မြန်မာ့သမိုင်းပညာရှင်ဆရာမကြီးဒေါ်ကြန် (၁၉၁၈-၂ဝ၁၉)

ဘာသာပြန်သူ
ဒေါက်တာသင်းသင်းအေး
ဒေါ်ပိုးအိဖြူ

English version of this biography

နိဒါန်း

ဒေါ်ကြန်သည် လူသိများထင်ရှားသော သမိုင်းပညာရှင်တစ်ဦးဖြစ်သည်။ သူဘဝ၏အချိန် အများစုကို  မြန်မာ့သမိုင်းနှင့်ပတ်သက်၍ သုတေသနပြုလုပ်ရန်နှစ်မြှုပ်ထားခဲ့သည်။ ၁၉၆ဝ ပြည့်လွန် နှစ် များမှစ၍ သမိုင်းဘာသာရပ်နှင့်ပတ်သက်သော စာအုပ်စာတမ်းများ၊ ဆောင်းပါးများကို ရေးသားခဲ့ပြီး သုတေသနကိုစိတ်ဝင်စားသောလူငယ်ပညာရှင်များကိုလည်းမွေးထုတ်ပေးခဲ့သည်။ ကလောင် အမည်မှာ မကြန်ဖြစ်သည်။ တစ်ခါတစ်ရံသူမ၏ အမည်ရင်း ဒေါ်ကြန်ကို ကလောင် အမည် အဖြစ် အသုံးပြုသည်။

ဒေါ်ကြန်သည် သုတေသနစာတမ်းများကိုရေးသားပြုစုရာတွင် သမိုင်းပညာရှင် တစ်ဦး အနေဖြင့် ရရှိသော သက်သေအထောက်အထားများကိုအနီးစပ်ဆုံးရေးသားခြင်း၊ သမိုင်းကြောင်း တိကျမှန်ကန်မှု ကို အလေးထားခြင်း၊ သုတေသနဆိုင်ရာအချက်အလက်အတွက် ခိုင်မာသော ယူဆချက်များကို စေ့စေ့စပ်စပ်  ပြင်ဆင်ရေးသားခဲ့သည်။ စာအုပ်အမြောက်အများကို လည်းစု ဆောင်း တည်းဖြတ်ခဲ့ သည်။၎င်းတို့မှာ မြန်မာ့ စွယ်စုံကျမ်းနှင့် အင်္ဂလိပ်-မြန်မာ အဘိဓာန်တို့ ဖြစ်သည်။

ဒေါ်ကြန်သည်    ၂ဝဝ၂ခုနှစ် မှ ၂ဝဝ၅ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ပါရဂူဘွဲ့ သင်တန်း၏ ဦးစီးကော်မတီဝင်တစ်ဦးဖြစ်ခဲ့သည်။ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်၊ ရည်ညွန်းကျမ်းစီစဉ်ရေးကော်မတီအဖွဲ့ဝင်၊ ထွန်းဖောင်ဒေးရှင်း အဘိဓာန်ပြုစုရေး အဖွဲ့ဝင်နှင့် ပခုက္ကူဦးအုန်းဖေစာပေဆုရွေးချယ်ရေး ကော်မတီဝင်လည်းဖြစ်သည်။ သူ၏ နောက်ဆုံး နေ့ရက်တိုင်မြန်မာစာအဖွဲ့၏အချိန်ပြည့်အဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ဘဝ တစ်လျှောက် လုံး နိုင်ငံ၏ သမိုင်းဝင်အမွေအနှစ်များကိုထိန်းသိမ်းရန်နှင့် သမိုင်းတန်ဖိုးကို လူငယ်ကျောင်းသား၊ ကျောင်းသူများအား သိရှိစေရန် မမောနိုင်မပန်းနိုင်အလုပ်လုပ်ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်မှ စတင်၍ စာရေးသူ (ဒေါက်တာသင်းသင်းအေး၊ ပါမောက္ခ၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်)သည် ပါရဂူကျမ်း ပြုစုသူအနေဖြင့် ဆရာမကြီးနှင့်တွေ့ဆုံခဲ့သည်။ ၂ဝဝ၅ခုနှစ်တွင် စာရေးသူသည် ဒေါ်ကြန်၏ ကြီးကြပ်မှုအောက်တွင် ပါရဂူဘွဲ့ကိုရရှိခဲ့သည်။

