H. 2015 General Ne Win. A Political Biography. Singapore ISEAS.

Walton, Matthew J. 2017 Buddhism, Politics and Political Thought in Myanmar. Cambridge: Cambridge University Press.

Zöllner, Hans-Bernd (Hrsg.) 2008 Myanmar literature project. Working paper number 10:10. Soe, Socialism and Chit Hlaing, Memories. Introduction by Robert H. Taylor.

Chit Hlaing (1926-2018) – A Pioneer of Burmese Socialism

Rodion Ebbighausen

Burmese Translation of this article

Introduction

Socialism is dead in Myanmar. Whoever wants to meet socialists in the country today, has to pay a visit to the headquarters of the National Unity Party in Yangon’s Bahan Township.

There, around a dusty yard with a flagpole, are some wooden barracks in which the party leadership defends what is left of socialism.

Party members include older men such as U Khin Maung Gyi, former Minister of Commerce under Ne Win and a leading member of the Burma Socialist Program Party (BSPP). When the Burmese’s journey toward socialism ended in 1988, the BSPP was also dissolved. The term „socialism“ vanished more and more from the political landscape.

U Khin Maung Gyi lost his post, his party and for the moment his political home. But in the 1990 elections, the socialists had regrouped in the NUP. The NUP was founded on October 12, 1988. Chit Hlaing, the theorist of Burmese socialism, became part of the Central Executive Committee. Therefore, the NUP can be seen as the direct successor party of the BSPP.

The NUP regards itself, as the former Minister of Trade explained during our meeting in 2013, as a party that is left of the center. Despite abandoning the planned economy model, the party in principle adheres to the socialist tradition of the BSPP. In 2013, U Khin Maung Gyi was still optimistic about the future. He hoped to score victory in the 2015 general elections and enter all the parliaments. But things didn’t turn out that way. In 2015, the NUP won only one seat in the House of Nationalities. Socialism in Myanmar and its last adherents will most likely disappear in the coming years. For most people, particularly the younger generations, socialism today is synonymous with an obsolete failed ideology.

Socialist and communist ideas have played a major role since Myanmar’s independence movement of the 1930s and 40s. The independence hero Aung San himself was a founding member of the nation’s first communist cell. His speeches and writings are full of socialist ideas and Marxist terminology.

Chit Hlaings Early Years

One of the most important thought leaders of the second generation of Burmese socialists was U Chit Hlaing. He was born on March 15, 1926, in the district of Katha. Katha is located on the upper reaches of the Irrawaddy in the Sagaing region. The just 16-year-old high school student joined the Burma Independence Army (BIA) in 1942 to fight against British colonial rule. After the expulsion of the British by the Japanese and reorganization of the BIA into the Burma Defense Army (BDA), he received a six-month officer training. During the occupation of Burma by the Japanese, he held the rank of sergeant.

In addition to his military education, Chit Hlaing, as a teenager, encountered communism and Marxism-Leninism. As a member of the Nagani Book Club, he also studied writings on left leaning nationalism. Chit Hlaing himself admitted that he was hugely influenced by Thakin Soe, who published the book Socialism in 1939, in which he first published texts by Marx, Engels, Lenin and others in Burmese language. Another influential figure was the socialist Thakin Tin Mya. Through his teachers, Chit Hlaing became a supporter of communism, joined the Burma Communist Party (BCP) and promoted communist cell members within the army.

At the start of his career, Chit Hlaing was in three camps, which would later go on to become bitter enemies. First, he was in the military, which cooperated with the Japanese under the leadership of Aung San. Second, he was among the communists, whose more radical representatives rejected cooperation with the Japanese military government. Third, he maintained good relations to Thakin Tin Mya’s socialists.