My Kyan as graduate

အတ္ထုပ္ပတိ

ဒေါ်ကြန်ကို ၁၉၁၈ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ဦးကျော်ထွန်းဖြစ်ပြီး ကိုလိုနီခေတ်က သံတွဲမြို့၏ ကျန်းမာရေး ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မိခင်မှာ ဒေါ်ငွေနှင်းဖြစ်သည်။ အသက် (၉) နှစ်အရွယ် တွင် ဖခင်ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် ငယ်စဉ်ကလေးဘဝကို မိခင်နှင့်အတူ   ဖြတ်သန်းခဲ့ရသည်။ မွေးချင်း မောင်နှမ (၄)ယောက်တွင် အကြီးဆုံးဖြစ်သည်။ သူ၏မောင်နှမများသည် ဒေါ်ကြန်သည် ကဲ့သို့ပင် ပညာရေးတွင် ထူးချွန်ပြီး  စာပေ မြတ်နိုးသူများဖြစ်ကြသည်။

ဒေါ်ကြန်သည် ၁၉၃၅ခုနှစ်တွင် သံတွဲမြို့ အစိုးရ  အထက်တန်းကျောင်း အထက်တန်း စာမေးပွဲ ကိုအောင်မြင်ခဲ့ပြီး ယင်းကျောင်းတွင် အလယ်တန်းပြ ဆရာမအဖြစ် ခေတ္တ လုပ်ကိုင်ခဲ့ သည်။ နောက်ပိုင်း တွင် ရခိုင်ပြည်နယ်ရှိ သံတွဲစာတိုက်နှင့် စစ်တွေစာတိုက်တွင်လည်း အထက်တန်း စာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၅၁ခုနှစ် အသက် (၃၂)နှစ်တွင် ရန်ကုန် တက္ကသိုလ်တွင် ပညာဆက်လက် သင်ကြားခဲ့ပြီး ၁၉၅၄ ခုနှစ်တွင်ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။   ၁၉၅၉ခုနှစ်တွင် သမိုင်း ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။  မဟာဝိဇ္ဇာကျမ်းပြုစုနေစဉ် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနတွင် အချိန်ပိုင်းနည်းပြ အဖြစ် (၂)နှစ် ခန့်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၆ခုနှစ်တွင် မြန်မာ့သမိုင်း ကော်မရှင် (သမိုင်းသုတေသန) တွင် သုတေသနအရာရှိအဖြစ် ခန့်အပ်ခြင်းခံရသည်။

Daw Kyan in London

၁၉၅၇ခုနှစ်တွင် ဒေါ်ကြန်အား မြန်မာ့သမိုင်းနှင့်ပက်သက်သော အထောက်အထားများကို စုဆောင်းရန်  လန်ဒန်တက္က္ကသိုလ်၊ အရှေ့တိုင်းနှင့်အာဖရိကလေ့လာရေးကျောင်းသို့ စေလွတ်ခဲ့သည်။ ဒေါ်ကြန်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေး၊ အခွန်၊ ရဲ နှင့် ပညာရေးဆိုင်ရာမှတ်တမ်းများ၊ ၁၈၇၂၊ ၁၈၈၁၊ ၁၈၉၁ခုနှစ် သန်းခေါင် စာရင်းအစီရင်ခံစာများ၊ ပြည်ထဲရေးဌာန၏မှတ်တမ်းများ၊ မြန်မာနိုင်ငံပြန်တမ်းများ ၊ ကိုလိုနီခေတ်နှင့် သက်ဆိုင်သောအရေးကြီးသောစာရွက်စာတမ်းများ ၊ ကိုလိုနီခေတ် မြန်မာနိုင်ငံ အကြောင်း မိုက်ခရိုဖလင်ဖြင့် ရိုက်ကူးထားသောမှတ်တမ်းများကိုစုဆောင်းနိုင်ခဲ့သည်။ ရှားပါးမြန်မာ ပုရပိုက်များ၊ ရှေးဟောင်းသမိုင်းမှတ်တမ်းပေစာများအပါအဝင် ၁၉ဝဝ ပြည့်နှစ်အထိမှတ်တမ်း တင်ထားသော ဗြိတိသျှအစိုးရ၏ မူဝါဒဆိုင်ရာအထောက်အထားများကို မိုက်ခရိုဖရင်ဖြင့် ကူးယူ လာနိုင်ခဲ့သည်။ အလားတူ ဗိုလ်မှူးကြီး အီး၊ ဘီ၊စလေဒင် နှင့် ဗိုလ်မှူးဟင်နရီဘာနေးတို့၏ သမိုင်းဆိုင်ရာ မှတ်တမ်း များကိုလည်းကူးယူလာခဲ့ သည်။

မြန်မာ့သမိုင်းကော်မရှင်သည် ဘာသာရပ်အမျိုးမျိုးအတွက် မြန်မာနှင့် နိုင်ငံခြားသုတေသန ပညာရှင်များ ရေးသားသော သုတေသနစာစောင်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယင်းစာစောင်သည် ယခင်က ထုတ်ဝေခဲ့သော မြန်မာနိုင်ငံသုတေသနအသင်း၏ဂျာနယ်နှင့်ပုံစံတူသည်။ ယင်းသုတေသန စာစောင်သည် တစ်နှစ်လျှင်(၂)ကြိမ် ထုတ်ဝေသည်။ ၁၉၆ဝခုနှစ်၊ ဇွန်လတွင် ပထမတွဲ (အပိုင်း-၁)ကို ထုတ်ဝေခဲ့ပြီး ထိုနှစ်ဒီဇင်ဘာလတွင် ပထမတွဲ (အပိုင်း-၂)ကို ထုတ်ဝေခဲ့သည်။ ထို့နောက် သုတေသနစာစောင် ကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ရာ ဖွဲ့စည်းပုံအသစ်အရ ဒေါ်ကြန်သည် အဖွဲ့ဝင်အသစ်ဖြစ်လာခဲ့သည်။ ၁၉၆၂ခုနှစ်တွင် မြန်မာ့သမိုင်းကော်မရှင်ကို မြန်မာ့သမိုင်းဌာနဟု ပြောင်းလဲခေါ်ခဲ့ပြီးနောက် မြန်မာ့သမိုင်းကော်မရှင်၏စာစောင်ထုတ်ဝေခြင်းကိုရပ်နားလိုက်သည်။

Doing fieldwork

ဒေါ်ကြန်သည် ၁၉၆၃ ခုနှစ်တွင် အကြီးတန်းသုတေသနအရာရှိ အဖြစ်ရာထူူးတိုးမြှင့်ခြင်း ခံရသည်။  သုတေသနစာတမ်းများကို ဆက်လက်ရေးသားခဲ့ပြီး သူ၏သုတေသနစာတမ်းများကို ကန်သာ စိမ်းလဲ့၊ ဂန္ဒီဟောနှင့် စာပေဗိမာန်တို့၌မြန်မာသုတေသနအသင်းက ကျင်းပသော ဆွေးနွေးပွဲ များ တွင်တင်ပြခဲ့ သည်။