That he eventually opted for the camp of Aung San and his Anti-Fascist People’s Freedom League (AFPFL) rather than the Red Flag Communists of his teacher Thakin Soe may be due to a personal encounter with Aung San, whose charisma and pragmatism had held the independence movement together for years. After meeting Aung San sometime between 1942 and 1943, when Chit Hlaing worked as the messenger between Aung San, Thakhin Soe, and other communist leaders, Chit Hlaing had to correct his ideas: „I had thought he was a fanatic militarist. Now I could believe he was a democrat. I had thought he was an enemy of Marxism. Now I respected him as a bona fide and true socialist.”[1]

When Aung San broke with the communists in 1946, Chit Hlaing renounced – at least verbally – the communists who had committed themselves to a global revolution under the leadership of the Soviet Union. Within the AFPFL, he became a member of the Socialist Party (SP). He bet on socialist evolution instead of communist revolution. In his own words, he exchanged the red for a pink ideology. Together with like-minded people, he founded the People’s Literature Company, in which he translated numerous texts of figures like Marx and Mao, which he also commented on under the pseudonym Maung Chit Gyi (later he used the pen name Ko Ko Maung Gyi).

In August 1951, Chit Hlaing traveled to East Berlin as an AFPFL representative for an international youth congress. The congress’ sponsor was the Soviet Union. He then hoped to continue his studies in the Soviet Union, but Htun Shein, a member of the Burmese Communist Party (BCP), opposed Chit Hlaing’s attempt. One reason might have been that Chit Hlaing lacked genuine communist conviction. Finally, Chit Hlaing didn’t get the permission by the Communist Party of the Soviet Union (CPSU). Instead of Moscow, he landed in Paris, where he lived until 1955 and studied philosophy. According to his own account, Chit Hlaing largely renounced political activity during his time in Paris, fearing that he would attract the attention of the secret police and possibly lose access to French universities.

At the same time, he came into contact with new socialist ideas. Through a friend he became aware of the special path taken by Yugoslavia under Marshal Tito. The communist Tito had defied Stalin in 1948, without joining the Western camp during the Cold War. Instead, he was a leading representative of the Non-Aligned Movement, founded in 1961 in Belgrade. The Non-Aligned Movement and its predecessor the Bandung-States of 1955 have been well received in Burma. The example of Tito showed that there was not just orthodox communism, and that the Marxist-Leninism of the Soviet Union could be criticized.

With this new perspective, Chit Hlaing returned to Burma in 1955 against his will and at the request of Colonel Aung Gyi. Colonel Aung Gyi was one of the most important figures in post-colonial Burma. Together with Maung Maung he held the reins of leadership within the Tatmadaw in the 1950s.

On the request of Colonel Aung Gyi, Chit Hlaing became a member of the Directorate of Psychological Warfare (DPW), whose central tasks included the drafting of a military doctrine and anti-communist propaganda. The objectives should be achieved by training the officer corps, producing propaganda material such as pamphlets, radio broadcasts, etc.

Aims and Achievements

One of the first key documents Chit Hlaing wrote in his new role for the Tatmadaw under the guidance of Maung Maung was titled The National Ideology and the Role of the Defense Services. The document defined the relationship between Tatmadaw and politics. Task of the Tatmadaw is the defense of the state ideology. The state ideology, in turn, formulated the goals of peace, the rule of law, democracy and a socialist economic system.[2]

In addition to working for The National Ideology, Chit Hlaing was a diligent writer in the military-published magazine Myawaddy , which appeared since 1952 and had a circulation of 18,000 copies in 1956. In his articles, Chit Hlaing criticized Stalinism, the Communist Party of Burma (BCP) and developed the outlines of his own political philosophy namarupa wada. To do so, Chit Hlaing used traditional Buddhist terms and tried to give them a different or new meaning. Given the lack of not yet existing terms for core concepts of Marxism and Socialism a natural approach (Thakin Soe’s approach was quite similar).

Namarupa is a composite of the Pali terms namà and rupà. Namà stands for psychic in the broadest sense, rupá for physical. Chit Hlaing uses the word pair in a variation on „consciousness“ and „matter.“[3]

Wada, on the other hand, indicates that the phrase is an -ism (as in communism, capitalism). Namarupa is therefore an abstraction.[4]

In Chit Hlaying’s conception, Namarupa Wada was to lay a philosophical foundation for a future socialist state. His hope was to promote the unity of the country by mixing Marx’s materialism with Buddhist elements so that the new ideology would be acceptable to Buddhists as well. Namarupa Wada was decidedly anti-communist and nationalist. From the perspective of Western philosophy, Chit Hlaing’s philosophical concept was abstract and overly complex; a paper overloaded with jargon and ambiguous Pali terms, as Nakanishi criticizes.