၁၉၇၇ခုနှစ်တွင် သြစတြေးလျနိုင်ငံ၏ယဉ်ကျေးမှုဆိုင်ရာဆုချီးမြှင့်ခြင်း အစီအစဉ်အရ ဒေါ်ကြန် သည် သြစတြေးလျနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။ ၁၉၇၈ခုနှစ် အသက်(၆ဝ)တွင် မြန်မာ့ သမိုင်းသုတေသနဌာနမှ အငြိမ်းစားယူခဲ့ပြီး ထိုဌာနမှာပင် ၁၉၈၄ခုနှစ် အထိ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၈၆ မှ ၁၉၉၁ အထိ အမှတ်( ၁ ) စက်မှုဝန်ကြီး ဌာန၏ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခ့ဲပြီး ဦမြန်မာနိုင်ငံစက်မှု လက်မှုသမိုင်း အတွဲ (၆) တွဲဲ ကို သုတေသနပြုလုပ်နိုင်ခဲ့ခြင်းမှာလည်း သူ၏အောင်မြင်မှု တစ်ခုဖြစ် သည်။ ၁၉၉၁ခုနှစ်မှစတင်၍ ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာစာအဖွဲ့တွင် အချိန်ပြည့် အဖွဲ့ဝင် အဖြစ်ကွယ်လွန်ချိန်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ခုနှစ်တွင် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရန် အမျိုးသား လွတ်တော်၏ ကိုယ်စားလှယ်ဖြစ်ခဲ့သည်။

ရည်ရွယ်ချက် နှင့် အောင်မြင်မှုများ

ဒေါ်ကြန်သည် သမိုင်းဆိုင်ရာစာအုပ်စာတမ်းများ၊ ဂျာနယ်များကိုရေးသားဖြန့်ဝေခဲ့သည်။ သမိုင်းမှတ်တမ်းများ၊ အထောက်အထားများကို နှံနှံစပ်စပ်လေ့လာသူုဖြစ်သည်။ထို့ကြောင့် သူ၏ စာအုပ်စာတမ်းများမှာ ကျောင်းသားများနှင့် စာဖတ်သူများအတွက် အကျိုးများစွာ ရရှိခဲ့သည်။ ထို့အပြင် တစ်သက်တာစာပေဆုနှင့်အမျိုးသားစာပေဆု (၅) ဆုကိုလည်းရရှိခဲ့သည်။ ၂ဝဝ၄ခုနှစ်တွင် ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာစာပေဆု၊ ၂ဝဝ၆ခုနှစ်တွင်ဝိဇ္ဇာပညာထူးချွန်ဆု (ပထမအဆင့်)၊ ၂ဝဝ၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆု၊ ၂ဝဝ၃၊၂ဝဝ၅၊ ၂ဝဝ၇ခုနှစ် များ၏ ထူးချွန်အမိျုးသမီးများဆုနှင့် ၂ဝ၁၂ခုနှစ်တွင် နိုင်ငံတော်သမ္မတကချီးမြှင့်သော စည်သူ ဘွဲ့ကိုရရှိခဲ့သည်။ ထွန်းဆုချီးမြှင့်ခြင်း ခံရချိန်တွင် Dr. Lilian Handlin  တက်ရောက်ခဲ့ပြီး ပရိတ်သတ်၏ရက်ရောသော တုံ့ပြန်မှုကို အမြဲအမှတ်ရနေ ကြောင်းပြောပြလေ့ရှိသည်။

Daw Kyan with senior historians Dr. Khin Maung Nyunt (left), Dr. Toe Hla (standing), and Dr. Kyaw Win (right) at the ceremony of Centennial Daw Kyan)

ဒေါ်ကြန်၏ ၁၈၈၅ခုနှစ်မှ ၁၈၈၆ခုနှစ်အတွင်း မြန်မာနိုင်ငံအခြေအနေ စာအုပ်သည် ၁၉၇၈ ခုနှစ် တွင် အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆု ရရှိခဲ့သည်။ ချီးမြှင့်ခြင်းခံရချိန်တွင် ဒေါ်ကြန် သည် မြန်မာသမိုင်းသုတေသနတွင် အကြီးတန်းသုတေသန အရာရှိအဖြစ် အမှုထမ်းနေစဉ်ဖြစ်သည်။ ၎င်းစာအုပ်သည် ကိုလိုနီခေတ်အစောပိုင်းကာလကိုသုတေသနပြုထားသော စာအုပ်ဖြစ်သည်။ ရှားပါးသောပေစာ အထောက်အထားများနှင့် ပုရပိုက်လက်ရေးမူများကို ကိုးကား၍ ကုန်းဘောင် မင်းဆက်၏ အခြေ အနေများကို အသေးစိတ်သုတေသန ပြုလုပ်ထားသည်။ စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးရှု့ထောင့် အမျိုးမျိုးမှ မြန်မာနိုင်ငံအခြေအနေကိုအသေးစိတ်လေ့လာတင်ပြထားသည်။။

၁၉၇၆ခုနှစ်တွင် ဒေါ်ကြန်၊ဒေါက်တာရီရီနှင့်သမိုင်းသုတေသီ ၆ ဦးပါဝင်သောသုတေသနအဖွဲ့ သည် ရွေတိဂုံဘုရားမှ ကြေးအုတ်ပေါင်း (၅၉၆၂) တွင်ပါရှိသော ကျောက်စာများကို ကူးယူ၍ သုတေသန ပြုလုပ်ခဲ့သည်။ ကျောက်စာကူးယူခြင်းနှင့် ကျောက်စာတွင်ရေးထိုးထားသောစာများကို အဓိပ္ပာယ် ဖွင့််ဆိုခြင်းလုပ်ငန်းလုပ်ဆောင်ရန် (၆) လခန့်ကြာမြင့်ခဲ့သည်။ ယင်းကြေးအုတ်များသည်  ၁၈၇၁ခုနှစ် ရွေတိဂုံစေတီတော်ကြီးကို မင်းတုန်းမင်းထီးတော်သစ် မတင်မီက  ပြည်သူများ လှူဒါန်းခဲ့သော ကြေးအုတ် များဖြစ်သည်။ ၁၈၆၉ခုနှစ် ရက်စွဲပါကြေးနီအုတ်များကို လှူဒါန်း သူများသည် လူတန်းစား အမျိုးမျိုးမှ ဖြစ်ကြသည်။ အများအားဖြင့်  အောက်မြန်မာပြည်မှဖြစ်သည်။ ကျောက်စာများမှ အလှူရှင်များ၏အမည်များနှင့် ၎င်းတို့၏မိသားစုများ၊ ကျေးရွာအမည်များ၊ အသက်မွေးဝမ်းကျောင်းမှုများ၊ ယုံကြည်မှုများနှင့် လူမှုရေးအခြေအနေများ၊ ကြေးနီပြား၏ အလေးချိန်နှင့်တန်ဖိုး၊ အလှူရှင်များ ၏စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ ရှုထောင့်များကို လေ့လာ တွေ့ရှိခဲ့သည်။ ဤတွေ့ရှိချက်များကို အခြေခံ၍ ဒေါ်ကြန်နှင့် ဒေါက်တာရီရီတို့က သုတေသန ပြုလုပ်ပြီး ရလဒ်အနေဖြင့် ၁၉၇၇ခုနှစ်တွင် စာတမ်း(၂)စောင် ဖတ်ကြားခဲ့သည်။   ဖတ်ကြားပြီး စာတမ်းများပြင်ဆင်ခြင်း၊ တည်းဖြတ်ခြင်းများပြုလုပ်ပြီးနောက် ပုံနှိပ် ထုတ်ဝေရန် စီစဉ်ခဲ့သည်။