At the end of 1957, Chit Hlaing took on a position as a lecturer in political thought at the Directorate of Psychological Warfare. He summarized his articles and his ideology in the handbook Ideology Critical for the Development of Human Nature and Democracy. These theoretical writings were, however, only ever known to a handful of officers or intellectuals.[5]

In the power struggles of the subsequent years, which fell in the same time period as the splitting of the AFPFL in 1957, within the Tatmadaw, the Socialists prevailed against the rather moderate representatives Aung Gyi and Maung Maung. However, Chit Hlaing played only a minor role in all of this. His big moment came only in March 1962 with the coup and the establishment of the Revolutionary Council (RC).

The new rulers lacked a political ideology. Ne Win quickly roped in Chit Hlaing and two of his comrades to work out the new ideology. Chit Hlaing was one of the few in the ranks of the military who had the necessary knowledge and writing skills. The ideology should also give the RC legitimacy. Ne Win called for an ideological superstructure that emphasized the special status of Burma and held the country in equidistance to the political blocs of the Cold War.[6]

That’s how Chit Hlaing got the opportunity to write the policy declaration for the RC (The Burmese Way to Socialism) and later the official ideology of the BSPP (The System of Correlation between Man and His Environment). In formulating the two ideological key texts of the Ne Win era, Chit Hlaing essentially drew on his preparatory work of the 1950s.

Main Work

When reading the texts, the mixture of Marxist terminology and theory with Buddhist beliefs and Pali vocabulary is striking. The System follows a step-by-step approach: First, the construction of nature is determined, then the nature of man, and finally, society.

The basic program begins with a description of the three worlds that make up nature as a whole: the material world, the living world, and finally what the text describes as phenomena. Phenomena are the processes and interactions between mind and matter. Chit Hlaing uses terms from the Buddhist tradition to define the three worlds. He uses terms like okasaloka (material world), sattaloka (animal world), „Law of Impermanence“ or the „Wheel of Change.“

Then man is identified as the crown of creation, the first mover and the measure of all things: „Man matters most.“ Man creates and transforms the social system, since he is an image of all three worlds. Man is finally defined as a social animal that knows both selfishness and altruism and shapes society.

In the section on the formation and laws of society, Chit Hlaing increasingly uses Marxist terminology. Capitalism is criticized, it is about productive forces and the laws of dialectical materialism, but without the use of this term. Chit Hlaing speaks of the dialectical method or the dialectical law that he defines with the Pali term Paticccsamuppada (the conditionality of all beings). The revolution also occurs. At the end of this section, he defines the philosophical program of the BSPP and six economic laws for the Burmese way to socialism.

It concludes with a reflection on the determining role of the workers in the new Burma and the role of the party or its behavior in its own ideology, which was expected to be neither complete nor conclusive with this program. The text outlines a kind of a Buddist-socialist utopia. Both texts were submitted to the RC. He let them pass without extensive changes.

The impact of the two policy texts is difficult to assess, but it was probably not very large, although Chit Hlaing, in retrospect, judges that the day the RC adopted The System was crucial to the country: „To my mind, April 25, 1962 was a landmark, a major turning point in the political history of Burma.“[7]

That the influence was not very large is due to the abstract nature of Chit Hlaing’s remarks. Even Colonel Khin Nyo, who was training at the DPW, said of the philosophical foundations of Burmese socialism: „As for me, I must admit, I cannot understand how or why mind and matter are related to politics.”[8] When even an insider couldn’t understand the connections, it is to be assumed that the general population, to whom the text of The System was broadcast via radio on January 17, 1963, would not have become much wiser by it. Maybe it was not about the content, as Nakanishi suspects. „The establishment of a state ideology is more significant than its content.“[9]

Former President Dr. Ba Maw published a commentary in the British newspaper The Guardian on January 23, 1963, in which he rubs his finger on the wound: „Basically, the [Revolutionary] Council has done the right thing. But what, as I see it, is wrong about this is that the common error has been repeated of confusing race with religion and religion with society, and so turning religio-metaphysical speculations into social truths and laws. In this way, a social philosophy based upon laws and conditions which are continually changing has been kept tied to religious dogmas which claim to be absolute and unchanging and go centuries back to an age immeasurably different from today.“[10] A problem which is virulent down to the present day.