သမိုင်းရှာပုံတော်ခရီးနှင့်အခြားစာတမ်းများ စာအုပ်သည် ၂ဝဝ၂ခုနှစ်တွင် အမျိုးသား စာပေ(သုတဝိဇ္ဇာ)ဆု ချီးမြှင့်ခြင်းခံရသည်။ ဤစာအုပ်တွင် သုတေသနဂျာနယ်များနှင့် မဂ္ဂဇင်းများတွင် သူမကိုယ်တိုင်သူတေသနပြုရေးသားထုတ်ဝေခဲ့သည့် သမိုင်းဆိုင်ရာဆောင်းပါး ၅ဝ ပါဝင်သည်။ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်နှင့် ဂျပန်ခေတ်ကာလ မြန်မာနိုင်ငံ သမိုင်းကြောင်းကို ဖော်ပြထားသည်။

မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး(၁၈၈၆-၁၈၉၇)  စာအုပ်သည် ၂ဝဝ၃ခုနှစ်တွင် အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆု ရရှိခဲ့သည်။ ဤစာအုပ်တွင် ၁၈၈၅ခုနှစ် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲပြီး  ဗြိတိသျှတို့ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြိးနောက် ဗြိတိသျှ အစိုးရသည် မြန်မာနိုင်ငံ ငြိမ်ဝပ် ပိပြားရေးအတွက် ၁၈၈၅ မှ ၁၈၉၇ခုနှစ်အထိ မဟာဝန်ရှင်တော်  မင်းကြီး အုပ်ချုပ်ရေးကို အကောင် အထည်ဖေါ်ခဲ့သည်။ မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး အောက်ရှိ တရားရေးနှင့် ဝင်ငွေခွန်စနစ်များကို  လေ့လာခြင်းအားဖြင့်  ကိုလိုနီ အုပ်ချုပ်ရေးသည် ဒေသခံလူထုအပေါ်တွင် မည်သို့ သက်ရောက်မှုရှိပြီး ကိုလိုနီအာဏာပိုင်များသည် မည်သို့မည်ပုံ အုပ်ချုပ်ရန်မျှော်လင့်ခဲ့ ကြောင်းကို တင်ြပထားသည်။

ကိုလိုနီခေတ်ဦးကျေးရွာအုပ်ချုပ်ရေး (၁၈၈၆-၁၈၉၇)  စာအုပ်သည် ၂ဝဝ၅ခုနှစ်တွင် အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။ ဤစာအုပ်သည် ကိုလိုနီ ခေတ်ဦးကာလ ဗြိတိသျှတို့ပြဌာန်းခဲ့သည့် အထက်မြန်မာပြည်ကျေးရွာစည်းမျဉ်းဥပဒေနှင့် အောက်မြန်မာပြည် ကျေးရွာအက်ဥပဒေတို့ကို ဗြိတိသျှတို့၏ မှတ်တမ်းမှတ်ရာ၊ အစီရင်ခံစာ၊ ကြေငြာချက်၊ ပြန်တမ်း၊ စသည်တို့ပါမကျန်ခိုင်လုံပြည့်စုံသော အထောက်အထားများဖြင့် မှီငြမ်း ပြုစုထားပါသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် သမိုင်းရေးရာသုတဝိဇ္ဇာကိစ္စများအပြင် ကိုလိုနီခေတ်ဦး ရုံးသုံးစာပေအရေးအသား၊ အသုံးအနှုန်းတို့ကိုပါ သိရှိနိိုင်သည်။ မြန်မာ့အစဉ်အလာနှင့်ကျေးရွာထုံးထမ်း များကို ဥပဒေ ပြဌာန်းပေးခြင်း မဟုတ်ဘဲ ကိုလိုနီခေတ်ဦး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု ကိုနှိပ်ကွပ်ရန် ပြဌာန်းကျင့်သုံးခဲ့၍ ကိုလိုနီခေတ်ဦး ကျေးရွာအုပ်ချုပ်ရေး ပျက်ယွင်းနေပုံ ကိုမီးမောင်းထိုးပြ ထားသည်။ အခြားတစ်ဖက်တွင်မူ ဗြိတိသျှနယ်ချဲ့ ဝါဒမှတစ်ဆင့် တိုင်းပြည်ကို ကမ္ဘာ့စီးပွားရေး စနစ်သို့ရောက်အောင်   ပိုမိုခေတ်မီသောအမြင်များ၊ ဓလေ့ထုံးတမ်းများကို လက်တွေ့ လုပ်ဆောင်ရန် တွန်းအားပေးခဲ့သည်။

ကုန်းဘောင်ခေတ်အခွန်တော်ရေးရာ စာအုပ်သည် ၂ဝဝ၉ခုနှစ်တွင် အမျိုးသား စာပေ (သုတဝိဇ္ဇာ)ဆု ချီးမြှင့်ခြင်းခံရသည်။ သက်ဦးဆံပိုင်ဘုရင်သည် ပြည်သူများထံမှ အခွန်ကောက်ခံရ သည်။ ပြည်သူများသည် အစိုးရထံဝင်ငွေခွန်ပေးဆောင်ရန် တာဝန်ရှိသည်။ ရရှိသည့်  အခွန်ငွေတို့ကို အခွန်ထမ်းပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး၊  လူမှုဖူလုံရေး၊ မင်းမှုထမ်းများ ခန့်ထားရေး၊ စသည်ဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးစီးပွားအတွက် ကုန်ကျစရိတ်ကို ဤဝင်ငွေခွန်များမှ ကျခံရသည်။ မင်းတုန်းမင်းလက်ထက်မတိုင်မီက အခွန်စည်းကြပ်သည့်စနစ်မရှိခဲ့ပါ။ မင်းတုန်းမင်း သည် သသမေဓခွန် ကောက်ခံသည့်စနစ်ကို စတင်ခဲ့သည်။ အိမ်ဆယ်အိမ် ၏အုပ်စုတိုင်း သည်  နှစ်စဉ် ရူပီ ၁ဝဝကို သသမေဓခွန်အဖြစ် ပေးဆောင်ရသည်။ သို့သော် အိမ်ထောင်စုတစ်ခုစီသည် တူညီသောငွေပမာဏကို ပေးရခြင်းမဟုတ်ဘဲ ချမ်းသာသောသူများကပိုပေးကြသည်။ အိမ်တစ်အိမ် ဆီကပေးရမည့်ငွေကိုကျေးရွာခေါင်းဆောင်များ (သို့မဟုတ်) အိမ်ထောင်စု ဆယ်အိမ်စု၏ ခေါင်းဆောင်များက ဆုံးဖြတ်ပေးရသည်။ ဒေါ်ကြန်သည် ဤစာအုပ်ထဲတွင် အခွန်တော် ထမ်းရသူ၊ အခွန်တော်လွတ်ငြိမ်းခွင့်ရသူ၊ အခွန်တော်အမျိုးမျိုး၊ အခွန်နှင့် ပက်သက်၍ ဝေါဟာရအမျိုးမျိုး၊ ခေတ်အလိုက်တွင်ကျယ်ခဲ့ပုံ တို့ကို ပါ ဖော်ထုတ်ခဲ့သည်။