The fundamental texts of the socialist era are hardly comprehensible and often operate with contradictory concepts and ideas. One major issue is the fact that ideology and religion are different. Nevertheless, Chit Hlaing tried to reconcile incommensurate thoughts, religious beliefs and terms on the one hand, and ideology on the other, but Marxism and Buddhism have no common denominator. In the end, nothing remains but an accumulation of supposedly profound concepts that stand side by side without a mental connection.

The conceptual blurring of the basic program does not provide a comprehensive explanation for the collapse of socialism in Myanmar; but it is at least an indication that there was a lack of clarity and consistency even at the beginning of the social experiment.

The elaboration of the socialist principles was the culmination and at the same time the last highlight in Chit Hlaing’s career. He was no longer responsible for translating his theory into concrete politics. The next eight years Chit Hlaing spent as a lecturer for party cadres, before he left the BSPP in 1970 and retired in 1971.

He became once again member of a political party after the National Unity Party (NUP) in 1988 was formed to replace the BSPP in the next elections. But his role in post-88 Burma was that of a commentator and well respected intellectual and not that of an influential politician. He died of natural causes on March 26, 2018 in Yangon General Hospital – aged 92.[11]

Assessment

Overall, Chit Hlaing can be said to have been an influential theorist but not a doer.  Insofar perhaps it is not entirely wrong what he says about himself: „On my part, I had only to accept the duty entrusted upon me.“[12]

However, it should be remembered that Chit Hlaing educated and trained generations of officers, some of whom later went on to even become ministers or in the case of Than Shwe heads of state. Although socialism in Myanmar has been discredited as a political ideology and within the party landscape since 1988, Chit Hlaing’s philosophical ideas continue to thrive in the minds of Myanmar’s elites and military.

Notes

[1] Quoted from Nakanishi (2013), 64 f.

[2] In terms of content and form, The National Ideology remained very close to the constitution of 1947. Yoshihiro Nakanishi sees in the document, contrary to the prevailing interpretation, less the claim of the military to dominate the political agenda of the country (Nakanishis 2013, p. 76). It’s more of an attempt to create a loyal, united and centralized military. At that time, Chit Hlaing argued that officers of the army should engage in politics but stay as far removed from party politics as possible. The slogan of the military was understood to be something like: understand politics but don’t engage in politics.

[3] Nakanishi (2013), 80.

[4] Walton (2017), 27.

[5] Nakanishi (2013), 84.

[6] Taylor (2016).

[7] Working Paper 10, 146.

[8] Working Paper 10, 153.

[9] Nakanishi (2013), 96.

[10] The Guardian, 23 January 1963; quoters after Nakanishi (2013), 62 f.

[11] See Obituary: „Obituary: Junta Insider Dies at 92“, The Irrawaddy, March 26, 2018,  https://www.irrawaddy.com/news/burma/obituary-junta-insider-dies-92.html. Accessed October 23, 2018.

[12] Working Paper 10, 125.

Sources

Callahan, Mary P. 2003 Making enemies. War and state building in Burma. Ithaca [et.al.]: Cornell University Press, 2003.

Chit Hlaing 1963 The System of Correlation of Man and his Environment. The Philosophy of the Burma Socialist Programme Party.

Nakanishi, Yoshihiro 2013 Strong Soldiers, Failed Revolution. The State and Military in Burma. Singapore: NUS Press.

Taylor,  Robert H. 2015 General Ne Win. A Political Biography. Singapore ISEAS.

Walton, Matthew J. 2017 Buddhism, Politics and Political Thought in Myanmar. Cambridge: Cambridge University Press.

Zöllner, Hans-Bernd (Hrsg.) 2008 Myanmar literature project. Working paper number 10:10. Soe, Socialism and Chit Hlaing, Memories. Introduction by Robert H. Taylor.