With Lilian Handin (Northern Illinois University) and the author

ပြန်လည်သုံးသပ်ခြင်း

ဒေါ်ကြန်သည် ၂ဝ၁၉ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ သူသည် သမိုင်းပညာရှင်တစ်ဦးဖြစ်သလို မြန်မာစာအဖွဲ့၏ အဖွဲ့ဝင်လည်းဖြစ်သည်။ ပါဠိ၊ မြန်မာစာ၊ အင်္ဂလိပ်စာ နှင့် သမိုင်းဘာသာရပ်တို့တွင် ကျွမ်းကျင်သည်။ သူ၏စာအုပ်များသည် မူရင်း အထောက် အထားများကို ကိုးကားသည်။ ထို့ပြင် ရှေးဟောင်းစာပေများတွင် အသုံးပြုသော ဝေါဟာရများကို ရှင်းလင်းဖေါ်ပြသည်။ သူသည် ဖြောင့်မတ်တည်ကြည်ပြီး တိကျသောသူဖြစ်သည်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ဘဝကို ရှင်သန်ခဲ့ပြီးမှန်ကန်သည်ဟု ယုံကြည်သောအရာများအတွက် မကြာခဏ တိုက်ပွဲဝင်လေ့ရှိသော ကြံ့ခိုင်သောအမျိုးသမီးတစ်ဦးဖြစ်သည်။ စာပေများ ပုံနှိပ်ထုတ်ဝေ ရာတွင်လည်းကောင်း၊  စာပေရေးသားရာတွင်လည်းကောင်း အလွန်စေ့စပ်သေချာသူဖြစ်သည်။ တွေ့ရှိချက်များကို သက်သေအထောက်အထား မှန်ကန်စွာသမိုင်းသက်သေပြခဲ့သူဖြစ်သည်။ သူမသည် စာဖတ်ရာတွင် အမြဲစေ့စေ့စပ်စပ်နှင့် ဂရုတစိုက် ဖတ်သူဖြစ်ပြီး ငယ်ရွယ်သူ ပညာရှင်များကိုလည်း ရက်ရက်ရောရောဖြင့် အကြံဥာဏ်နှင့် အကူအညီများ ပေးသူဖြစ်သည်။ ဗန်းစကား များကို လက်ခံရန် ငြင်းဆန်သည်။ အတိတ်ကို ၎င်း၏ကိုယ်ပိုင် သတ်မှတ်ချက်များဖြင့် ပြန်လည် ကောင်းမွန်လာ နိုင်သည်ဟု ယုံကြည်သည်။ ပုဂ္ဂိုလ်ရေးထင်မြင်ချက်များ (သို့မဟုတ်) နိုင်ငံရေးအမြင်များသည် လူတစ်ယောက်၏ ပညာအရည်အသွေးအပေါ်သို့ မဆုံးဖြတ် သင့်ကြောင့်ယူဆခဲ့သည်။ သမိုင်းဆိုင်ရာ သုတေသန စာတမ်းများပြုစုခြင်းနှင့် တည်းဖြတ်ခြင်းအတွက် ကြီးမားသောပံ့ပိုးမှုများပေးခဲ့သူ လည်းဖြစ်သည်။ တိုင်းပြည်အတွက်သာမကကျောင်းသားများနှင့် စာဖတ်သူများအတွက် တန်ဖိုး မဖြတ်နိုင်သည့် ပညာရှင်တစ်ဦးဖြစ်သည်။ သူမက တိုင်းပြည်တွင်ရှည်လျားပြီး မတည်ငြိမ်သော သမိုင်းကြောင်းရှိခဲ့ ကြောင်း၊ လက်ရှိပြသနာများကို ထိုသမိုင်းကြောင်းမှ အမြဲအသိပေးခဲ့သည်ဟု အားလုံးကို သတိပေး ခဲ့သည်။ ပစ္စုပ္ပန်ကိုနားလည်ရန်၊ လက်ရှိအကြောင်းအရာများထက် ကျော်လွန်၍ တိုးတက်ရန်၊ အတိတ်နှင့်ပတ်သက်သော အသိပညာသည် မရှိမဖြစ်လိုအပ်ကြောင်းကို လည်းပြောခဲ့သည်။ တစ်နည်းအားဖြင့် ဒေါ်ကြန်သည် ပြည်သူများရှေ့မှောက်တွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့သည့် သက်ရှည်သမိုင်းပညာရှင်ဖြစ်ခဲ့သည်။ သူ၏ မြန်မာ့သမိုင်း အရေးအသားများသည်ယနေ့ထက်တိုင် ခေတ်မီနေဆဲဖြစ်သည်။

Schreibe einen Kommentar

Deine E-Mail-Adresse wird nicht veröffentlicht. Erforderliche Felder sind mit * markiert